By အေးလပြည့်, Shweproperty.com
Updated at 22 March 2012
သည်နောက်ပိုင်းမှာ ရွှေ၊ မြေ၊ ကားတွေကို အရင်တုန်းကလို ကြာရှည်မမြှုပ်နှံကြဘဲ ကျတဲ့အချိန်ဝယ်၊ တက်တဲ့အချိန် ပြန်ရောင်းကြတယ်လို့ သိရပါတယ်။အိမ်ခြံမြေ ဝယ်ရောင်းတစ်ဦးက ‘ကျွန်တော်ဆို မြေဝယ်တယ်၊ ဈေးနည်းနည်းကောင်းပြီဆိုတာနဲ့ ထုတ်ရောင်းတယ်၊ ကိုင်မထားတော့ဘူး၊ ဥပမာ သိန်း ၅၀ မြတ်ရင် ထုတ်ရောင်းလိုက်တယ်၊ သိန် ၈၀ မြတ်ဦးမလား၊ မစောင့်တော့ဘူး၊ အဲဒီအချိန်မှာ ရောင်းထားတဲ့ငွေကို ရွှေဖြစ်ဖြစ်၊ ကားပါမစ်ဖြစ်ဖြစ် ဝယ်ထားတယ်၊ သူတို့လဲ နည်းနည်းမြတ်တာနဲ့ ထုတ်ရောင်းလိုက်တာပဲ’ လို့ ပြောပါတယ်။တစ်ခုခုကို ကိုင်မထားတဲ့အတွက် ငွေကလည်း သေမနေဘဲ လည်ပတ်မှုရှိနေတယ်လို့ သိရတယ်။ ရွှေစံမြတ် အထွေထွေ ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူ ဦးမျိုးချစ်က ‘အခုက ငွေနဲ့ကစားတဲ့ခေတ်ကို ရောက်နေပြီ တစ်လနှစ်လလောက်ပဲ ကိုင်ထားပြီး နောက်တစ်ခုခု ပြောင်းဖို့ စဉ်စားနေပြီ၊ မြေဆိုလဲ နည်းနည်းတက်ရင်ထုတ်၊ ကားဆိုလဲ ပါမစ်ကြေး၊ လိုင်စင်ကြေး၊ အမြတ်ခွန်တွက်ပြီး ကျမလား၊ တက်မလား ခန့်မှန်းပြီး ကြာကြာကိုင်မထားပဲ ရောင်းထုတ်ကြတယ်’ လို့ ပြောပါတယ်။အဲသည်လို ကြာကြာကိုင် မထားတော့တာက မြေဈေးတွေကလည်း သုံးပုံနှစ်ပုံလောက်တက်ပြီးနေပြီဖြစ်တဲ့ အတွက်ကြောင့်လို့ ဆိုပါတယ်။လသာရှိ ရွှေဆိုင်ရှင်တစ်ဦးက ‘ရွှေကျတော့ မှန်းရတာလွယ်သွားပြီလေ၊ အတက်ဆုံး ဆိုတဲ့အချိန်မှာ ဖမ်းရောင်းပြီး၊ အတက်ဆုံးပြီးတာနဲ့ ရွှေဈေးက နည်းနည်းတော့ ပြန်ကျတာပဲဆိုတော့ ကျတာနဲ့ ပြန်ဝယ်ကြတယ်၊ အကြာကြီး ကိုင်မထားကြတော့ဘူး’ လို့ ပြောပါတယ်။အခုလို အိမ်၊ ခြံ၊ မြေ၊ ကားတွေကို မြှုပ်နှံရတာ လက်ရှိစီးပွားရေးတွေ အရမ်းမကောင်းသေးတဲ့အတွက် ငွေလည်အောင် လုပ်ကြတာမျိုး ဖြစ်တယ်လို့ သိရတယ်။စီးပွားရေး အကြံပေး ဦးအောင်မြင့်က ‘မြေ၊ ရွှေ တစ်ခုခုကို ကြာကြာ ကိုင်မထားတာ ငွေအကြာကြီး မြှုပ်နေမှာကို မကြိုက်လို့ ငွေလည်အောင် လုပ်ကြတာပေါ့၊ ဒါပေမယ့် စီးပွားရေးလုပ်ငန်းလုပ်ပြီး အမြတ်ရာခိုင်နှုန်းမှန်မှန်နဲ့ လည်ပတ်တာတော့ အကောင်းဆုံးပဲ၊ ဒီလိုမျိုးက လုပ်ငန်းသိပ်မကောင်းတဲ့အချိန်မှာ လုပ်ကြတာလို့ ထင်တယ်’ လို့ ပြောပါတယ်။Source: မော်ဒန် သတင်းဂျာနယ်
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ