By Aye Sandar, Shweproperty.com
Updated at 29 January 2021
အဆိုပါ မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာအား၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ငွေလုံးငွေရင်း ခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၄ ဒဿမ ၉၉) ဘီလီယံ ကျပ်ဖြင့် (၈)ခန်းတွဲ (၅) ထပ်တိုက် (၈) လုံးကို စီမံကိန်း ပထမအဆင့် အနေဖြင့် ဖော်ဆောင်ခဲ့ပြီး YMDP Co., Ltd အနေဖြင့် စီမံကိန်း ပထမအဆင့်ပါ (၈) ခန်းတွဲ (၅) ထပ်တိုက် (၈) လုံးအား Main Contractor အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ လူနေအိမ်ခန်း (၄၄၈) ခန်းပါ (၈) ခန်းတွဲ (၅)ထပ်တိုက် (၁၄)လုံးနှင့် ဝန်ထမ်းအိမ်ရာနေ ပြည်သူများ၏ လူမှုစီးပွားဆိုင်ရာ များ အသုံးပြုနိုင်မည့် အခန်းပေါင်း (၂၈) ခန်း၊ စုစုပေါင်း (၄၇၆)ခန်း ပါဝင်သည့် မြနန္ဒာနိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ဇန်နဝါရီ ၂၈ ရက်ကဖွင့်လှစ်လိုက်ကြောင်း Yangon Metropolitan Development Public Co., Ltd မှ သိရသည်။ နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ မြနန္ဒာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)၊ မြေတိုင်းရပ်ကွက် အမှတ်(၇၃)၊ မြနန္ဒာလမ်းရှိမြေဧရိယာ (၅.၃၄) ဧကပေါ် တွင် တည်ဆောက်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း များအနေဖြင့် အိမ်ငှားနေထိုင်ရမှုကြောင့် ဝင်ငွေဆုံးရှုံးမှုကို လျော့ကျစေလျက် ရရှိသော အခြေခံလစာအပေါ်မူတည်၍ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင် ဈေးနှုန်း သက်သာစွာ နေထိုင်နိုင်ရန် စီမံဆောင်ရွက်ထားခြင်းဖြစ်ကာ အရာထမ်းဖြစ်ပါက လစာ၏ ၅ ရာခိုင်နှုန်းနှင့် ဝန်ထမ်းဖြစ်ပါက ၃ ရာခိုင်နှုန်းဖြင့်သက်သက်သာသာ ငှားရမ်းခွင့်ရမည်။ ဆက်လက်ပြီးနောက်ထပ် (၈) ခန်းတွဲ (၅) ထပ်တိုက် (၆) လုံးနှင့် လိုအပ်သည့် အခြေခံအဆောက်အဦးများ ပါဝင်သည့် စီမံကိန်း ဒုတိယအဆင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ဘဏ္ဍာရန်ပုံငွေ (၅ ဒသမ ၂၁) ဘီလီယံကျပ်ဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးရ သတင်းများ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ပြည်သူ့ အငှားအိမ်ယာစီမံကိန်းကို တစ်နှစ်အတွင်းတည်ဆောက်မည် အခန်းပေါင်း ၁ သောင်းကျော်ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာစီမံကိန်း ဆောက်လုပ်နေမှုအခြေအနေ မြို့ကြီး ၃ မြို့နယ်တွင် အငှားအိမ်ရာ အခန်းပေါင်း ၁သောင်းကျော် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရှိ လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည့် AMATA SMART AND ECO CITY စီမံကိန်းဆောင်ရွက်နေ Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ