By ဝိုင်းနဒ္ဒီထွန်း (ShweProperty.com), Shweproperty.com
Updated at 21 August 2019
တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ - ဂျပန်- အမေရိကန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ကို သြဂုတ်လ(၂၀)ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းက Novotel Yangon Max မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့စာရင်းဇယားများအရ ဂျပန်နှင့်အမေရိကန်နိုင်ငံတို့မှ မြန်မာ နိုင်ငံသို့ ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အမေရိကန်ဒေါ်လာ (၁)ဒသမ (၂)ဘီလီယံနဲ့ အမေရိကန် ဒေါ်လာ (၄၃၂)ဒသမ (၇၉၆)သန်းအသီးသီးရှိကြပါတယ်။
အဆိုပါ ဖိုရမ်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ GDP ဟာ (၂၀၀၀)ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၈)ဒသမ (၉)ဘီလီယံရှိခဲ့ပြီး ၊ (၂၀၁၈)ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၇၁)ဘီလီယံတိုးတက်လာခဲ့ကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေအနက် စီးပွားရေးတိုးတက် မှု အမြင့်မားဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်မှာ ကုမ္ပဏီပေါင်း(၁၀၈)ခုကျော် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး၊ ကုမ္ပဏီထက်ဝက်ကျော်က ဂျပန်ကုမ္ပဏီတွေဖြစ်တယ်လို့ သိရပါတယ်။ အမေရိကန်ရင်းနှီးမြှုပ်နှံမှုမှာလည်း General Electric, Chevsron နဲ့ Ford ကုမ္ပဏီတွေမှ ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အရည်အသွေးရှိပြီးတာဝန်ယူမှု ရှိကြောင်း၊ အမေရိကန်နိုင်ငံ Oversea Private Investment Corporation မှ မြန်မာ့အကြီးဆုံးဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Apollo Towers ကုမ္ပဏီကနေတစ်ဆင့် မြန်မာ့ဆက်သွယ်ရေးအတွက် လိုအပ်လျက်ရှိ တဲ့ တာဝါတိုင်ပေါင်း (၁၈၀၀)ကျော်ကို ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။
ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနဲ့ အမေရိကန်သံရုံး၊UMFCCI, ဂျပန်ကုန်သည်များနဲ့စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည်ကြီးများ အသင်း၊ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပုးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန်စီးပွားရေးဝန်ဆောင်မှုအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်။
Written By : ဝိုင်းနဒ္ဒီထွန်း (ShweProperty.com)
Photo Credit : Amoma
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ