By Myanmar Property Journal, Shweproperty.com
Updated at 2 August 2013
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မုံရွာမြို့ရှိ မြေကွက်များ အရောင်းသွက်လျက်ရှိကြောင်း မုံရွာမြို့ ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ ထံမှ စုံစမ်းသိရှိရသည်။
ယခုလက်ရှိတွင် မုံရွာမြို့ရှိ ပြည်ထောင်စုလမ်းနှင့် ဘုရင့်နောင် လမ်းရှိ မြေကွက်များကို အဓိကထား၍ ဝယ်ယူလာကြသည့်အပြင် ဈေးနှုန်းမှာလည်း မြင့်တက်လျက်ရှိကြောင်း၊ မြေကွက်များအား ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များသာ အများဆုံး ဝယ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
“အရင်ကဆိုရင် မြို့ပေါ်မှာပဲ အရောင်းသွက်တယ်၊ အခုလိုမျိုး မြေကွက်တွေ ဝယ်တဲ့သူက နည်းတယ်၊ အခု ပြည်ထောင်စုလမ်းနဲ့ ဘုရင့်နောင်လမ်းတွေမှာဆိုရင် လမ်းတွေကိုလည်း ပြန်ပြီး ပြုပြင်ပေးပြီး ပုဂ္ဂလိကဟိုတယ် ဆောက်ဖို့ စီမံကိန်းရှိတော့ တခြားစီးပွားရေးသမားတွေပါ လိုက်ဝယ်လာကြပါတယ်”ဟု မုံရွာ မြို့ရှိ ကြံတိုင်းအောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် မှ မမော်မော်ခင်က ပြောသည်။
အဆိုပါလမ်းမရှိ ပေ ၄၀ x ၆၀ မြေကွက်များမှာ ယခင်က သိန်း နှစ်ဆယ် ဝန်းကျင်သာ ရှိရာမှ ယခုအခါ ကျပ်သိန်း တစ်ထောင်ဝန်းကျင်အထိ မြင့်တက်လာကြောင်း၊ ယင်းလမ်းမပေါ်၌ ဆောက်လုပ်မည့် ဟိုတယ် စီမံကိန်းများကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှာ အဆိုပါလမ်းမရှိ မြေကွက်များကို အဓိကထား ဝယ်ယူလာကြောင်း၊ ယခုအခါတွင် ဆိုင်ခန်းများမှာလည်း စတင်ဖွင့်လှစ်လာပြီ ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကိုလှမင်း၏ ပြောကြားချက် အရ သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ