By သီဟကိုကို, Shweproperty.com
Updated at 21 August 2013
အိမ်၊ ခြံ၊ မြေများ ဝယ်ယူရောင်းချရာတွင် ကောက်ခံနေသော အခွန်နှုန်းထားများ ပြင် ဆင်ပြောင်းလဲရန် မရှိကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာ လင်း အောင်က ပြောသည်။
အိမ်ခြံမြေ တံဆိပ်ခေါင်းခွန် ငါးရာခိုင် နှုန်းနှင့် ခုနစ်ရာခိုင်နှုန်းတို့မှာ ယခင်ကာလ တွင် ဈေးနှုန်းမများသော်လည်း လက်ရှိကာ လတွင် ဖြစ်ပေါ်နေသော ပေါက်ဈေးများ ကြောင့် လျော့ချသင့်ကြောင်း၊ ရေဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ် တော်တွင် တင်ပြခြင်းကို ပြန်လည်ဖြေရှင်းခြင်း ဖြစ်သည်။
သို့သော် ဒုတိယဝန်ကြီးက အိမ်၊ ခြံ၊ မြေ များ ဝယ်ယူရောင်းချသည့် အပေါ်တွင် ကောက် ခံလျက်ရှိသော အခွန်နှုန်းထားများ ၂ဝ၁၂ ခုနှစ်အတွင်း ခေတ်နှင့် လျော်ညီစွာ ပြင်ဆင် ပြောင်းလဲခဲ့သော နှုန်းထားများ ဖြစ်သည့်အ တွက် လက်ရှိကာလတွင် ပြောင်းလဲရန် မရှိ ကြောင်း ဆိုသည်။
လက်ရှိ ကောက်ခံလျက်ရှိသော အိမ်ခြံ မြေ အခွန်နှုန်းထားများကို လျော့ချကောက် ခံမည်ဆိုပါက ငွေကြေး ခဝါချမှုများ၊ အိမ်ခြံ မြေ ဈေးကစားမှုများ ဖြစ်ပေါ်နိုင်သဖြင့် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရမည့် ကိစ္စ ဖြစ်ကြောင်းလည်း ဆက်ပြောသည်။
အိမ်ခြံမြေဈေးကွက်ရောင်းဝယ်ရာတွင် အရပ်စာချူပ်များဖြင့်သာရောင်းဝယ်ဖြစ်နေရာ နိုင်ငံတော်အနေဖြင့်လည်း အခွန်မရရှိဘဲ ဆုံးရှုံးနစ်နာမှုများ ဖြစ်လျက်ရှိကြောင်းလည်း ဦးဝင်းဦးက တင်ပြသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ကာလပေါက်ဈေးများ အဆမတန်ကြီးမြင့်ပြီး ရောင်းဝယ် လျက်ရှိသော်လည်း အခွန်ပေး ဆောင်ရာတွင် သက်သာရန်အတွက် စာချုပ် ချုပ်ဆို၌ ဈေးနှုန်းလျော့ပေါ့ ချူပ်ဆိုခြင်းများ အများဆုံး ပြုလျက်ရှိကြောင်း၊ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများက ယင်းကို ထောက် ခံ ပြောဆိုသည်။
လက်ရှိကောက်ခံနေသော စနစ်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာတွင် ရောင်းသူဘက် မှ အခြေပြပစ္စည်း၏ မြတ်စွန်းမှုအပေါ် ၁ဝ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပြီး တံဆိပ် ခေါင်းခွန် ပေးဆောင်ရန် မလိုအပ်ပေ။ ဝယ် ယူသူဘက်မှ ဝင်ငွေရလမ်း ဖော်ပြနိုင်လျှင် ဝင်ငွေခွန် ပေးဆောင်ရန်မလိုအပ်ဘဲ တံဆိပ် ခေါင်းခွန်သာ ပေးဆောင်ရမည် ဖြစ်ပြီး ဝင် ငွေရလမ်း မပြနိုင်ပါက ဝင်ငွေခွန် ၃ဝ ရာခိုင် နှုန်း ပေးဆောင်ရမည်ဖြစ်သည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စည်ပင် သာယာရေး နယ်နိမိတ်အတွင်းတွင် တံဆိပ် ခေါင်းခွန် ခုနစ်ရာခိုင်နှုန်း ဆောင်ရမည် ဖြစ် ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် ငါးရာခိုင်နှုန်း ဆောင်ရမည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးနှုန်းများ သည် အာရှတိုက် မြို့ကြီးများထက်ပင် ဈေး နှုန်းများ မြင့်တက်လျက်ရှိပြီး ပြည်တွင်းစီး ပွားရေး လုပ်ငန်းရှင်များသာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များပါ တိုက် ခန်းနှင့် မြေယာဈေးနှုန်း ကြီးမြင်ခြင်းများ ကြောင့် ရင်းနှီးမြှုပ်နှံ့ရန် နှောင့်နှေးကြန့်ကြာ ရလျက်ရှိကြောင်း စီးပွားရေးလုပ်ငန်း အ သိုင်းအဝိုင်းများက ဆိုသည်။
အဆိုပါကဲ့သို့ အဆမတန် အိမ်ခြံမြေ ဈေးနှုန်းများ မတန်တဆ ကြီးမြင့်လျက်ရှိ သောကြောင့် နိုင်ငံတော်မှ မူဝါဒများ ချမှတ် ကာ ထိန်းချူပ်ဆောင်ရွက်သင့်ကြောင်း စီးပွား ရေးပညာရှင်များက အကြံပြုထားခြင်းများ လည်း ရှိသည်။
၂ဝ၁၂ သြဂုတ်လမှ စတင်ကာ အိမ်ခြံ မြေ အခွန်နှုန်းထားများကို ပြောင်းလဲ သတ် မှတ်ခဲ့ပြီး ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်၏ သုံးလ တာအတွက် အိမ်ခြံမြေဝယ်ယူတည်ဆောက် မှုမှ အခွန် ကျပ် ၁ဝ ဒသမ ၅၇ ဘီလီယံ ကောက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဒေါက်တာ လင်း အောင်က ပြောသည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ