By Nwe, Shweproperty.com
Updated at 28 August 2019
နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်အကောင်အထည်ဖော်ရန်အတွက် Frame Work Agreement ကို မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးသွားမယ်လို့ သြဂုတ်လ ၂၃ ရက်နေ့က စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောကြားခဲ့ပါတယ်။
နယ်စပ်စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး Frame Work Agreement ကို သဘောတူလက်မှတ်ရေးထိုးရန်တရုတ်နိုင်ငံသို့ပြန်လည်ပေးပို့ရမယ်လို့ တရုတ်ဘက်ကအဆိုပြုထားကြောင်းသိရပါတယ်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရာတွင် လျာထားသည့်နေရာနဲ့ မလွတ်မကင်းဖြစ်နေပြီး ပြောင်းရွှေ့ပေးရမယ့် လူနေအိမ်နဲ့ စိုက်ပျိုးမြေတွေအတွက် သင့်တင့်မျှတတဲ့ မြေလျော်ကြေးအပြင် မြေအစားထိုးပေးအပ်နိုင်ရေးကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က စီစဉ်ဆောင်ရွက်ပေးရမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောဆိုခဲ့ပါတယ်။
အဆိုပါစီးပွားရေးဇုန်ကို မှုဆယ်၊ ရွှေလီနဲ့ ကျယ်ခေါင်တို့မှာဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံဘက်မှအဆိုပြုထားပြီး နှစ်နိုင်ငံလက်မှတ်ရေးထိုးပြီးတာနဲ့ ဆောင်ရွက်မဲ့နေရာရွေးချယ်ခြင်းနဲ့ စိတ်ဝန်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှသိရပါတယ်။
Written By : Nwe (ShweProperty.com)
Photo Credit : Yangonheritagetrust
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ