By 7days daily, Shweproperty.com
Updated at 7 August 2014
ရန်ကုန်မြို့တော် စည် ပင်သာယာရေး နယ်နိမိတ်အတွင်း ရှိ မြို့နယ် ၂၀ ၌ စက်မှုဇုန်၊ စက် ရုံ၊ ဂိုဒေါင်နှင့် အိမ်ခြံမြေငှားရမ်း ခြင်းဆိုင်ရာ အခွန်တိမ်းရှောင်မှု များကို စတင်စစ်ဆေးနေပြီဖြစ် ကြောင်း သတင်းရရှိသည်။
မြို့နယ်ပေါင်း ၂၀ မှ ရပ် ကွက် ၂၀၀ ကျော်တွင် ဒေသဆိုင် ရာ အာဏာပိုင်အဖွဲ့များနှင့်ပူး ပေါင်း၍ စစ်ဆေးမှုများ၊ ပညာ ပေးဟောပြောပွဲများ ပြုလုပ်နေ ကြောင်း သိရသည်။
အဓိကအားဖြင့် မူလပေါက် ဈေးထက် လျှော့ချပြသပြီး အခွန် ဆောင်နေခြင်းများအပါအဝင် ပြည်သူဘက်က အခွန်အမှန် တကယ်ဆောင်ရန် မည်သည့် အခက်အခဲများ ရှိသည်ကို စတင်ကွင်းဆင်းလေ့လာနေပြီဖြစ်ကြောင်း ဦးကျော်ကျော်က ရှင်းပြသည်။
ယခု ရန်ကုန်မြို့တွင် စစ် ဆေးခြင်းနှင့် ပညာပေးမှုများ လုပ်ဆောင်ခြင်း အောင်မြင်ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကြက်ဆောင်ရွက်သွားရန် ဌာနကရည်ရွယ်ထားသည်။
ယခုလုပ်ဆောင်ရသည့် ရည် ရွယ်ချက်မှာ အိမ်ငှားထက် အိမ် ရှင်အများစုက အခွန်ပေးဆောင် ရန် ပျက်ကွက်နေခြင်းကြောင့်ဖြစ် ပြီး အိမ်ခြံမြေဈေးကွက်ကို အခွန်ဖြင့် ထိန်းချုပ်ခြင်းမဟုတ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့မှ ဦးကျော်ကျော်က ဆို သည်။
ထို့အပြင် တစ်ပေပတ်လည် ပေါ် အိမ်ခြံမြေစံနှုန်းသတ်မှတ် ချက်များမှာ ပြီးခဲ့သည့် နှစ်နှင့် လိုက်လျောညီထွေမှု မရှိတော့ သဖြင့် ပြန်လည်ပြင်ဆင်သတ် မှတ်ပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြထားပြီဖြစ်ပြီး ယခု လာမည့် အောက်တိုဘာတွင် ပြင် ဆင်ပြဋ္ဌာန်းပေးနိုင်ရန် ပြည်တွင်း အခွန်များ ဦးစီးဌာနက ခန့်မှန်း ထားသည်။
Ref : 7 Days Daily
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ