By မိုးမြင့်ဇော်၊သင်းသန္တာဇော်, Shweproperty.com
Updated at 10 July 2013
အခြားလုပ်ငန်းတွေဖြစ်တဲ့ ဒေါ်လာ၊ ရွှေ၊ ကား စာတာတွေက အရောင်းအဝယ်လုပ်ကိုင်ရာမှာ အပြောင်းအလဲတွေ များနေတာကြောင့် အိမ်ခြံမြေလုပ်ငန်းအပေါ်မှာ ပြောင်းလဲလုပ်ကိုင်လာတဲ့အတွက် မြေဈေးတွေ တက်လာတယ်လို့ အိမ်ခြံမြေအရောင်းအဝယ်သမားတစ်ချို့နဲ့ စီးပွားရေးသမားတချို့က သုံးသပ်ကြပါတယ်။
“ဒေါ်လာ အရောင်းအဝယ်လုပ်နေတဲ့ သူတွေ၊ ရွှေ၊ ကားစတဲ့ အရောင်းအဝယ်လုပ်နေတဲ့သူတွေလည်း အရောင်းအဝယ်သိပ်မကောင်းကြဘူး၊ အပြောင်းအလဲတွေကလည်း များနေတယ်၊ အခု တခြားလုပ်ငန်းတွေ မကောင်းတော့ အိမ်ခြံမြေအရောင်းအဝယ်လုပ်တဲ့ လုပ်ငန်းဘက်ကို ရောက်လာတဲ့ သဘောပဲ၊ လူတွေက သူတို့လုပ်နေတဲ့ အလုပ်အကိုင်ကောင်းနေရင် တခြားအလုပ်ကို စိတ်ဝင်စားမှာ မဟုတ်ဘူး” လို့ စီးပွားရေး လုပ်ငန်းရှင် ဦးအောင်အောင်က ပြောပါတယ်။
စိတ်ဝင်စား
ပြည်တွင်းမှာလည်း စီမံကိန်းတွေ အကောင်အထည်ဖော်လာတာကြောင့် စီးပွားရေးသမားတွေ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းဘက်ကို စိတ်ဝင်စားလာကြပါတယ်။ ဒါ့အပြင် အခြားလုပ်ငန်းတွေမှာ မူဝါဒအပြောင်းအလဲတွေ၊ ဈေးနှုန်းအပြောင်းအလဲတွေကြောင့် နောက်ပိုင်းမှာ အိမ်ခြံမြေလုပ်ငန်းက အောင်မြင်လာနိုင်တယ်လို့ ပြောဆိုမှုတွေကြောင့် ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားလာတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိ စီမံကိန်းလုပ်မယ်လို့ ပြောဆိုနေတဲ့ နေရာတွေမှာ အိမ်ခြံမြေဈေးတွေ တက်နေပါတယ်။ ဒါ့အပြင် မြေကစားတဲ့သူတချို့ကြောင့်လည်း အိမ်ခြံမြေဈေးတွေ တက်တာမျိုး ကြုံတွေရတာလို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ တချို့က သုံးသပ်ကြပါတယ်။
“တချို့က အိမ်ခြံမြေမှာ လုပ်ကိုင်လာကြတာတွေက ဘာလုပ်ရမှန်းမသိလို့ ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ လုပ်တာပါ၊ လက်ရှိအချိန်ကလည်း မြေဈေးအကျိုးအမြတ်ရှိနေတဲ့ သဘောမျိုး ဖြစ်နေတော့ ရင်းနှီးမြှုပ်နှံမှု တစ်ခုအနေနဲ့ လုပ်လာကြတာ” လို့ အာရှ အိမ်ခြံမြေအကျိုးဆောင်မှ ကိုပိုင်မြင့်က ပြောပါတယ်။
အရောင်းအဝယ်နည်း
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ