By SFJ Strategy First, Shweproperty.com
Updated at 4 October 2016
မြို့ပြနေထိုင်သူ ၉၀ ရာခိုင်နှုန်းရဲ့ မိသားစုဝင်ငွေက ကျပ် ၃ သိန်းအောက်ရောက်နေတာကြောင့် အိမ်ရာပိုင် ဆိုင်ဖို့ အခွင့်အရေးနည်းပါးနေဆဲပဲလို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြနဲ့မြေယာစီမံခန့်ခွဲရေးကော်မတီ ဒုတိယဌာနမှုးဦးတိုးအောင်က ပြောပါတယ်။
ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရကတန်ဖိုးနည်းတိုက်ခန်းအိမ်ရာ ပေါင်း ၈၀၀၀ ကျော်ထပ်မံအကောင် အထည်ဖော်ပေးနေပေမယ့် မိသားစု ဝင်ငွေနည်းတာကြောင့် အောက်ခြေပြည်သူလူထု အတွက် အိမ်ရာပိုင်ဆိုင်ခွင့်နည်းပါးနေဆဲဖြစ်တယ်လို့ မြို့ပြပညာရှင်တွေက ပြောပါတယ်။
“ကမ္ဘာ့ဘဏ်အဆိုအရတော့ အခုနိုင်ငံတွင်းအလယ်အလယ်ဝင်ငွေရှိသူ တစ်လကျပ် ၃ သိန်းကျော်ဝင်တဲ့သူ တောင် အိမ်ရာမဝယ်နိုင် တာတွေ့နေ ရပါတယ်။ ဒါကြောင့်ပြည်သူအများစု အိမ်ရာဝယ်ယူနိုင်ဖို့ဆိုရင် နိုင်ငံတော် က ကာလရှည်အိမ်ရာတွေ ဝယ်နိုင်အောင်နဲ့ အဌားအိမ်ရာစနစ်တွေ ဖော်ဖို့လိုနေပါတယ်”လို့ ဦးတိုးအောင်က ပြောပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနက ဆောက် လုပ်ပြီးတန်ဖိုးနည်း အိမ်ရာတွေကို ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးဘဏ်နဲ့ ချိတ်ဆက်ပြီး ရောင်းချပေးဖို့ စီစဉ်နေပေမယ့်လည်း ပုံမှန်မိသားစုဝင်ငွေ ဖောက်ပြဖို့အခက်အခဲရှိနေတာကလည်း လက်တွေ့အိမ်ရာဝယ်ယူနိုင်ဖို့ အခက်အခဲရှိ နေတယ်လို့လည်း အိမ်ဌား နေထိုင်သူတွေထံက သိရပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ မြို့တော်စည်ပင်တာဝန်ရှိသူတွေပြောဆိုမှု အရ လက်ရှိရန်ကုန်နေထိုင်သူ ၃၅ ရာခိုင်နှုန်းက အိမ်ဌားနေထိုင် သူတွေဖြစ်ပြီး ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စုပေါင်းက တစ်သိန်းခွဲဝန်းကျင် အထိရှိတယ်လို့ သိရပါတယ်။
Ref : SFJ Strategy First
Photo Credit : Social
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ