By Builders Guide, Shweproperty.com
Updated at 25 November 2017
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ကြာအင်းကျေးရွာတွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းအား လာမည့် ဒီဇင်ဘာလ ဒုတိယပတ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး၏ပြောကြားချက်အရ သိရသည်။
ယင်းစီမံကိန်းကို တင်ဒါခေါ်ထားပြီး ဖြစ်ကြောင်း၊စီမံကိန်းအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဘတ်ဂျက်ငွေငါးဘီလီယံသုံးစွဲသွားမည်ဖြစ်ပြီး တစ်ဘီလီယံကို အဆောက်အအုံအခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ရေမြောင်း၊ဆေးပေးခန်းများတွင် အသုံးပြုသွားမည်ဖြစ်ကာ ကျန်လေးဘီလီယံကို အဆောက်အအုံအတွက်သုံးစွဲသွားမည်ဖြစ်ကြောင်း၊ယင်းစီမံကိန်းတွင် လေးထပ်တိုက်၁၆လုံး၊အခန်းပေါင်း ၂၅၆ခန်းပါဝင်မည်ဖြစ်ပြီး လာမည့်နှစ်မတ်လမတိုင်ခင် အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊အခြေခံလူတန်းစားနှင့်ဝန်ထမ်းများအတွက် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး တိုက်ခန်းတစ်ခန်းလျှင် ငွေကျပ် သိန်း၂ဝဝခန့်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် ယခင်က သီရိမင်္ဂလာတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး တိုက်ခန်းတစ်ခန်းလျှင် ငွေကျပ်သိန်း ၁၂ဝမှ ၁၃၅သိန်းအထိ ငါးနှစ်အတွင်း အရစ်ကျပေးသွင်းသည့်စနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Ref & Photo Credit : Builders Guide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ