By The Voice Daily, Shweproperty.com
Updated at 13 May 2015
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ရထားလမ်းပိုင်းတစ်လျှောက် နေအိမ်ဖယ်ရှားခံရမည့် အိမ်ထောင်စုအရေအတွက် (၅၀) ခန့်ရှိကြောင်း အဆိုပါစီမံကိန်းကို တည်ဆောက်နေသည့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွတ်ရေး အေဂျင်စီ၏ လေ့လာရေးအဖွဲ့ ထံမှ သိရသည်။
ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အချက်များတွင် မြို့ပတ်ရထားလမ်း၏ စင်္ကြ ံတစ်လျှောက်ရှိ တညင်းကုန်း- ဂေါက်ကွင်း၊ ကျောက်ရေတွင်း - တံတားကလေး၊ အင်းစိန်-ရွာမ၊ တံတားကလေး-ရေကူး၊ ကံဘဲ့-ဘောက်ထော်တို့ရှိ နေအိမ် ဆယ်လုံးမှာ စီမံကိန်းကြောင့် ထိခိုက်မည်ဖြစ်ပြီး ၎င်းတို့တွင် မီးရထားဝန်ထမ်းအိမ် ငါးလုံးပါဝင်ကြောင်း အဆိုပါလေ့လာရေးအဖွဲ့မှ ခေါင်းဆောင်ဦးတင်အောင်မိုးက ပြောကြားသည်။
“အဆောက်အအုံတွေကို ပြန်လည်နေရာချပေးဖို့နဲ့ လျော်ကြေးကိစ္စတွေက မီးရထားက လုပ်ရမှာပါ။ စီမံကိန်း ဧရိယာကို တရားမဝင်နေထိုင်တဲ့ လူတွေနဲ့ မူလကတည်းက နေတဲ့လူတွေစာရင်းကို မေလ(၁၂) ရက် နောက်ဆုံးရက်စွဲနဲ့ ကောက်ထားတယ်”ဟု ၎င်းကဆိုသည်။
ပြန်လည်နေရာချထားပေးမှုများ၊ လျော်ကြေးပေးမှုများအတွက် လက်တလောတွင် ပြောဆိုရန် စောနေသေးပြီး အဆင်ပြေအောင်ညှိုနှိုင်းပေးမည်ဟု ဆုံးဖြတ်ထားကြောင်း မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ဆိုသည်။
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွတ်ရေး အေဂျင်စီ၏ မြို့ပတ်ရထား အဆင့်မြှင့်တင်ရေးစီမံကိန်း ဧရိယာမှာ (၄၄) ကီလိုမီတာအရှည်ရှိပြီး စုစုပေါင်း (၄၆) ကီလိုမီတာရှိသည့် မြို့ပတ်ရထားလမ်းပိုင်း အများစုကို ခြုံငုံမည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ထုတ်ပြန်သည်။
Ref : The Voice Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ