By 7 Day Daily, Shweproperty.com
Updated at 12 December 2017
ပြည်ပရောက် မြန်မာ နိုင်ငံသားများ ပြည်တွင်းတွင် တန် ဖိုးနည်းအိမ်ရာကို အိမ်ရာချေးငွေ ဖြင့် ဝယ်ယူနိုင်ရန် ဆောက်လုပ် ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
ဒီဇင်ဘာ ၉ ရက်က ပြုလုပ် သည့် ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHDB) ၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ် လည်အထွေထွေ အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
‘‘ပြည်ပမှာ သွားရောက်အ လုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ရာစုဆောင်းငွေနဲ့ အိမ်ရာဝယ်ယူနိုင်ဖို့၊ အိမ်ရာချေးငွေရယူနိုင်ဖို့ ပြည်ပဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေပါတယ်’’ ဟု ဦးဝင်းခိုင်က ပြောသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသားများအ နေဖြင့် အိမ်ရာချေးငွေဖြင့် အိမ် ဝယ်ယူလိုပါက CHDB ဘဏ်က ချိတ်ဆက်ထားသော သက်ဆိုင် ရာ နိုင်ငံရှိ ဘဏ်တွင်ငွေသွင်းရ မည်ဖြစ်ပြီး ယင်းဘဏ်ကဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်သို့ ငွေပြန်လွှဲပေးသည့် ပုံစံ ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းဇော်က ပြောသည်။
‘‘ကိုရီးယားရယ်၊ စင်ကာပူ ရယ်၊ မလေးရှားရယ်မှာ လုပ်ဖို့ရှိ နေပါတယ်။ လောလောဆယ်ကို ရီးယားက ကုမင်းဘဏ်နဲ့ ချိတ် ဆက်ပြီးတော့ စတင်ဆောင်ရွက် နေပါပြီ။ စင်ကာပူနဲ့မလေးရှားမှာ က အဆက်အစပ်ရလာရင် ဒီလို မျိုး ဆက်လုပ်သွားဖို့ အစီအစဉ်ရှိ ပါတယ်’’ ဟု ဦးဝင်းဇော်ကပြော ကြားသည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်သို့ ကိုရီးယားနိုင်ငံ ရှိ ကုမင်းဘဏ်ကတစ်ဆင့် အိမ် ရာစုဆောင်းငွေ စာရင်းဖွင့်လှစ် ရန်၊ ငွေလွှဲနိုင်မည့် စနစ်တစ်ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ၂၀၁၈ ဒီဇင်ဘာတွင် ကိုရီးယား ရောက် မြန်မာနိုင်ငံသား အိမ်ရာ စုဆောင်းငွေစာရင်း ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း ဦးဝင်းဇော်က ပြော ကြားသည်။
အိမ်ရာစုဆောင်းငွေစာရင်း ပိုင်ဆိုင်ထားသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများသည် ပြည် တွင်းရှိ မြန်မာနိုင်ငံသားများနည်း တူ အိမ်ရာစုဆောင်း ငွေစာရင်း တွင် ဝယ်ယူမည့် အိမ်၏ ၃၀ ရာ ခိုင်နှုန်းပြည့်မီပါက ကျန် ၇၀ ရာ ခိုင်နှုန်းကို ဘဏ်မှ ချေးငွေဖြင့် ဝယ်ယူနိုင်သည်။
ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှ ဆောင်ရွက်နေ သည့် အိမ်ရာများသည်- ရွှေလင် ဗန်း၊ ကနောင်၊ ယုဇနတန်ဖိုး နည်းအိမ်ရာ၊ ကျန်စစ်သားအိမ် ရာ စီမံကိန်း၊ ချမ်းမြေ့သာယာ အ ဆင့်မြင့်အိမ်ရာ (မကွေးတိုင်း)၊ နန္ဒဝန်အိမ်ရာစီမံကိန်း (စစ်ကိုင်း တိုင်းဒေသကြီး)၊ ဥမ္မာဒန္တီအိမ်ရာ (ဧရာဝတီတိုင်း)၊ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာနှင့် မြရည်နန္ဒာ အိမ်ရာ (မန္တလေး) တို့ဖြစ်သည်။
Ref : 7 Day Daily
Photo Credit : fthmb.tqn
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ