By အငယ်ထွေး, Shweproperty.com
Updated at 29 November 2011
လက်ရှိအခြေအနေတွင် တိုက်ခန်းအပေါင်ထားမှုကိုလက်ခံနိုင်မည့် ကွန်ဒိုဥပဒေထွက်ပေါ်လာခြင်းမရှိသေးသည့်အတွက် အပေါင်လက်ခံ နိုင်ခြင်းမရှိသေးကြောင်းနှင့် ကွန်ဒို ဥပဒေပေါ်ထွန်းလာပါကတိုက်ခန်းအပေါင်ထား၍ ဘဏ်မှငွေချေးယူခြင်းအား ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
"လောလောဆယ် အခြေအနေမှာ တိုက်ခန်းကို ဘဏ်ကအာမခံပေးလို့မရဘူး။ အဓိက ကတော့ ကွန်ဒိုဥပဒေမပေါ်သေးတဲ့အတွက် ဘဏ်က ငွေချေမပေးနိုင်တာပါ။ အခုတော့ hire purchase (အကြွေးဝယ်ယူစနစ်) နဲ့ပဲ ဝန်ဆောင်မှုပေးနေသေးတယ်။ တိုက်ခန်းဝယ်ယူချင်တဲ့ သူတွေကိုတော့ တိုက်ခန်းရောင်းဝယ်ရေး လုပ်တဲ့ ကုမ္ပဏီ နဲ့ ဘဏ်တွေ နဲ့ချိတ်ဆက်ပြီး ဘဏ်ကနေငွေချေးပေးနေတယ်။
အခုလောလောဆယ် တန်ဖိုးနည်းအိမ်ရာပဲ လုပ်နိုင်သေးတယ်။ ကွန်ဒိုဥပဒထွက်လာ ရင် တိုက်ခန်းပိုင်ဆိုင်ခွင့်လည်းယူထားရင် ဘဏ်ကငွေချေးပေးရာမှာ ပိုအဆင်ပြေသွားမှာပါ။ အဲဒီအခါတိုက်ခန်းတွေလည်းပိုင်ဆိုင်ခွင့်က အခိုင်အမာရှိသွားပါပြီ " ဟု ကမ္ဘောဇဘဏ် မှ ဒုတိယ ဥကဋ္ဌ ဦးသန်းလွင်က ပြောပြခဲ့သည်။
လက်တလောအခြအနေတွင် အိမ်နှင့်ခြံတွဲလျက် ရွှေ ၊ ငွေ ၊ ကုန်ပစည်း အချို့ ၊ ဘဏ်စာရင်းစာအုပ် ( Saving Account ) တို့ ကို အပေါင် အဖြင့် လက်ခံ၍ ဘဏ်က ငွေချေးပေးနေကြောင်းသိရသည်။ ထို့အတူ တန်ဖိုးနည်း အိမ်ရာလုပ်ငန်းများလည်း ဘဏ်မှာ ဝင်ရောက်လုပ်ကိုင်လာကြောင်းသိရသည်။
တန်ဖိုးနည်း အိမ်ရာ အနေနဲ့ ကတော့အခုမှ အစပဲရှိပါသေးတယ်။ ဟိုတုန်းကလုပ်ခဲ့တဲ့ အိမ်ရာပုံစံမျိုးမဟုတ်ပါဘူး။ သူတို့လုပ်ခဲ့တယ်ဆိုတာက သမဝါယမ အရေးခြုံပြီးလုပ်ခဲ့တာပါ။ ဗဟိုဘဏ်ကလည်း အရေးယူပြီးပါပြီ။ အစကတည်းက မဖြစ်နိုင်တဲ့ နှုန်းကိုပေးတော့ customer တွေအနေနဲ့လည်း နားလည်ဖို့လိုအပ်ပါတယ်။ အခုတော့ လူတွေလည်းသိသွားပါပြီ ။ ဘဏ်တိုးနှုန်းဆိုတာက တော့ ကန့်သက်မှု့ အောက်မှာပဲရှိပါတယ်။ သူတို့ အတိုးပေးသလို ဘဏ်တွေကလည်း လိုက်တိုးပေးမှာ မဟုတ်ပါဘူး။ အခုတန်ဖိုးအိမ်ရာဆိုတဲ့ ကိတ်စ မှာ အိမ်ရာဖော်တဲ့ ကုမ္ပဏီ ကြီးတွေနဲ့ ဘဏ်နဲ့ ချိတ်ထားတယ်။
ဘဏ်ကဆိုတာက ခိုင်မာပါတယ်။ ဘဏ်ခွဲတွေလည်း အများကြီးရှိသလိုကြိုက်တဲ့အချိန် ၊ ကြိုက်တဲ့ ဘဏ်မှာ ငွေထုတ်လို့လည်းရပါတယ် ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ