By 7daydaily, Shweproperty.com
Updated at 8 September 2015
စက်တင်ဘာ ၇ ရက်က ထုတ်ပြန်သော ကမ္ဘာ့သစ်တော ပြုန်းတီးမှုအများဆုံးစာရင်းတွင် မြန်မာနိုင်ငံက အဆင့်(၃)နေရာ ၌ ရပ်တည်နေသည်။ ငါးနှစ်တာ အတွင်း မြန်မာနိုင်ငံ၌ သစ်တော ဟက်တာ ငါးသိန်းလေးသောင်းနှုန်း ဖြင့် နှစ်စဉ်ပြုန်းတီးလျက်ရှိသည်။
၂၀၁၀ မှ ၂၀၁၅ အတွင်း ကမ္ဘာ့သစ်တောများ မည်မျှပြုန်း တီး ခဲ့သည်ကို အစီရင်ခံထားသော အစီရင်ခံစာကို ကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က စက်တင်ဘာ ၇ ရက် က အာဖရိကနိုင်ငံ ဒါဘင်မြို့တွင် ကျင်းပသည့် ကမ္ဘာ့သစ်တောများ ကွန်ဂရက်၌ ထုတ်ပြန်ခြင်းဖြစ် သည်။
သစ်တောပြုန်းတီးမှုလျော့ နည်းလာစေရန် ၂၀၁၄ ဧပြီ ၁ ရက်ကစ၍ ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှု ရပ်ဆိုင်းခဲ့သော် လည်း မြန်မာနိုင်ငံ၏ သစ်တော ပြုန်းတီးမှုသည် ၂၀၁၀ ပြည့်နှစ် က ကောက်ယူခဲ့သော သစ်တောပြုန်းတီးမှု အများဆုံးနှင့် နှိုင်းယှဉ်ပါက အဆင့် (၄)မှ အဆင့် (၃)သို့ တက်လာခြင်းဖြစ်သည်။
နှစ်စဉ်သစ်တောပြုန်းတီးမှု အများဆုံး ဆယ်နိုင်ငံစာရင်းတွင် ဘရာဇီးနိုင်ငံက အဆင့်(၁)နေ ရာတွင်ရှိပြီး အင်ဒိုနီးရှားနိုင်ငံက အဆင့်(၂)၊ မြန်မာက အဆင့်(၃) နေရာတွင် ရှိသည်။ ယခင်က အ ဆင့်(၃)နေရာတွင်ရှိခဲ့သည့် ဆူ ဒန် နိုင်ငံက ယခုနှစ်ထွက်ရှိလာ သည့် ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံများစာရင်း၌ မပါဝင်တော့ပေ။
ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းလိုက်သော် လည်း သစ်တောပြုန်းတီးမှုများရှိ နေခြင်းမှာ တောင်ယာ စိုက်ပျိုး ခြင်း၊ တောမီးလောင်ခြင်း၊ သစ် ခိုးခုတ်ခြင်း၊ ကြီးမားသည့် စက်မှု ဇုန်သီးနှံများ စိုက်ပျိုးခြင်း၊ သတ္တု တူးဖော်ခြင်း၊ ရေအားလျှပ်စစ်စီမံ ကိန်းများ အကောင်အထည်ဖော် ခြင်း၊ မြို့ရွာအိုးအိမ်ချဲ့ထွင်မှုများ ခြင်းနှင့် လမ်းများ၊ ပိုက်လိုင်းများ ဖောက်လုပ်ခြင်းတို့ကြောင့် ဖြစ် ကြောင်း သစ်တောရေးရာကျွမ်း ကျင်သူများကပြောသည်။
‘‘တရားမဝင် သစ်ခိုးခုတ်မှု ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရ ဦးမယ်။ ဆောင်ရွက်ရာမှာလည်း သစ်တောတစ်ခုတည်းနဲ့မရဘူး။ အားလုံးပူးပေါင်းပါဝင်မှရမယ်။ အဓိကအကျဆုံးက သစ်ခိုးထုတ် မှုမြင့်တက်နေတဲ့ နယ်စပ်ဒေသ တွေမှာ Law Enforcement ကို ထိရောက်အောင် တိုးမြှင့်ရပါ မယ်’’ဟု သစ်တောဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုကပြောသည်။
ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းလိုက်သည်ဟုဆို သော်လည်း မြန်မာနိုင်ငံ၏ စီးပွား ရေးသည် သစ်ထုတ်လုပ်ခြင်းအပေါ်နှစ်ပေါင်းများစွာမှီခိုခဲ့သည်။နှစ် စဉ်တောထွက်အတိုင်းသာ ထုတ် ရမည့်သစ်ပမာဏထက် များပြား စွာသစ်ထုတ်လုပ်ခဲ့သည်။
‘‘အနားမပေးဘဲ ထပ်ကာ ထပ်ကာ ထုတ်ထားတဲ့ တောအတန်းအစားလျော့နေတဲ့ တောတွေကိုလုံး၀ အနားပေးမှရတော့မယ်။ စီမံခန့်ခွဲမှု စီမံကိန်းမှာလည်း နှစ်စဉ်ထွက်ရှိနိုင်မယ်။ တောထွက်အတိုင်းသာ ထုတ်လုပ်ရပါတော့မယ်’’ဟု သစ်တောဦးစီးဌာနလက်ထောက် ညွှန်ကြားရေးမှူးဦးအေးချိုက ပြောသည်။
အနှစ်(၃၀)လျှင် တစ်ကြိမ် သစ်ထုတ်လုပ်ရမည် ဆိုသော် လည်း တစ်ကြိမ်ထက်ပို၍ သစ် ထုတ်လုပ်ခြင်းများရှိခဲ့သောကြောင့် တောအတန်းအစားများ လျော့ကျခဲ့ရသည်ဟု ဦးအေးချိုက ဆို သည်။
မြန်မာနိုင်ငံသည် ငါးနှစ်အ တွင်း ၁ ဒသမ ၇ ရာခိုင်နှုန်းပြုန်း တီးခဲ့ပြီး နှစ်စဉ်သစ်တောပြုန်းတီး မှုဟက်တာ ငါးသိန်းလေးသောင်း (ဧကတစ်သန်းကျော်)ပျက်စီးပြုန်း တီးခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့သစ် တောပြုန်းတီးမှုနိုင်ငံများတွင် အ မြင့်ဆုံး သစ်တောပြုန်းတီးမှု စာ ရင်း၌ ပါဝင်သည်ဟု FAO က ဆို သည်။
မူရင်း ကျန်ရှိသည့် သစ် တောဟက်တာ ၃၁ သန်းကျော်မှ ငါးနှစ်အတွင်း ဟက်တာ သုံးသန်း ခန့်ပြုန်းတီးခဲ့ခြင်းဖြစ်သည်။ တစ် နိုင်ငံလုံး၏ သစ်တောဖုံးလွှမ်းမှုဧရိယာသည်ယခင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းမှ ၁ ဒသမ ၇ ရာခိုင်နှုန်း ခန့်လျော့လာသဖြင့် ယခုနှစ်တွင် ၄၅ ရာခိုင်နှုန်းသာကျန်ရှိတော့ သည်။
အာဆီယံ နိုင်ငံများတွင် ဖိ လစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံက သစ်တောဖုံးလွှမ်းမှုပြန်မြင့်တက် သည့် နိုင်ငံများစာရင်း၌ ပါဝင် နေပြီး အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ က သစ်တောပြုန်းတီးမှုအများဆုံး နိုင်ငံများစာရင်း၌ ပါဝင်နေဆဲဖြစ် သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နှင့်အိန္ဒိ ယနိုင်ငံတို့မှာ သစ်တောဖုံးလွှမ်းမှု ပြန်လည်မြင့်တက်လာသည့်နိုင်ငံများ စာရင်းတွင်ပါဝင်သည်။သစ်တောဖုံးလွှမ်းမှုပြန်လည်မြင့်တက်လာသည့် ဆယ်နိုင်ငံ စာရင်းတွင် တရုတ်နိုင်ငံက အဆင့်(၁)တွင်ရှိပြီး အိန္ဒိယနိုင်ငံက အဆင့်(၈တွင်ရှိသည်။
ကမ္ဘာ့သစ်တောဖုံးလွှမ်းမှု အများဆုံးနိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံက အဆင့်(၅)တွင်ရှိ ပြီး ကမ္ဘာ့သစ်တောဖုံးလွှမ်းမှု ၅ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံရှိနေ သည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ