By Myanmar Builders Guide, Shweproperty.com
Updated at 7 May 2019
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ (MOTC) ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ (YRG) နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ရန်ကုန်မြို့ပြလူထုရထားပို့ဆောင်ရေးစီမံကိန်း (Yangon Urbam Mass Rapid Transit) (YUMRT) ၏ စီမံကိန်းလုပ်ငန်း အပိုင်း (၁)အား စတင်အကောင်အထည်ဖော်နိုင်ရန် အကျုံးဝင်သည့် နောက်ဆုံးနေ့အား ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကြေငြာချက် အမှတ် (၃၂/၂၀၁၉) ဖြင့် မေလ (၃) ရက်က ထုတ်ပြန်ခဲ့သည်။အဆိုပါစီမံကိန်းလုပ်ငန်းစဉ် အပိုင်း (၁) ဖြစ်သည့် (လှိုင်သာယာ-ပါရမီ)လမ်းပိုင်း၊ အရှည် (၁၈)ကီလိုမီတာကို ကနဦးတည်ဆောက်မည်ဖြစ်သည်။
ထိုအပိုင်း စတင်အကောင်အထည် ဖော်ရာတွင် ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက် (၁၃၈၁ ခုနှစ်၊ ကဆုန်လဆန်း (၃)ရက်) အား အကျုံးဝင်သည့် နောက်ဆုံးရက် Cut-off Date (COD) အဖြစ် တရားဝင်ထုတ်ပြန်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
စီမံကိန်းလုပ်ငန်းအပိုင်း (၁) သည် လှိုင်သာယာဘူတာမှစတင်ပြီး ရန်ကုန်-ပုသိမ် လမ်း အတိုင်း လှိုင်မြစ်ကိုဖြတ်ကျော်၍ ပါရမီလမ်းအတိုင်း ပါရမီဘူတာအထိပါဝင်ကြောင်း၊ လိုအပ် သောလမ်းအကျယ်မှာ ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်တွင် (၂၉) မီတာ၊ ပါရမီလမ်း တစ်လျှောက်တွင် (၂၂) မီတာဖြစ်သည်။
YUMRT ဆောင်ရွက်ရာတွင် ရထားလမ်း တစ် လျှောက် အကျိုးသက်ရောက်မည့်နေရာများမှာ - လှိုင်သာယာဘူတာပရဝဏ်အတွင်း YUMRT ယဒ်ဝင်းတည်ဆောက်ရန် (၅၄၁ ဒသမ ၃၆) ဧက (၂၂ ဟက်တာ) ၊ ရန်ကုန်-ပုသိမ် လမ်းတစ် လျှောက်တွင် ရထားလမ်း၏ အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ (၁၄ ဒသမ ၅) မီတာ အကျယ်၊ ပါရမီလမ်းတစ်လျှောက်တွင် အလယ်မျဉ်းမှ တစ်ဖက်တစ်ချက်စီ (၁၁) မီတာ အကျယ်ဖြစ် ကြောင်း သိရသည်။
JICA ၏ သဘာဝပတ်ဝန်းကျင်နှင့် ဘူတာပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းမူဝါဒနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများမှ ချမှတ်ထားသောစံနှုန်းများနှင့် အညီ ၂၀၁၉ ခုနှစ်၊ မေလ (၆) ရက်မှ ဇွန်လ (၃၀)ရက်အထိ ကာလအား စီမံကိန်းတစ်ခုလုံးကို စစ်တမ်းကောက်ယူမည့် ကာလဖြစ်ပြီး စစ်တမ်းကောက်ယူမည့် ပထမဆုံးရက်ဖြစ်သည့် ဇွန်လ (၆) ရက်အား အကျုံးဝင် သည့် နောက်ဆုံးနေ့ COD (Cut-off Date) အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာခြင်းခဲ့ဖြစ်သည်။
အဆိုပါ စစ်တမ်းကောက်ယူမည့် မေလ (၆) ရက်မှ ဇွန်လ (၃၀) ရက်ကာလတွင် စီမံကိန်းဧရိယာအတွင်း မြေသိမ်းဆည်းရေးနှင့် ပြန်လည်နေရာချထားရေး ပံ့ပိုးမှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ COD ကာလနောက်ပိုင်း စီမံကိန်းအပိုင်း (၁) နယ်မြေအတွင်း တည်ရှိနေသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်း၊ အဆောက်အအုံ သစ်တည်ဆောက်ခြင်း၊ မြေယာလွှဲပြောင်းခြင်း၊ ရောင်းချခြင်းများအတွက် မြေယာလျော်ကြေး နှင့် ပြန်လည်နေရာချထားရေး၊ ဂရုဏာကြေးပံ့ပိုးမည့်အစီအစဉ်များ ရရှိခံစားနိုင်မည်မဟုတ် ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ