By Chan Myae, Shweproperty.com
Updated at 3 June 2022
တစ်နှစ်တစ်နှစ် ဒေါ်လာသန်းပေါင်းများစွာ ဝင်ကြေးရှိတဲ့ ထိပ်တန်းအားကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ရလာတဲ့ငွေကို သုံးစွဲပုံချင်း မတူကြပါဘူး။ Sports Stars တွေရဲ့ Lifestyle ဟာ သိပ်ကို Luxury ဆန်လွန်းပါတယ်။ သူတို့ရဲ့ အဝတ်အစား ၊ စီးတဲ့ ကားနဲ့ နေထိုင်တဲ့ အဆောက်အဦတွေဟာ တကယ့်ကိုမှ ထိပ်တန်းဆိုတဲ့ဈေးနဲ့ လာတာပါ။ ဒီတစ်ခေါက်မှာ ကမ္ဘာကျော်အားကစားကြယ်ပွင့်တွေပိုင်ဆိုင်တဲ့ ဈေးအကြီးဆုံး စံအိမ် ၅ လုံးအကြောင်း မျှဝေပေးသွားမှာပါ။ (၅) တွမ်ဘရာဒီ American Football အသင်း နောက်တန်း Quarterback ကစားသမား တွမ်ဘရာဒီရဲ့ စံအိပ်ဟာ လော့စ်အိန်ဂျလိစ် လူကုံထံရပ်ကွက်ဖြစ်တဲ့ ဘရန့်ဝုဒ်မှာ ရှိပါတယ်။ စတုရန်းပေ ၂၂၀၀၀ ကျယ်ပြီး အိပ်ခန်း ၈ ခန်း ၊ ကား ၆ စီးထားနိုင်တဲ့ ဂိုဒေါင်တစ်ခု ၊ Spa နဲ့ အားကစားလေ့ကျင့်နိုင်တဲ့ အခန်းပါ ရေကူးကန်တစ်ခုလည်း ပါရှိပါတယ်။ အိမ်နံရံတွေကို တက္ကဆက် ထုံးကျောက်သုံးမျိုးနဲ့ တည်ဆောက်ထားတာပါ။ ဒေါ်လာ ၂၇.၂ သန်းတန်တဲ့ စံအိမ်ကြီးလည်း ဖြစ်ပြီး အမိုးကို ဆိုလာပြားတွေနဲ့ မိုးထားပါတယ်။ (၄) မိုက်ကယ်ဂျော်ဒန် ကမ္ဘာ့အကြီးကျယ်ဆုံး NBA ဘတ်စကတ်ဘောသမား မိုက်ကယ်ဂျော်ဂန်ရဲ့ စံအိမ်မဟာကြီးဟာ အီလီနွိုက်စ်ပြည်နယ် ချီကာဂိုမှာ ရှိပါတယ်။ အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်းအိမ်သာ ၁၅ လုံး ၊ ၃ ယောက်အိပ်နိုင်မယ့် ဧည့်သည်နားနေခန်း ၊ ကားဂိုဒေါင် ၃ ခု ၊ ရေကူးကန် ၊ တင်းနစ်ကွင်း နဲ့ ရေကန်ကြီးတစ်ခု ပါရှိပါတယ်။ ဆေးလိပ်သောက်ဖို့ အခန်းနဲ့ ကား ၁၄ စီး ထားနိုင်တဲ့ ဂိုထောင်ကြီးတစ်ခုလည်း ပါရှိပါတယ်။ ခန့်မှန်း တန်ဖိုး ဒေါ်လာ ၂၉ သန်း တန်ပါတယ်။ (၃) ဒေးဗစ်ဘက်ခ်ဟမ်း ၂၀၁၅ အောက်တိုဘာလထဲမှာ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဘက်ခ်ဟမ်းနဲ့ ဇနီးသည် ဗစ်တိုးရီးယားဘက်ခ်ဟမ်းတို့ဟာ သူတို့ရဲ့ ၁၂ ဧက ကျယ်တဲ့ ဟာ့တ်ဖို့ဒ်ရှိုင်းယားက အိမ်ကြီးကို ပေါင် ၁၂ သန်းနဲ့ ရောင်းချခဲ့ပြီး ကန်ဆင်တန် ချယ်လ်ဆီးမှာ ဘက်ခ်ဟမ်းနန်းတော်သစ်တစ်ခုကို ဆောက်ခဲ့ပါတယ်။ ပေါင်သန်း ၃၀ ကျသင့်တဲ့ အဆောက်အဦဖြစ်ပြီး ပြန်ပြီးမွမ်းမံတာက ပေါင် ၅ သန်းဖို့ ရှိပါတယ်။ လက်ရှိဈေးနဲ့ဆို ဒေါ်လာ ၅၇.၁ သန်း ပေါက်ပါတယ်။ (၂) တိုက်ဂါးဝုဒ် ဂန္ဓဝင်ဂေါက်ရိုက်သမားတစ်ဦးဖြစ်တဲ့ တိုက်ဂါးဝုဒ်ကလည်း အိမ်အတွက် ပိုက်ဆံ အကြီးအကျယ်သုံးသူ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က ဇနီးဟောင်းနဲ့ ပြတ်စဲမှုမှာ ဒေါ်လာသန်း ၁၀၀ လျော်ကြေးပေးခဲ့တာတောင် ဂျူပီတာအိုင်းစ်လန်းက အိမ်ကြီးကို ဒေါ်လာသန်း ၆၀ လောက် ပေးဝယ်ခဲ့တာပါ။ အိမ်ထဲမှာ ဂေါက်ကျင်း ၄ ခုနဲ့ မြေဧက ၃.၅ ဧက ပါဝင်တဲ့အပြင် အပြေးလေ့ကျင့်ဖို့ ပြေးလမ်းနဲ့ ဝိုင်ထားတဲ့ အခန်းတွေလည်း ပါဝင်ပါတယ်။ (၁) ဂရက်နော်မန် ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမားဂရက်နော်မန်ဟာ တိုက်ဂါးဝုဒ်နဲ့ အိမ်နီးချင်း ဖြစ်ပြီး ဖလော်ရီဒါ ၊ ဂျူပီတာအိုင်းစ်လန်းမှာပဲ စံအိမ်ကြီး ဝယ်ထားပါတယ်။၁၉၉၁ ခုနှစ်က ဒေါ်လာ ၆.၄ သန်းပေးဝယ်ခဲ့ပြီးနောက် နောက်ထပ် စတုရန်းမီတာ ၆၃၂ မီတာ ထပ်တိုးချဲ့ခဲ့တာပါ။ ၂၀၀၇ ခုနှစ်မှာ အိမ်ကို ထပ်မွမ်းမံခဲ့ပြီးနောက် အိမ်ရဲ့တန်ဖိုးဟာ ၈၅ သန်းအထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ ခြံထဲမှာတင် အိမ်စုစုပေါင်း ၈ လုံး ရှိပြီး အိမ်မကြီး နဲ့အတူ ၊ ရေကူးကန်အိမ် ၊ လေ့ကျင့်ရေးအိမ် ၊ တင်းနစ်ကစားတဲ့အိမ် ၊ လှေအိမ် ၊ ကမ်းခြေအိမ်နဲ့ စတိုအိမ်အပြင် စတုရန်းမီတာ ၄၆၅ မီတာ ကျယ်တဲ့ မြေအောက်ခန်းလည်း ပါရှိပါတယ်။ အခုတော့ ဒီအိမ်ကို သန်း ၆၀ နဲ့ ရောင်းချလိုက်ပါတယ်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ကမ္ဘာကျော်အနုပညာရှင်များနှင့် သူတို့၏ ခမ်းနားကြီးကျယ်သော အိမ်များ ဒီနှစ်တွေမှာ အိမ်မဆောက်ပါနဲ့ ငွေနည်းနည်းနဲ့ အိမ်တွင်းအလှဆင်နိုင်မယ့် နည်းလမ်းတွေ အိမ်ထဲမှာ ထားရင် ကံဆိုးစေတယ်လို့ အယူရှိတဲ့အရာတွေ Credit By : Kwee Posted By : Chan Myae (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ