By Myanmar Times, Shweproperty.com
Updated at 24 December 2014
နှစ်ရှည် ငှားရမ်းဆောက်လုပ်ခွင့်ပြုခဲ့သော မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်းရှိ အဆောက်အအုံလုပ်ငန်းများကို လက်ရှိအစိုးရလက်ထက်တွင် အပြီးဆောင်ရွက်ရ မည်ဟု ညွှန်ကြားထားသော်လည်း ကုမ္ပဏီများ၏ အခြေအနေအရ ပြီးပြတ်ရန်မသေချာ ကြောင်း ရန်ကုန်မြို့တော်စည် ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ယခုလ ၁၆ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီအစိုးရလက်ထက်မှာ အပြီးလုပ်ရမယ် လို့တော့ ညွှန်ကြားထားတယ်။ ဒါပေမဲ့ တချို့ ကုမ္ပဏီတွေဘက်က ဒီဇိုင်းမရလို့ မတင်နိုင် သေးဘူး။ တည်ဆောက်မယ့် လုပ်ငန်းစဉ်တွေ ကို ဒီဇိုင်းနဲ့တကွတင်ပြမှ ဆက်လုပ်လို့ရမယ့် အပိုင်းတွေက ရှိသေးတယ်လေ။ အဲဒီတော့ နောက်အစိုးရ လက်ထက်ပဲ ကူးမလား၊ ဘယ်လို ဖြစ် လာဦးမလဲတော့ မသိသေးဘူး" ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန တာဝန်ရှိသူက ပြောသည်။
မြကျွန်းသာ အပန်းဖြေဥယျာဉ်ကို ၂၀၁၀ ပြည့်နှစ်က စတင်၍ ပုဂ္ဂလိကကုမ္ပဏီများ ၀င်ရောက်လုပ်ကိုင်ခွင့် ပေးခဲ့ပြီးဖြစ်သော် လည်း ၂၀၁၂-၁၃ ခုနှစ်တွင် စာချုပ်များ ပြန်လည်ပြင်ဆင်ချုပ်ဆိုခဲ့ရသည်။
"အရင်တုန်းက ကာကွယ်ရေးဝန်ကြီးဌာန အပိုင်ဆိုတော့ ကာကွယ်ရေးနဲ့ချုပ်ထားတာ။ နောက်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းရယူလိုက်တယ်။ အဲဒီအခါကျ ခေတ်ကာလနဲ့လျော်ညီတဲ့ နှုန်းထားတွေကို ပြန်လည်ပြင်ဆင်ချုပ်ဆိုရတယ်။ ကုမ္ပဏီတွေဘက်ကလည်း ခေတ်ကာလနဲ့လျော်ညီတဲ့ ဒီဇိုင်းအပြင်အဆင်မျိုးတွေ ဖြစ်ချင်တယ်။ သူတို့ရဲ့လုပ်ငန်းစဉ်အတိုင်းပဲ ပြင်ဆင်မှုတွေလုပ်သွားကြမှာပေါ့။ အများစု က နိုင်ငံခြားဒီဇိုင်းတွေဆိုတော့ဒီဇိုင်းပိုင်းမှာ ကြာတယ်နဲ့ တူပါတယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
မြကျွန်းသာတွင် လုပ်ကိုင်ခွင့်ရရှိသည့် ပုဂ္ဂလိကကုမ္ပဏီ ရှစ်ခုရှိပြီး နှစ် ၃၀ ဘီအိုတီ စနစ်ဖြင့်ငှားရမ်းခွင့်ရရှိထားပြီး ဖြစ်သည်။ လုပ်ငန်းများအနက် ရေပေါ်ဂေါက်ကွင်းမှာ ဖွင့်လှစ်ထားပြီးဖြစ်ကာဈေးဝယ်စင်တာများ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံနှင့် ဂိမ်း စင်တာ တို့မှာ ဆောက်လုပ်နေဆဲဖြစ်သည်။ "လုပ်ငန်းတွေအနေနဲ့ ကန်ရေပြင်ဘက်ကို လုံးဝကျူးကျော်ခွင့်မရှိပါဘူး။ ရေထဲကို ဘာမှ မစွန့်ပစ်ရအောင်၊ အမှိုက်သရိုက်နဲ့ ညစ်ပတ် မသွားအောင်ကန်ကို ထိန်းသိမ်းစောင့်ရှောက် မှုလုပ်ငန်းတွေ သေချာလုပ်ထားပါတယ်" ဟု ၎င်းက ပြောသည်။
မြကျွန်းသာ၏ အထင်ကရဖြစ်သော သစ်ပင်များကိုလည်း သေချာထိန်းသိမ်းသွား ရမည်ဖြစ်ပြီးမြကျွန်းသာသည် အစိမ်းရောင် ဇုန် (ွမနနည ဗမနေ) ထဲတွင် ပါဝင်ခြင်းမရှိ ကြောင်း၊ ယခင်ကစုံတွဲများအလည်သွားရုံ ပန်းခြံတစ်ခုဖြစ်ခဲ့သော မြကျွန်းသာသည် ယခုအခါ မိသားစုလိုက်အပန်း ဖြေနိုင်ပြီး လူထုစိတ်ဝင်စားမှုရရှိသော နေရာတစ်နေရာ ဖြစ်လာခြင်းမှာ ကောင်းမွန်သည်ဟုထင်မြင်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။
"လတ်တလောမှာတော့ မြေရာရှုခင်း လုပ်ငန်းတွေကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်နေပါတယ်။ နောက် မြကျွန်းသာ ဥယျာဉ်ကို ဖြတ်သန်းသွားလာလို့ရတဲ့လမ်း ဖောက်နေတယ်။ ဥယျာဉ်တစ်ခုလုံးကို အဆင့် မြှင့်လုပ်ငန်းတွေ ဆောင်ရွက်နေတယ်။ တချို့ အဆောက်အအုံတွေကတော့ဟိုတုန်းက တည်းက လုပ်ဖို့ပြင်ဆင်နေတာ။ အသစ်တိုးတဲ့ ကုမ္ပဏီတချို့လည်းရှိတော့ လုပ်ငန်း အများ စုကိုတော့ အခုနောက်ပိုင်းမှ လုပ်လာကြတယ် လို့ ပြောလို့ရတယ်" ဟု မြကျွန်းသာကော်မ တီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီရှစ်ခုမှာ Inya Palace-Magic Land၊ အေဒင်၊ နေလ၀န်း၊ UGကုမ္ပဏီ၊ Myanmar Golden Star ကုမ္ပဏီနှင့် မက်စ်မြန်မာကုမ္ပဏီတို့ ဖြစ်ပြီး မြကျွန်းသာ၏ အကျယ်အ၀န်းမှာ စုစုပေါင်း ၄၄ ဒသမ ၅၀၆ ဧက ရှိသည်။
Ref : Myanmar Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ