By Nwe, Shweproperty.com
Updated at 23 October 2019
#Unicode
မကြာသေးမီကထုတ်ပြန်ခဲ့တဲ့ အာရှဖွင့်ဖြိုးရေးဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့တိုးတက်မှုနှုန်းကို ၂၀၁၉ ခုနှစ်တွင်ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ခန့်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ဒေသအတွင်းစီးပွားရေးအမြန်ဆုးံတိုးတက်သည့်နိုင်ငံဖြစ်လာနိုင်တယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပတဲ့ ရင်းနှီးမြှပ်နှံမှုအစည်းဝေးပွဲမှာပြောကြားခဲ့တာဘဲဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့တိုးတက်မှုအချက်အလက်များကကောင်းမွန်တဲ့အနေအထားဖြစ်ပြီးတော့ ၆ ဒသမ ၈ ရာခိုင်နှုန်းအဖြစ် ဆက်လက်ထိန်းသိမ်း နိုင်မယ်လို့ခန်းမှန်းထားပြီး အာဆီယံဒေသမှာ တတိယမြောက်စီးပွားရေးအမြန်ဆုးံတိုးတက်နေတဲ့ နိုင်ငံဖြစ်လာနိုင်တယ်လို့ နိုင်ငံတော့ရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။
ဘဏ်လုပ်ငန်းဆိုင်ရာကဏ္ဍာမှာ လက်ရှိမြန်မာနိုင်ငံအတွင်း လုပ်ငန်းလည်ပတ်နေတဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင်နိုင်ငံခြား ဘဏ်လုပ်ငန်း ၁၃ ခုအပြင် ဘဏ်ခွဲတွေ (သို့) လက်အောက်ခံဘဏ်တွေ ပိုမိုဝင်ရောက်လာရေးအတွက်လည်း ခွင့်ပြုသွားဖို့ရှိတယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံကိုရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေထဲက နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံကို မြန်မာနိုင်ငံအတွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့သေးတယ်လို့သိရပါတယ်။
#Zawgyi
Written By : Nwe (ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ