By အေးသီတာကျော်, Shweproperty.com
Updated at 29 July 2013
ပြီးခဲ့သောလများအတွင်း ဈေးကစားမှုများ နှင့် ကောလာဟလ သတင်းများ ကြောင့် သက်ဆိုင်ရာနေရာများ အ လိုက် မြေဈေးနှုန်းများ သုံးဆခန့် မြင့်တက်သွား ပြီး မြန်မာကျပ်ငွေတန်ဖိုး မှာလည်း ၁ဝ ရာခိုင်နှုန်းခန့် ကျဆင်း လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာနိုင်ကြောင်း စီးပွားရေး ပညာရှင်များက သတိပေး ပြောဆိုလာ ကြသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် ကဏ္ဍအတော်များ များသည် သွင်းကုန်ကိုတည်မှီနေရ ခြင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်း လာသောအခါ စိုက်ပျိုးရေးသွင်းကုန်များ ဖြစ်သည့် ဓာတ်မြေသြဇာ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဒီဇယ်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများအပါ အဝင် စားသောက်ကုန်ပစ္စည်းဈေးနှုန်း များလည်း မြင့်တက်လာနိုင်ခြင်းကြောင့် နေထိုင်မှုစားရိတ်များပါ မြင့်တက်လာ နိုင်ကြောင်း ၎င်းတို့က ပြောသည်။
လွန်ခဲ့သောသုံးလခန့်က တံတားဆောက်ရန်၊ စက်မှုဇုန်အသစ်ဖော်ထုတ်ရန် စသည့်စီမံကိန်းအပါအဝင် ကောလာဟလများကြောင့် ဒလမြို့ နယ်တွင်းရှိမြေကွက်ဈေးများမှာ ကျပ်သိန်း ၁ဝဝ မှ ၃ဝဝ အထိ မြင့်တက်သွား ခဲ့ရာ အဆိုပါ အခြေအနေမှာ ရင်းနှီးမြှုပ်နှံသူများ၏ ဈေးကစားမှုအပေါ် တွင်သာ အခြေခံနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
အထူးသဖြင့် အမြတ်အစွန်း တင်ပြီး ပြန်လည်ရောင်းချရန် ရည်ရွယ်သော ဘဏ်လုပ်ငန်းများမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံသူများ၊ နယ်စပ်ဒေသတွင်နေထိုင်သော တရုတ်လူမျိုး များက နိုင်ငံသား သားကတ်ပြကာ သို့မဟုတ် ၎င်းတို့၏ အမည်ပေါက်များဖြင့် ဝယ်ယူလျက်ရှိသော ကြောင့် မြေဈေးများလျင်မြန်စွာမြ င့်တက်လာရခြင်း ဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။
မြန်မာ့စီးပွားရေးကျွမ်းကျင်သူ သြစတြေးလျ ကွာရီတက္ကသိုလ်မှ တွဲဖက်ပါ မောက္ခ ဒေါက်တာရှောင်တာနဲလ် က ငွေကြေးဖောင်းပွမှု အခြေအနေထို့ ထက် မြင့်မားသွားပါက လက်ရှိ ဖြစ်ပေါ် နေသော တစ်နှစ်လျှင် ခြောက်ရာခိုင်နှုန်း မြင့်တက်လျက်ရှိသည့် လူသုံး ကုန်ပစ္စည်းတန်ဖိုး ပိုမိုမြင့်တက်သွား နိုင်ကြောင်း ပြောသည်။ ငွေလဲနှုန်းဈေးနှုန်း မြင့်တက်လာမှု မှာလည်း ကျပ်ငွေဖော င်းပွစေသည့်အကြောင်း တစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။
စီးပွားရေးပညာ လေ့လာလျက်ရှိသူ ဦးခိုင်ထွန်းကလည်း သွင်းကုန်ကိုမှီခိုအား ထားနေရသော မြန်မာနိုင်ငံအနေ နှင့် ငွေလဲနှုန်းမြင့်တက်မှုမှာ ငွေကြေး ဖောင်းပွမှုနှင့် များစွာ ဆက်စပ်နေကြောင်း ပြောသည်။ ၎င်းက မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို အိမ်ခြံမြေ နှင့် ရွှေဈေးများကိုပါ ထည့်သွင်း တွက်ချက်မည်ဆိုပါက အိမ်ခြံမြေဈေး က ငွေဖောင်းပွမှုကို ဖြစ်ပေါ်စေပြီး ရွှေဈေးမှာမူ ငွေကြေးကျုံ့ဝင်မှုကို ဖြစ်စေ ကြောင်း ပြောသည်။
ဇန်နဝါရီလအတွင်းက ကမ္ဘာ့ရွှေ ဈေး တစ်ဒေါ်လာလျှင် ၁,၂၄ဝ အထိ ၂၇ ရာခိုင်နှုန်းကျော် ကျဆင်းလာခဲ့သော်လည်း မြန်မာ့ရွှေဈေးမှာ တစ်ကျပ်သား လျှင် ကျပ် ၆၈ဝ,ဝဝဝ အထိ ၁၁ ရာခိုင်နှုန်းခန့်သာ ကျဆင်းခဲ့သည်။ ထို သို့ဖြစ်ရခြင်းမှာ ယခုနှစ်ဆန်းပိုင်းမှစတင်၍ ဒေါ်လာဈေးတရိပ်ရိပ်မြင့်တက် လာမှုကြောင့် ထင်သလောက်ဈေး မကျခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
''ငွေကြေးဖောင်းပွမှုကို ကုန်စည်အမျိုးး မျိုးရဲ့ဈေးနှုန်းတွေယူပြီး တွက်ချ က်ရတဲ့အတွက် အဲဒီကုန်စည်တွေ ရဲ့ဈေးအတက်အကျပေါ် မူတည်ပြီး ပြောင်းလဲမှာပါ။ကုန်စည်တချို့က ဈေးတက်ပြီး တချို့ကဈေးကျခဲ့ရင် ငွေကြေးဖောင်းပွမှုနှုန်းကလည်း သိသိသာ သာပြောင်းလဲစရာမရှိပါဘူး။ အဲဒီအခြေ အနေမှာတော့ ငွေဖောင်းပွမှုနိမ့်ပေမယ့် ဈေးနှုန်းတည်ငြိမ် တယ်လို့ ပြောလို့ မရပါဘူး။ အစိုးရရဲ့တရားဝင်စာရ င်းအရကတော့ ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ အထွေထွေဈေးနှုန်း တွေ အနည်းငယ်ကျခဲ့ပြီး မတ်လမှာ ပြန်တက်လာပါတယ်။ အရင်ကထက် ဝ ဒသမ ၁၄ ရာခိုင်နှုန်းတက်ခဲ့တယ်လို့ ဖော်ပြပါတယ်''ဟု ၎င်းက ပြောသည်။
အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းကို စားသုံးသူဈေးဆနှုန်းကိန်းနှင့်တိုင်း တာသည့်အနက် အိမ်ငှားစရိတ်နှင့် လောင်စာဆီစရိတ်များမှာ ဈေးအတက် ဆုံးဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်မြို့လယ်ကောင် တိုက်ခန်း အငှားစရိတ်မှာ ခြောက်လတစ်ကြိမ် ၁ဝ ရာခိုင်နှုန်း မြင့်တက်လျက်ရှိပြီး တင် သွင်းဒီဇယ်နှင့် အောက်တိန်းဆီများမှာ မူ ဒေါ်လာဈေးဆက်လက် မြင့်တက်လာ လျှင် ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ခန့်မှန်းသည်။
သို့သော် ယခုအခြေအနေသည် လွန်ခဲ့သောနှစ်၂ဝ ကျော်အတွင်းအစိုးရ၏ အသုံးစရိတ် အများစုကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဘဏ္ဍာငွေရှာဖွေခဲ့ စဉ်က ဖြစ်ပေါ်ခဲ့သော ၂ဝ ရာခိုင်နှုန်း နှင့် အထက် ငွေကြေးဖောင်းပွမှု လောက် အခြေအနေ မဆိုးသေးပေ။
''အစိုးရသစ်ပြောင်းလဲခါနီးအချိန်မှာ ငွေစက္ကူတွေ ရိုက်ထုတ်မယ့်အစား နိုင်ငံ ပိုင်လုပ်ငန်းတွေနဲ့ မြေယာအဆောက်အအုံတွေကို ရောင်းထုတ်ပြီး ငွေရှာသွား လို့ ၂ဝဝ၉ ခုနှစ်နောက်ပိုင်းမှာ ငွေဖောင်းပွမှုနှုန်းက ၁ဝ ရာခိုင်နှုန်း အောက်ကျသွားတာ တွေ့ရပါတယ်''ဟု ဦးခိုင်ထွန်းက ပြောသည်။
၎င်းက ကုန်ဈေးနှုန်းတည်ငြိမ်ရေး နှင့် ငွေကြေးဖောင်းပွမှုထိန်းချုပ်ရေး များတွင် ဗဟိုဘဏ်တစ်ခုတည်းကသာ တာဝန်ရှိသည်မဟုတ်ဘဲ အစိုးရ၏ အခြေခံအဆောက်အအုံနှင့် အခွန်ကော က်ခံရေးဆိုင်ရာ မူဝါဒများဖြင့် လည်း ထိန်းကျောင်းပေးရန် လိုအပ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာ ဝန်ရှိသူတစ်ဦးကမူ လက်ရှိအနေအ ထားတွင် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လျက်ရှိသော်လည်း ဘဏ်များ က အပ်ငွေအပေါ်ပေးသော အတိုးနှုန်း တစ်နှစ် ရှစ်ရာခိုင်နှုန်းအောက်နိမ့်နေသေးကြောင်းပြောသည်။
Ref : MM Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ