By 7day Daily, Shweproperty.com
Updated at 20 December 2018
လတ်တလော ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် တိုက် ခန်းများထက် မီနီကွန်ဒိုများက ပိုမို အရောင်းဖြစ်နေသည်ဟု အိမ်ခြံ မြေလုပ်ငန်းရှင်များက ပြောသည်။
လူနေထိုင်မှုအဆင့်အတန်း မြင့်မားလာသည်နှင့်အညီ အိမ်ရာ ဝယ်ယူသူများကလည်း ဓာတ်လှေကားဝန်ဆောင်မှု၊ အထွေထွေဝန် ဆောင်မှုများ ပါဝင်ပြီး ထိန်းသိမ်း မှုရှိသည့် မီနီကွန်ဒိုများကို ပိုမို စိတ်ဝင်စားလာသည်။
ရန်ကုန်မြို့ရှိ တိုက်ခန်းအ များစုသည် မီနီကွန်ဒိုများနှင့် ဈေး နှုန်းအများအပြား ကွာခြားမှုမရှိ သော်လည်း သက်တမ်းကြာလာ သဖြင့် ပိုမိုဟောင်းနွမ်းလာပြီး ဝန်ဆောင်မှုများ မပါဝင်ခြင်းကြောင့် အဝယ်နည်းလာသည်ဟု စိုးစံလင်း အိမ်ခြံမြေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ဒေါ်မေသူက ဆိုသည်။
လက်ရှိတွင် ဝယ်ယူသူများ က အထပ်နိမ့်တိုက်ခန်းအဟောင်း များ ဝယ်ယူမည့်အစား ဈေးနှုန်းတူညီသည့် ဝန်ဆောင်မှုပါဝင်သော အထပ်မြင့် မီနီကွန်ဒိုအခန်းများကို ဝယ်ယူရန် ပိုမိုရွေးချယ်သည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
‘‘အလွှာချင်းတူမယ်ဆိုရင် ဈေးက ပျမ်းမျှ ၂၀၀၊ ၃၀၀ လောက်ကွာမယ်။ ရိုးရိုးတိုက်ခန်းကို ပထမထပ်ဆိုရင် (၂၅ ပေ × ပေ ၅၀) ကို သိန်း ၁,၀၀၀၊ ၁,၅၀၀ ကြား သူတို့ (ပိုင်ရှင်)တွေက ရောင်းချင် တယ်။ မီနီကွန်ဒို ပထမထပ်ဆို ရင်လည်း ဈေးက သိပ်မကွာတော့ဘူး။ အဲဒီလောက်ဝန်းကျင်ပဲ ရှိ တယ်။ အလွှာမြင့်ဆိုရင်တော့ နည်းနည်းကွာမယ်’’ဟု ရွှေဥဒေါင်းမင်း အိမ်ခြံမြေဝန်ဆောင်မှု မန်နေဂျာ ဒေါ်သင်းသင်းကဆိုသည်။
တိုက်ခန်းတွင် နေထိုင်ရ သည်မှာ အဆင်မပြေပုံကို တောင်ဥက္ကလာပမြို့နယ်နေ ဒေါ်ယုယုအေးက ‘‘တိုက်ခန်းတွေက အထပ်နိမ့်တော့လည်း ပိုက်ဆံ မတတ်နိုင်ဘူး။ မြင့်တော့လည်း လူကြီးတွေအတွက် တက်ရတာ အဆင်မပြေဘူးလေ။ အဲဒါကြောင့် မီနီကွန်ဒိုတွေကို ပိုကြိုက်ပါတယ်’’ဟု ဆိုသည်။
စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံကဲ့သို့ Downtown မြို့နယ် များမှ မီနီကွန်ဒိုများကို ကျပ်သိန်း ၁,၀၀၀ မှ ၁,၅၀၀ အတွင်း ရောင်း ချနေပြီး တောင်ဥက္ကလာပမြို့နယ် တွင်မူ ကျပ်သိန်း ၈၀၀ ခန့်ရှိ သည်။
Ref : 7day Daily
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ