By The Kumudra, Shweproperty.com
Updated at 2 October 2015
တစ်လ ကျပ် (၃၀,၀၀၀) အရစ်ကျစနစ် နဲ့ အနှစ် (၂၀) ပေးသွင်းပြီး အိမ်ရာပိုင်ဆိုင်နိုင်မယ့် စီမံကိန်းကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တွေမှာ ဆောက်လုပ်အကောင်အထည်ဖော်ဖို့ ခွင့်ပြုမိန့်ရရှိပြီလို့ သိရပါတယ်။
"ဒီလောက်တန်ဖိုးကျတော့ အခြေခံလူတန်းစားတွေပါ ဝယ်နိုင်မယ်၊ ဝန်မပိပဲ အိမ်ပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ပြီး ဆောက်လုပ်မှာပါ" လို့ The Infrastructure Of Myanmar က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါအိမ်ရာစီမံကိန်းတွေကို မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နဲ့ တိုင်း (၁၄) ခုလုံးမှာ ဆောက်လုပ်ဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာတော့ သက်ဆိုင်ရာ အစိုးရက ခွင့်ပြုချက်ပေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အရင်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းအားလုံးအတွက် အခန်းပေါင်း နှစ်သန်းလောက်အထိ ဆောက်လုပ်သွားမှာ ဖြစ်ပြီး ခန်းပုံစံနဲ့ အထပ်အမြင့်တွေကတော့ ခွင့်ပြုချက်ရရှိတဲ့အပေါ် မူတည်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ခွင့်ပြုချက်ရရှိဖို့ လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့မှာ တည်ဆောက်ခွင့်ရရှိဖို့ကိုလည်း ခွင့်ပြုချက်တောင်းခံထားတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရဘက်က အိမ်ရာစီမံကိန်းတွေ ဆောက်လုပ်နိုင်ဖို့အတွက် မြေနေရာရှာဖွေခိုင်းထားပြီး မြေနေရာပေါ် မူတည်ပြီး ခွင့်ပြုမိန့်ပေးသွားမှာ ဖြစ်ပါတယ်။ အိမ်ရာစီမံကိန်းကို လတ်တလောမှာတော့ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆောက်လုပ်ဖို့ ပြင်ဆင်နေပြီး ဆောက်လုပ်မယ့် အချိန်ကာလတော့ အတိအကျ မသိရသေးဘူးလို့ သိရပါတယ်။
အိမ်ရာတွေကို သက်ဆိုင်ရာဒေသခံတွေကို ဦးစားပေး ရောင်းချသွားမှာဖြစ်ပြီး ကျန်ရှိတဲ့ အခန်းတွေကိုတော့ လျှောက်လွှာတင်ထားတဲ့ ပြည်သူတွေကို ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ