By စည်သူအောင်, Shweproperty.com
Updated at 21 October 2012
နိုင်ငံတကာအရည်အသွေး စံသတ်မှတ်ချက်များနှင့် နိုင်ငံခြားသားများဝယ်ယူပိုင်ဆိုင်ခွင့်များပါဝင်သော ကွန်ဒိုမီနီယံဥပဒေ(စုပေါင်းပိုင်အဆောက်အအုံဥပဒေ)ကို ၂ဝ၁၃ခုနှစ်အတွင်းပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဥပဒေမူကြမ်းကို ပါဝင်ရေးဆွဲခဲ့သည့် ပညာရှင်တစ်ဦးထံမှ သတင်း ရရှိပါသည်။
ရေးဆွဲထားပြီးသော ကွန်ဒိုမီနီယံဥပဒေမူကြမ်းတွင်တည်ဆောက်မှု၊ ရောင်းဝယ်မှု၊ ပိုင်ဆိုင်မှု၊ နေထိုင်မှု၊ လွှဲပြောင်းမှုများနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များ၊ အရည်အသွေးသတ်မှတ်ချက်များကို ထည့်သွင်းရေးဆွဲထားကြောင်းနှင့် ပိုင်ဆိုင်မှုအာမခံချက်များ၊ မြေနေရာတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်ခွင့်များ နှင့် ဘဏ်ချေးငွေရယူနိုင်ခွင့်များ စသည့် နည်းဥပဒေများလည်း ရေး ဆွဲထားကြောင်း သိရပါသည်။
''ကွန်ဒိုဥပဒေကို အမြန်ဆုံးအတည်ပြုနိုင်အောင်လုပ်ဆောင်နေ ပါတယ်။ အရည်အသွေးနဲ့ ပိုင်ဆိုင် မှုအာမခံချက်တွေ ခိုင်ခိုင်မာမာပါ ဝင်လာမှာပါ။ ၂ဝ၁၃ထက်နောက် မကျဘဲ ပြဋ္ဌာန်းနိုင်အောင် ပြင်ဆင် နေတယ်လို့သိရပါတယ်''ဟု ဥပဒေ မူကြမ်းရေးဆွဲရာတွင်ပါဝင်ခဲ့သည့် ပညာရှင်တစ်ဦးက ပြောကြားသည်။ အဆိုပါစုပေါင်းပိုင်အဆောက်အအုံဥပဒေမူကြမ်းကို ၂ဝ၁၁ခုနှစ် အောက်တိုဘာလအတွင်းကျင်းပ သော ပြည်သူ့လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေး ခဲ့ပြီးဖြစ်ပါသည်။
''ကွန်ဒိုဥပဒေပေါ်လာရင် အရည်အသွေးတို့ ဈေးကွက်အခြေအနေတို့ ပိုင်ဆိုင်မှုတို့ ပိုခိုင်မာလာမယ်။ ကွန်ဒိုမှာနေတဲ့သူအများ စုက အသေးစားနဲ့ အလတ်စားလုပ်ငန်းရှင်တွေများတယ်။ အခုကွန်ဒိုကို အပေါင်ထားပြီး ဘဏ်ကနေငွေချေးလို့မရဘူး။ ဥပဒေရှိတယ်ဆိုရင် အပေါင်ထားပြီး ငွေချေးလို့ရတဲ့အတွက် ခိုင်မာတဲ့ပိုင် ဆိုင်မှုတစ်ခု၊ အရင်းအနှီးတစ်ခု ဖြစ်လာမှာ၊ ဒါက ကွန်ဒိုဈေးကွက် ကိုလည်း ပိုဖြစ်ထွန်းစေမှာပါ''ဟု ပါမောက္ခဦးမော်သန်း(ပါမောက္ခချုပ်-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)က ထင်မြင်သုံးသပ်ပါသည်။
မြန်မာနိုင်ငံအတွင်း လက်ရှိ ကွန်ဒိုအများစုသည် ကွန်ဒိုအမည်ခံ တိုက်ခန်းများသာဖြစ်ပြီး ဈေးနှုန်း ကြီးမြင့်ခြင်း၊ အရည်အသွေးမမီ ခြင်း၊ ဝန်ဆောင်မှုနည်းပါးခြင်းများကြောင့် တည်ဆောက်သူနှင့် နေထိုင်သူများအကြား ပြဿနာများ ဖြစ်ပေါ်လေ့ရှိသည်။ ရန်ကုန်မြို့ရှိကွန်ဒိုတိုက်ခန်း နေထိုင်သူများက ရေ၊ မီး၊ သန့်ရှင်း ရေး၊ လုံခြုံရေး၊ ဓာတ်လှေကား၊ လောင်စာဆီအသုံးစရိတ်များ၊ကုန်ကျစရိတ်များကိုပေးသွင်း ရန်လိုအပ်ပြီး တစ်လလျှင် အနည်း ဆုံးကျပ်ရှစ်သောင်းမှသုံးသိန်းဝန်း ကျင်အထိပေးသွင်းရကြောင်း နေ ထိုင်သူများထံမှသတင်းရရှိပါသည်။ Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ