Success Property Consultant ရဲ့ အထူးအစီအစဉ်ကတော့ ကြိုက်ဈေးဆစ်၊ ကြိုက်ဈေးရ၊ ကြိုက်တာယူသွား အစီအစဉ်ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အထင်ကရပရောဂျက်တွေဖြစ်တဲ့ Golden City, Kanbae Tower, River Front Garden Condo, Sky View Condo, Paragon Residence, My Residence နဲ့ Spring Line Condominium Project တို့ကို ပြသရောင်းချသွားတာပါ။
ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစတင်ပြီးရန်ကုန်မြို့ရဲ့ အဆင့်မြင့်ကွန်ဒိုတွေ၊ Mini Condo တွေနဲ့ တိုက်ခန်းတွေကို ဘဏ်နဲ့ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျ၊ နှစ်တိုအရစ်ကျတွေနဲ့ ဝယ်ယူလာခဲ့ကြပါတယ်။ Sedona Hotel (Yankin Ballroom) မှာကျင်းပခဲ့တဲ့ Most Amazing Private Property Sales Expo 2018 အိမ်ရာအရောင်းပြပွဲကြီးဟာလည်း ဘဏ်ချေးငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့စီစဉ်ပေးထားတာကြောင့် ပြပွဲမှာ KBZ Bank , AYA Bank နဲ့ Yoma Bank တို့က အိမ်ရာချေးငွေထုတ်ချေးပေးဖို့ပါဝင်ခဲ့ပါတယ်။