By Sint Sint, Shweproperty.com
Updated at 2 December 2020
Unicode
အိပ်ခန်းအတွက် သင့်တော်မှန်ကန်တဲ့ အပင်တွေရွေးချယ်တာ နှစ်ခြိုက်စွာ ပိုအိပ်ပျော်စေမယ့် နည်းလမ်းကောင်းတစ်ခု ဖြစ်နိုင်ပါတယ်။ အလှဆင်ယင်မှုအပြင် ကျန်းမာရေး အကျိုးဖြစ်ထွန်းစေကြောင်း သက်သေရှိပါတယ်။ ဘာကြောင့်လဲဆိုရင် လေထုကို စစ်ထုတ်ပြီး မိမိအိမ်ကို အောက်ဆီဂျင် ဖြည့်ပေးလို့ပဲ ဖြစ်ပါတယ်။
ကျန်းမာရေးအကျိုးဖြစ်စေနိုင်တဲ့အပင်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ဒါပေမယ့် အိပ်စက်ခြင်းနဲ့ အိပ်ခန်းလေထုကို ပိုမိုကောင်းမွန်စေဖို့ အထိရောက်ဆုံး အပင် (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
Snake plant မြွေပင်
အချိန်အများဆုံး ကုန်ဆုံးစေတဲ့ အခန်းမှာ snake plant ထားပါက ပိုမိုသန့်စင်တဲ့ အောက်ဆီဂျင်ကို ဖန်းတီးပေးပါလိမ့်မယ်။ ဒီအပင်ရဲ့ ကောင်းချက်က ညဘက်မှာ အောက်ဆီဂျင်ထုတ်လွှတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးခြင်းပါ။ Snake plant က ပြုစုထိန်းသိမ်းစရာ သိပ်မလိုဘဲ အကုန်အကျလည်း မများတာကြောင့် အိမ်အတွက် သင့်တော် ကောင်းမွန်ပါတယ်။ ဒီ snake plant မှာ မနှစ်မြို့စရာ တချို့ပါပေမယ့် လေထုကနေ formaldehyde၊ trichloroethylene နဲ့ benzene ခေါ် အဆိပ်အတောက်တွေ ထိန်းချုပ်ပေးပါတယ်။ ဒီအချက်အားလုံးက ပိုမိုသန့်စင်တဲ့ လေထုကြောင့် ကောင်းမွန်စွာ ညအိပ်ပျော်စေတယ်။
စံပယ်ပင်
ဒီအပင်ဟာ သူ့ရဲ့ ဝေ့ဝိုက်တဲ့အနွယ်၊ ခေါင်းလောင်းသဏ္ဍာန်အပွင့်သေးသေးလေးများစုပေါင်းနေမှုကြောင့် အိပ်ခန်းသွင်ပြင်ကို အထောက်အပံ့ဖြစ်စေနိုင်တယ်။ နှစ်ခြိုက်စွာလည်း ပိုအိပ်ပျော်စေပါတယ်။ စိုးရိမ်မှု လျော့နည်းစေပြီး မနက် လန်းဆန်းစွာ နိုးထစေပါတယ်။
ရှားစောင်းလက်ပတ်ပင်
Aloe Vera က အိမ်အတွက် အကျိုးရှိဆုံးအပင်များထဲ တစ်ခုဖြစ်ပါတယ်။ ရောင်ရမ်းတာ၊ အမာရွတ်နဲ့ အရေပြားအပူလောင် သက်သာစေဖို့ သဘာဝဆေးတစ်ခုဖြစ်သည့် အပြင် ခန္ဓာကိုယ် အဆိပ်အတောက်များ ရှင်းထုတ်ပေးတဲ့ အရာလည်း ဖြစ်ပါတယ်။ အိပ်ခန်းနဲ့ တစ်အိမ်လုံးရှိ လေထုကို သန့်စင်ပေးပါတယ်။ ဒီ့ပြင် အိမ်မှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းများနေတဲ့အခါ ဒီအပင်မှာ အဝါကွက်တွေဖြစ်ပေါ်ကာ အခြေအနေကို အသိပေးနေမှာဖြစ်တယ်။
အင်္ဂလိပ်တိုက်ကပ်နွယ်ပင်
English Ivy က ရှင်လွယ်ပြီး အပူချိန်အတန်အသင့်နဲ့ နေရောင်ခြည်အတင့်သင့် ထိတွေ့တဲ့နေရာမှာ အသက်ရှင်ပါတယ်။ Formaldehyde အဆိပ်အတောက် စုပ်ယူရာမှာ အထိရောက်ဆုံးဖြစ်တယ်။
လာဗင်ဒါရေမွှေးပန်းပင်
သူ့ ရနံ့ရှူသွင်းတဲ့အခါ စိတ်ငြိမ် ချမ်းမြေ့မှုဖြစ်စေပါတယ်။ ၎င်းရဲ့ မွှေးကြိုင်တဲ့ ရနံ့ကို ဆပ်ပြာ၊ အဝတ်အစားနဲ့ ခေါင်းလျှော်ရည်တွေမှာ အဓိက အသုံးပြုထားပါတယ်။ ထိရောက်ကောင်းမွန်တဲ့ သန့်စင်ပစ္စည်းဖြစ်တဲ့အပြင် စိုးရိမ်သောကနဲ့ အိပ်မပျော်နိုင်ဖြစ်ခြင်းများ ကုသရာမှာ အံ့မခန်းပါပဲ။
သုတေသီများရဲ့ လေ့လာချက်အရ နေအိမ် အိပ်ခန်းများအတွင်းမှာ အပင်လေးများ စိုက်ပျိုးထားရှိခြင်းဟာ လူရဲ့စိတ်ကို သက်သောင့်သက်သာဖြစ်စေပြီး ညဖက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။
အပင်ငယ်လေးများကို အိပ်ခန်းထဲထားတဲ့အခါ သင့်ကိုတယောက်တည်းဖြစ်နေတယ်လို့ ခံစားရတာမျိုးကို လျော့ပါးစေပါတယ်။ ပတ်ဝန်းကျင်နဲ့ ထီးတည်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ပျောက်စေပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ
အဲကွန်း နှင့်လေပန်ကာသုံးသူများအတွက် ဆောင်ရန် ရှောင်ရန် အချက်များ
အိမ်မှာ နေ့စဉ်အသုံးပြုနေတဲ့ သွားတိုက်ဆေးဖြင့် အလွယ်တကူဖြေရှင်းနိုင်တဲ့ ပြသနာ ( ၁၅ ) မျိုး
Zawgyi
အိပ္ခန္းအတြက္ သင့္ေတာ္မွန္ကန္တဲ့ အပင္ေတြေ႐ြးခ်ယ္တာ ႏွစ္ၿခိဳက္စြာ ပိုအိပ္ေပ်ာ္ေစမယ့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္ႏိုင္ပါတယ္။ အလွဆင္ယင္မႈအျပင္ က်န္းမာေရး အက်ိဳးျဖစ္ထြန္းေစေၾကာင္း သက္ေသရွိပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေလထုကို စစ္ထုတ္ၿပီး မိမိအိမ္ကို ေအာက္ဆီဂ်င္ ျဖည့္ေပးလို႔ပဲ ျဖစ္ပါတယ္။
က်န္းမာေရးအက်ိဳးျဖစ္ေစႏိုင္တဲ့အပင္ေတြ မေရမတြက္ႏိုင္ေအာင္ ရွိပါတယ္။ ဒါေပမယ့္ အိပ္စက္ျခင္းနဲ႔ အိပ္ခန္းေလထုကို ပိုမိုေကာင္းမြန္ေစဖို႔ အထိေရာက္ဆုံး အပင္ (၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။
Snake plant ေႁမြပင္
အခ်ိန္အမ်ားဆုံး ကုန္ဆုံးေစတဲ့ အခန္းမွာ snake plant ထားပါက ပိုမိုသန႔္စင္တဲ့ ေအာက္ဆီဂ်င္ကို ဖန္းတီးေပးပါလိမ့္မယ္။ ဒီအပင္ရဲ႕ ေကာင္းခ်က္က ညဘက္မွာ ေအာက္ဆီဂ်င္ထုတ္လႊတ္ၿပီး ကာဗြန္ဒိုင္ေအာက္ဆိုက္ကို စုပ္ယူေပးျခင္းပါ။ Snake plant က ျပဳစုထိန္းသိမ္းစရာ သိပ္မလိုဘဲ အကုန္အက်လည္း မမ်ားတာေၾကာင့္ အိမ္အတြက္ သင့္ေတာ္ ေကာင္းမြန္ပါတယ္။ ဒီ snake plant မွာ မႏွစ္ၿမိဳ႕စရာ တခ်ိဳ႕ပါေပမယ့္ ေလထုကေန formaldehyde၊ trichloroethylene နဲ႔ benzene ေခၚ အဆိပ္အေတာက္ေတြ ထိန္းခ်ဳပ္ေပးပါတယ္။ ဒီအခ်က္အားလုံးက ပိုမိုသန႔္စင္တဲ့ ေလထုေၾကာင့္ ေကာင္းမြန္စြာ ညအိပ္ေပ်ာ္ေစတယ္။
စံပယ္ပင္
ဒီအပင္ဟာ သူ႔ရဲ႕ ေဝ့ဝိုက္တဲ့အႏြယ္၊ ေခါင္းေလာင္းသ႑ာန္အပြင့္ေသးေသးေလးမ်ားစုေပါင္းေနမႈေၾကာင့္ အိပ္ခန္းသြင္ျပင္ကို အေထာက္အပံ့ျဖစ္ေစႏိုင္တယ္။ ႏွစ္ၿခိဳက္စြာလည္း ပိုအိပ္ေပ်ာ္ေစပါတယ္။ စိုးရိမ္မႈ ေလ်ာ့နည္းေစၿပီး မနက္ လန္းဆန္းစြာ ႏိုးထေစပါတယ္။
ရွားေစာင္းလက္ပတ္ပင္
Aloe Vera က အိမ္အတြက္ အက်ိဳးရွိဆုံးအပင္မ်ားထဲ တစ္ခုျဖစ္ပါတယ္။ ေရာင္ရမ္းတာ၊ အမာ႐ြတ္နဲ႔ အေရျပားအပူေလာင္ သက္သာေစဖို႔ သဘာဝေဆးတစ္ခုျဖစ္သည့္ အျပင္ ခႏၶာကိုယ္ အဆိပ္အေတာက္မ်ား ရွင္းထုတ္ေပးတဲ့ အရာလည္း ျဖစ္ပါတယ္။ အိပ္ခန္းနဲ႔ တစ္အိမ္လုံးရွိ ေလထုကို သန႔္စင္ေပးပါတယ္။ ဒီ့ျပင္ အိမ္မွာ အႏၲရာယ္ျဖစ္ေစတဲ့ ဓာတုပစၥည္းမ်ားေနတဲ့အခါ ဒီအပင္မွာ အဝါကြက္ေတြျဖစ္ေပၚကာ အေျခအေနကို အသိေပးေနမွာျဖစ္တယ္။
အဂၤလိပ္တိုက္ကပ္ႏြယ္ပင္
English Ivy က ရွင္လြယ္ၿပီး အပူခ်ိန္အတန္အသင့္နဲ႔ ေနေရာင္ျခည္အတင့္သင့္ ထိေတြ႕တဲ့ေနရာမွာ အသက္ရွင္ပါတယ္။ Formaldehyde အဆိပ္အေတာက္ စုပ္ယူရာမွာ အထိေရာက္ဆုံးျဖစ္တယ္။
လာဗင္ဒါေရေမႊးပန္းပင္
သူ႔ ရနံ႔ရႉသြင္းတဲ့အခါ စိတ္ၿငိမ္ ခ်မ္းေျမ့မႈျဖစ္ေစပါတယ္။ ၎ရဲ႕ ေမႊးႀကိဳင္တဲ့ ရနံ႔ကို ဆပ္ျပာ၊ အဝတ္အစားနဲ႔ ေခါင္းေလွ်ာ္ရည္ေတြမွာ အဓိက အသုံးျပဳထားပါတယ္။ ထိေရာက္ေကာင္းမြန္တဲ့ သန႔္စင္ပစၥည္းျဖစ္တဲ့အျပင္ စိုးရိမ္ေသာကနဲ႔ အိပ္မေပ်ာ္ႏိုင္ျဖစ္ျခင္းမ်ား ကုသရာမွာ အံ့မခန္းပါပဲ။
သုေတသီမ်ားရဲ႕ ေလ့လာခ်က္အရ ေနအိမ္ အိပ္ခန္းမ်ားအတြင္းမွာ အပင္ေလးမ်ား စိုက္ပ်ိဳးထားရွိျခင္းဟာ လူရဲ႕စိတ္ကို သက္ေသာင့္သက္သာျဖစ္ေစၿပီး ညဖက္မွာလည္း ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ဖို႔ အေထာက္အကူျပဳတယ္လို႔ ဆိုပါတယ္။
အပင္ငယ္ေလးမ်ားကို အိပ္ခန္းထဲထားတဲ့အခါ သင့္ကိုတေယာက္တည္းျဖစ္ေနတယ္လို႔ ခံစားရတာမ်ိဳးကို ေလ်ာ့ပါးေစပါတယ္။ ပတ္ဝန္းက်င္နဲ႔ ထီးတည္းျဖစ္ေနတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးကို ေပ်ာက္ေစပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
ကိုယ့္ရဲ႕ ေနအိမ္ဝန္းက်င္ သန႔္ရွင္းသပ္ရပ္ေနတဲ့အခါ
အဲကြန္း ႏွင့္ေလပန္ကာသုံးသူမ်ားအတြက္ ေဆာင္ရန္ ေရွာင္ရန္ အခ်က္မ်ား
အိမ္မွာ ေန႔စဥ္အသုံးျပဳေနတဲ့ သြားတိုက္ေဆးျဖင့္ အလြယ္တကူေျဖရွင္းႏိုင္တဲ့ ျပသနာ ( ၁၅ ) မ်ိဳး
Ref : Trend Myanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ