By 7Day Daily, Shweproperty.com
Updated at 1 August 2019
ယခင်နှစ်များက ဝါတွင်းကာလတွင် မုံရွာအိမ်ခြံမြေဈေး ကွက် အရောင်းအဝယ်နည်းခဲ့ သော်လည်း ယခုနှစ်တွင် ပုံမှန် အတိုင်း အရောင်းအဝယ်ဖြစ်နေ ကြောင်း ဒေသခံအိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။
‘‘အရင်နှစ်တွေတုန်းက ဝါတွင်းကာလဆိုရင် အရောင်းအ ဝယ် လုံးဝမဖြစ်တာတော့ မဟုတ် ဘူး။ အရောင်းအဝယ် နည်းတာ ပေါ့။ ဒီနှစ် ထူးခြားတာက ပြည် ထောင်စုလမ်းဘေးနဲ့ ကန်သာ ယာအနီးတစ်ဝိုက်က သိန်းထောင် ဂဏန်း အိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်တယ်။ သိန်းနှစ်ထောင်ကျော် အရောင်းအဝယ်ဖြစ်တဲ့ အိမ်တစ်လုံးဆိုရင် ရှေးအယူအဆ အရ ရောင်းတဲ့ သူကလည်း ဝါ ကျွတ်မှ အိမ်က ထွက်ပေးမယ်၊ ဝယ်တဲ့ သူကလည်း ဝါကျွတ်မှ ဝယ်တဲ့အိမ်ကို ပြောင်းမယ်ဆိုပြီး အရောင်းအဝယ်တော့ ဖြစ်သွား တယ်’’ဟု မုံရွာမြို့ အိမ်ခြံမြေအ ကျိုးဆောင် ကိုအောင်မြင့်နိုင်က ပြောသည်။
မုံရွာအိမ်ခြံမြေဈေးကွက် တွင် မုံရွာတက္ကသိုလ်အနီးရှိ ကျပ်သိန်း ၂၀၀ ခန့် ခြံဝင်းများ အရောင်းအဝယ်သွက်ရာမှ ဇူလိုင်လကုန်ရက်ပိုင်းအတွင်း ရန်ကုန် နှင့် ချင်းတွင်းမြစ်အထက်ပိုင်းမှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဝယ်ယူသူများကြောင့် မြို့တွင်း လမ်းမကြီးများဘေးမှ ကျပ်သိန်း ထောင်ဂဏန်းရှိ အဆောက်အ အုံပါ မြေကွက်များ အရောင်းအ ဝယ်ဖြစ်ခဲ့ကြောင်း ၎င်းက ပြော သည်။
မုံရွာမြို့ အိမ်ခြံမြေအကျိုး ဆောင် ကိုဖိုးခွားက ‘‘ဝါတွင်းကျမှ အရောင်းအဝယ် တောက် လျှောက်ဖြစ်နေတာ။ အများစုက တော့ အိမ်ဝင်းကွက်လပ်တွေ ပို ဖြစ်တယ်။ အဆောက်အအုံပါတဲ့ ခြံဝင်းတွေကတော့ ရှေးအယူအ ဆတွေအရ ဝါတွင်းမှာ အရောင်း အဝယ်စရန်ချထားပေးပြီး ဝါကျွတ်မှ အိမ်ပြောင်းရွှေ့ရင်း အပြီးသတ် ငွေချေတာ များတယ်’’ဟု ပြော သည်။
ဇူလိုင်လကုန်ရက်ပိုင်းတွင် မုံရွာမြို့ ချမ်းမြဝတီရပ်ကွက်တွင် ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀ အကြား၊ နန္ဒဝန်ရပ်ကွက်တွင် ကျပ်သိန်း ၈၀၀ မှ ၁,၂၀၀ အကြား၊ ပြည်ထောင်စုလမ်းတွင် ကျပ်သိန်း ၅,၀၀၀ ခန့်နှင့် ဗိုလ်ချုပ်လမ်းတွင် ကျပ်သိန်း ၆,၀၀၀ ခန့်အထိ အရောင်းအဝယ်ဖြစ်ကြောင်း ကိုဖိုး ခွားက ပြောသည်။
မုံရွာမြို့တွင် စီးပွားရေးလုပ် ငန်းများ လာရောက်လုပ်ကိုင်သူ များပြားခဲ့သည့် နောက်ပိုင်း ဝါ တွင်းကာလတွင် တစ်လလျှင် ကျပ်တစ်သိန်းမှ ၁၀ သိန်းအထိ အိမ်ခြံမြေများ ပုံမှန်အတိုင်း ငှားရမ်းသူ များပြားနေကြောင်း အိမ်ခြံမြေ အငှားဝန်ဆောင်မှု အကျိုး ဆောင်များက ပြောသည်။
Ref : 7Day Daily
Photo Credit : Booking
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ