By 7daydaily, Shweproperty.com
Updated at 6 October 2015
ရွေးကောက်ပွဲကျင်းပရန် တစ်လကျော်အလိုတွင် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု ၂ ရာ ခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ကမ္ဘာ့ဘဏ်အကြီးတန်းစီးပွားရေး ပညာရှင် Mr. Habib Rab က ပြောကြားသည်။
ပြည်တွင်း၌ ဇူလိုင်က စ၍ ကြုံတွေ့ခဲ့သော ရေဘေးအန္တ ရာယ်ကြောင့် စိုက်ပျိုးရေးကဏ္ဍ တွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ က ရွေးကောက်ပွဲအပေါ် စောင့် ကြည့်နေချိန်၌ မြန်မာ့ စီးပွားရေး အခြေအနေကို ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်၍ သတိ ပေးလိုက်ခြင်းဖြစ်သည်။
ကမ္ဘာ့ဘဏ်သည် ယခုနှစ် ဧပြီတွင် မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ကြိုတင်တွက် ဆရာ၌ စီးပွားရေး တိုးတက်မှုနှုန်း သည် ၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည် ဟု ခန့်မှန်းထားသည်။ သို့သော် ဇူလိုင်တွင် ရေဘေးအန္တရာယ်ကြုံ တွေ့ခဲ့ရပြီး နိုဝင်ဘာတွင် ရွေး ကောက်ပွဲကျင်းပရန်ရှိနေသဖြင့် ရင်းနှီးမြှုပ်နှံမှု အဝင်နည်းခြင်း ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုသည် ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း Mr.Habib Rab က ရန်ကုန်၆ မိုင်ခွဲရှိ ကမ္ဘာ့ဘဏ်ရုံးချုပ်တွင် ပြုလုပ်သော မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာရှင်းလင်းပွဲ၌ သတင်းမီဒီယာများအား ပြောကြားခဲ့သည်။
‘‘နိုင်ငံတိုင်းမှာ ရွေးကောက် ပွဲရှိရင် ရင်းနှီးမြှုပ်နှံမှုက နည်းလေ့ ရှိတယ်။ ရွေးကောက်ပွဲပြီးသွားရင် တော့ ပြန်ပြီး မြင့်တက်လာနိုင် တယ်’’ဟု ကမ္ဘာ့ဘဏ်မှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အကြီးတန်းအရာ ရှိ Mr.Jason Pellmar က ပြော ကြားသည်။
ရွေးကောက်ပွဲနှင့် ရေဘေး အန္တရာယ်ကြောင့် ထုတ်ကုန်လုပ် ငန်းများနှင့် စက်မှုလုပ်ငန်းများ ဝင်ရောက်မှု နှေးသွားစေခြင်းက လည်း စီးပွားရေးကျဆင်းမှု ဖြစ် စေကြောင်း Mr.Habib Rab က ပြောသည်။
မြန်မာ့ စီးပွားရေးသည် ခရက်ဒစ်ညွှန်းကိန်း သတ်မှတ်မှုစနစ်နှင့် စတော့ဈေးကွက် မရှိသေးသော်လည်း ယခုနှစ်တွင် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ကြောင်း အစိုးရ၏စီးပွားရေး အကြံပေး ပညာရှင် ဒေါက်တာအောင်ထွန်းသက်က NCBC သတင်းနှင့် အင်တာဗျူးတွင် ပြောကြားထားသည်။
ယခင်ဘဏ္ဍာနှစ်တွင် စီးပွား ရေးပြုပြင်ပြောင်းလဲမှုများက စား သုံးသူနှင့် ရင်းနှီးမြှုပ်နှံသူတို့ကို ယုံကြည်မှုရှိအောင် ပံ့ပိုးနိုင်သည့် အတွက် စီးပွားရေးတိုးတက်မှုမှာ ၈ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သည်။
မြန်မာ့စီးပွားရေး စောင့် ကြည့် အစီရင်ခံစာတွင် ယခုဘဏ္ဍာနှစ်၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၁ ဒသမ ၃ ရာခိုင်နှုန်း ထိမြင့်တက်လာသည်ဟု ဖော်ပြ ထားသည်။ ရေကြီးရေလျှံမှုနှင့် မြန်မာငွေတန်ဖိုး ကျဆင်းမှုတို့ ကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်လာသည်ဟု အစီရင်ခံစာက ဆိုထားသည်။ ငွေကြေးဖောင်းပွ မှုတွင် စားသုံးကုန်၊ လူသုံးကုန် များအတွက် သုံးစွဲမှုသည် ၆၈ ရာ ခိုင်နှုန်းခန့် ပါဝင်နေသည်ဟု သိရ သည်။
ငွေကြေးဖောင်းပွမှုနှုန်းမြင့် တက်လာခြင်းသည် ပြည်ပမှတင် သွင်းသောစားသောက်ကုန်များ နှင့်လူသုံးကုန်အချို့ကို ဝယ်ယူအ သုံးပြုမှုများလာခြင်းကြောင့်ဟု ကမ္ဘာ့ဘဏ်မှ စီးပွားရေးပညာရှင် များက ထောက်ပြသည်။ အဓိက စားသောက်ကုန်ဆန်မှာ ဈေးနှုန်း သိသိသာသာမြင့်တက်မှုမရှိသော် လည်း စားသောက်မှုပုံစံပြောင်း လဲမှုကြောင့် ပြည်ပမှ တင်သွင်း သောစားသောက်ကုန်များကို ပိုမို စားသုံးလာသဖြင့် ငွေကြေးဖောင်း ပွမှုဖြစ်ရသည်ဟုဆိုသည်။
ပြည်တွင်း၌ မြန်မာကျပ်ငွေ တန်ဖိုးသည် တစ်နှစ်အတွင်း အ မေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါ က ၁၅ ရာခိုင်နှုန်းခန့်ကျဆင်းလာ သည်။
အစိုးရက ငွေကြေးဖောင်းပွမှုကိုထိန်းရန် ငွေလဲနှုန်း ပြောင်းလဲ မြင့်တက်လာခြင်းကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း Mr.Habib က ပြောသည်။
Ref : 7daydaily
Posted By : Moe Thae'
Photo Credit : Ye Aung Thu (AFP)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ