By The Trade Times, Shweproperty.com
Updated at 30 July 2015
မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေး ဦးစီးဌာနက တည်ဆောက်နေတဲ့ မန္တလေးရှိ မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းကို လုပ်သက် ၂၅နှစ်နဲ. အထက် နိုင်ငံဝန်ထမ်းတွေကို ဦးစားပေးရောင်းချမယ်လို.သိရပါတယ်။
‘အပိုင်း(၁)ကတော့ စဆောက်နေပြီ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ပြီးလိမ့်မယ်၊ အပိုင်း(၂)ကတော့ လျာထားတုန်းရှိသေးတယ်’လို. မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။
အဲသည့် တန်ဖိုးနည်းအိမ်ရာကို မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေးဘဏ်နဲ. ပူးပေါင်းပြီး အရစ်ကျစနစ်(သို.မဟုတ်) လက်ငင်းငွေချေစနစ်နဲ. ရောင်းချပေးသွားမှာ ဖြစ်တယ်လို. သိရပါတယ်။ အဲသည့် အိမ်ရာစီမံကိန်းရဲ. အပိုင်း(၁)ကို ၁၀.၂၈ဧကရှိတဲ့ မြေဧရိယာမှာ တည်ဆောက်မှာဖြစ်ပြီး လေးခန်း တွဲလေးထပ် ၂၇လုံးနဲ. တည်ဆောက်တာဖြစ်ပါတယ်။
အပိုင်း(၂)ကိုတော့ ၈.၂၁ရှိတဲ့ စီမံကိန်းမြေဧရိယာမှာ တည်ဆောက်မှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ. ရဲ. ညွှန်ကြားချက်နဲ. ရောင်းချမှာ ဖြစ်တယ်လို. သိရပါတယ်။
မန္တလေးမြို.တော်စည်ပင်သာယာရေးကော်မတီက ရောင်းချတဲ့ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းကို မဲစနစ်နဲ. အခန်းပေါင်း ၉၀၀ဝန်းကျင် ရောင်းချပေးခဲ့တယ်လို. သိရပါတယ်။
Ref : The Trade Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ