By 7daydaily, Shweproperty.com
Updated at 12 November 2015
အစိုးရအပြောင်းအလဲအ ပြီး နိုင်ငံရေးတည်ငြိမ်ပါက ၂၀၁၆တွင် ပြည်တွင်း ငွေလဲနှုန်းမှာအမေရိကန် တစ်ဒေါ်လာလျှင် ၁,၂၀၀ ကျပ်ခန့်သို့ ကျဆင်းလာနိုင်ကြောင်း စီးပွားရေးသမားအချို့ က ခန့်မှန်းနေကြသည်။
လက်ရှိငွေလဲနှုန်းသည် တိုင်းပြည်စီးပွားရေးကျဆင်းမှုနှင့် အစိုးရ အသုံးစရိတ်များကြောင့် မြင့် တက်လာခြင်းဖြစ်ကြောင်း စီးပွား ရေးသမားများက ဆိုထားပြီး ပြင် ပငွေလဲနှုန်းသည် ၂၀၁၅ နှစ်လယ် တွင် တစ်ဒေါ်လာလျှင် ၁၃၀၄ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သည်။
‘‘ငွေလဲလုပ်ငန်းလုပ်သူတွေ အကျဘက်ကိုပဲပြောနေတယ်။ ဒီ အချိန်ကလည်း လုပ်ငန်းလုပ်ချိန် ဆိုတော့ ပြဿနာတစ်စုံတစ်ရာ မရှိရင် ငွေလဲနှုန်းက မတက်နိုင် ဘူး’’ဟု ပြည်ပသို့ ဆန်တင်ပို့နေ သော လုပ်ငန်းရှင်ဦးမျိုးသူရအေး က ပြောသည်။
နိုင်ငံရေးအခြေအနေတည် ငြိမ်သော အပြောင်းအလဲဖြစ်လာ ပါက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များဝင်လာလျှင် နိုင်ငံခြားငွေမှာ ပြည်တွင်း၌ များလာပြီး ကျပ်ငွေ တန်ဖိုးမှာ ပြန်တက်လာနိုင် ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောသည်။
‘‘နိုင်ငံရေး အခြေအနေငြိမ် သွားမယ်ဆို အိမ်ခြံမြေလည်း ကောင်းလာနိုင်တယ်’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
ပြည်တွင်းဈေးကွက်တွင် လက်ရှိငွေလဲနှုန်းသည် ရွှေဈေး ကျဆင်းမှုကြောင့် နိုဝင်ဘာ ၆ ရက်မှ စတင်မြင့်တက်လာပြီး နိုဝင်ဘာ ၁၁ ရက်၌ ပြန်လည်ကျဆင်း လာသည်။ ရွေးကောက်ပွဲ ပြီး နောက် တစ်ရက်တွင် ပြင်ပဈေး ကွက်၌ ငွေလဲနှုန်းသည် တစ်ဒေါ် လာလျှင် ကျပ် ၁,၂၈၇ ခန့်မှ သုံး ရက်မြောက်နေ့တွင် ၁,၂၈၃ ကျပ်သို့ ပြန်လည်ကျဆင်းလာကြောင်း ရွှေဘုံသာလမ်းရှိ ပြင်ပငွေလဲလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ပြော စသည်။
ပြင်ပဈေးကွက်တွင် ငွေလဲ နှုန်း ပြန်လည် ကျဆင်းလာသော် လည်း ဗဟိုဘဏ်က သတ်မှတ် သော တရားဝင်ငွေလဲနှုန်းမှာ နို ဝင်ဘာ ၁၁ ၇က်တွင် တစ်ဒေါ်လာ လျှင် ၁,၂၈၆ ကျပ်သို့ မြှင့်တင် လိုက်သည်။ ယခင်ရက်က ဗဟို ဘဏ်မှ တရားဝင်သတ်မှတ်သော ငွေလဲနှုန်းသည် တစ်ဒေါ်လာလျှင် ၁,၂၈၄ ကျပ်ဖြစ်သည်။
ပြည်တွင်း ရွှေဈေးနှုန်းမှာ လည်း ကမ္ဘာ့ရွှေဈေးကျဆင်းမှု ကြောင့် ကျဆင်းခဲ့သည်။ ကမ္ဘာ့ ရွှေဈေးမှာ နိုဝင်ဘာ ၁၁ ရက်က တစ်အောင်စလျှင် ကန် ၁,၀၉၂ ဒေါ်လာကျော်ဈေးရှိ၍ ပြည်တွင်း ရွှေဈေးမှာ ၇၅၃,၀၀၀ ကျပ်သို့ ကျဆင်းလာသည်။ နိုဝင်ဘာ ၇ ရက်က ပြည်တွင်း ရွှေဈေးမှာ ၇၆၂,၂၀၀ ကျပ်ခန့်ရှိခဲ့သည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ