By Aye Sandar, Shweproperty.com
Updated at 21 July 2021
အိမ်တွင်းလေထုညစ်ညမ်းခြင်းဟု ဆိုရာတွင် အိမ်အတွင်းအပြင် လေဝင်လေထွက် စနစ်အားနည်းတာကြောင့် ဖြစ်နိုင်သလို၊ အိမ်အတွင်းအပြင် သန့်ရှင်းရေး ပုံမှန်မလုပ်ခြင်းကြောင့် အိမ်တွင်းခိုအောင်းနေသောဖုန်မှ တစ်ဆင့် အချိန်ကြာလာသည်နှင့် အမျှ မှိုများဖြစ်ပေါ်ကာ အခန်းတွင်းလေထုကအစ ကျန်းမာရေးနှင့်မညီ ဖြစ်လာပါတော့သည်။ ထိုမသန့်ရှင်းသောလေများကို ရှူရှိုက်မိရာကနေ နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေ ခံစားရနိုင်ချေရှိသည်။တခြားဖြစ်စေသော အကြောင်းအရင်းတွေကတော့ ထင်းနဲ့ မီးသွေးမီးဖိုတွေကို အသုံးပြုပြီး အစားအသောက်ချက်ပြုတ်တာမျိုး၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေများမှ ထွက်လာသော ဓာတ်ငွေ့များ၊ လေလုံတဲ့အခန်းတွင်း ဆေးလိပ်သောက်ခြင်း၊ စွန့်ပစ်အညစ်အကြေး၊ အမှိုက်များကို အိမ်အနီး ပတ်ဝန်းကျင်တွင် မီးရှို့ခြင်း စတာတွေကြောင့်လည်း လေထုညစ်ညမ်းလာရပါသည်။ လေထုညစ်ညမ်းခြင်းရဲ့ အကျိုးဆက်များကြောင့် လတ်တလောခံစားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့ ခေါင်းမူး၊ ခေါင်းကိုက်၊ မောပန်းခြင်း၊ ပင်ပန်းနွယ်လျခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း စတာတွေနဲ့ အရေးပြားယားယံတာခြင်းတွေပါ ဖြစ်စေနိုင်ပါသည်။ ရေရှည်မှာ ဖြစ်ပေါ်နိုင်တဲ့ကျန်းမာရေးပြဿနာတွေကတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ အဆုတ်ရောဂါ၊ နာတာရှည်အဆုတ်ပွလေပြွန်ကျဉ်းရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ အသံအိုးကင်ဆာရောဂါ၊ ကလေးငယ်တွေ အသက်ရှုလမ်းကြောင်းဆိုင်ရာဖွံ့ဖြိုးမှု အားနည်းတာနဲ့ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးတာတွေပါ ဖြစ်စေနိုင်ပါသည်။ အခန်းတွင်းလေထုညစ်ညမ်းမှုပြဿနာမှ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ - - နေအိမ်အခန်းပြတင်းပေါက်တွေနဲ့ မီးဖိုချောင်ကို လေဝင်လေထွက်ကောင်းအောင် ထားရမည်။ - အိမ်အတွင်း အခန်းအလုံပိတ်ကာ ဆေးလိပ်သောက်ခြင်းမျိုးနဲ့ မီးစက်မောင်းတာ၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ခြင်ဆေးခွေ ထွန်းတာတွေကို လုံးဝ ရှောင်ကျဉ်သင့်ပါသည်။ - ချက်ပြုတ်ရာမှာ ထင်းနဲ့ မီးသွေးအစား လျှပ်စစ်မီး (သို့) LPG ဓာတ်ငွေ့လောင်စာကို အသုံးပြုရမည်။ မီးခိုးအထွက်နည်းစေဖို့ စနစ်တကျပြုလုပ်ထားတဲ့ လောင်စာများကို ရွေးချယ်အသုံးပြုသင့်ပါသည်။ - အိမ်အနီးပတ်ဝန်းကျင်မှာ အမှိုက်သရိုက်တွေ စုပုံထားတာ၊ မီးရှို့တာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါသည်။ အနံ့ဆိုးထွက်တဲ့ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လူနေရပ်ကွက်နဲ့ လုံလောက်တဲ့ အကွာအဝေးတွင် ရှိသင့်ပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး စံချိန်စံညွှန်းများ နဲ့ အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သင့်ပါသည်။ ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နေချင်စဖွယ်အခန်းလေးနောက်ကွယ်က လျှို့ဝှက်ချက် အိမ်တွင်းသန့်ရှင်းသပ်ရပ်မှုသည် ကျန်းမာရေးအတွက် ပဓာနကျပုံ အညံ့များဆက်တိုက်ဖြစ်စေ၍ အိမ်တွင်မထားအပ်သောပစ္စည်းများ Written By: Aye Sandar, ShweProperty.com Posted By : Sint Sint, ShweProperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ