By Globel Journal, Shweproperty.com
Updated at 7 May 2015
စမ်းချောင်းမြို့နယ်အတွင်းရှိ မြေနီကုန်း ခုံးကျော်တံတားကို လိုင်းကားတွေ အသုံးပြုနိုင်ဖို့အတွက် ပတ်ဝန်းကျင်မှတ်တိုင်တချို့ နေရာပြောင်းလဲမယ်လို့ မထသ (ဗဟို) ကော်မတီဥက္ကဌ ဦးလှအောင်က ပြောပါတယ်။
“မြေနီကုန်းခုံးကျော်တံတားပေါ် ဘတ်စ်ကားတွေ တက်ခွင့်ပြုထားပါတယ်။ အချိန်မရွေးဖြတ်လို့ ရပါတယ်။ တချို့ကမှတ်တိုင်နဲ့ နီးနေလို့ ဖြတ်တဲ့အခါ ကြက်ခြေခတ် ဖြတ်ရတယ်။ အဲ့ဒီလိုမဖြတ်ချင်လို့ ခုံးတံတားအောက်မျှောလိုက်တာကို ခရီးသည်တွေက တံတားပေါ်ဘတ်စ်ကားမဖြတ်ရဘူးလို့ ယူဆပုံပေါ်ပါတယ်။ကျွန်တော်တို့ ဖြတ်သန်းခွင့်ပြုထားပါတယ်”လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိုပါတယ်။
ဟံသာဝတီဘက်ခြမ်းကလာတဲ့ လိုင်းကားတွေဟာ မြေနီကုန်းကိုသွားရာ မြေနီကုန်းမီးပွိုင့်က ခုံးတံတားနဲ့ နီးကပ်နေတဲ့အတွက် မှတ်တိုင်ရပ်တဲ့ ဘတ်စ်ကားတွေဟာ ဘယ်ဘက်ကိုတက်မည့်အချိန် ညာဘက်မှ ဝင်လာတဲ့ကားတွေနဲ့ အန္တာရာယ်ရှိတာကြောင့် ယာဉ်စည်းကမ်းထိမ်းသိမ်းရေး ကော်မတီမှ ကွင်းဆင်းလေ့လာပြီး မှတ်တိုင်တွေနေရာ ပြောင်းလဲရေး စီမံဆောင်ရွက် သွားမယ်လို့သိရပါတယ်။
အခုအခါ မြေနီကုန်းခုံးကျော်တံတား အနီးမှာ မထသ(ဗဟို)ကော်မတီမှ တာဝန်ရှိသူတွေချထားပြီး ဘတ်စ်ကားတွေကို မြေနီကုန်းခုံးကျော်တံတားပေါ် ဖြတ်သန်းပြေးဆွဲဖို့ ဆောင်ရွတ်နေတယ်လို့ သိရပါတယ်။
ဘတ်စ်ကားတွေဟာ ဧပြီ (၃၀) ရက်ကစပြီး မြေနီကုန်းခုံးကျောတံတားပေါ်မှ ဖြတ်သန်းခြင်းမပြုပဲ တံတားအောက်မှသာ မောင်းနှင် နေကြတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေတယ်လို့ ခရီးသည်တချို့ ကဆိုပါတယ်။
Ref : Globel Journal (fri, 8, May)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ