By နှင်းနုဝေ, Shweproperty.com
Updated at 8 November 2012
ရန်ကုန်၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းနှင့် ၃၆ လမ်း ကြား ကုန်သည်လမ်းရှိ မြေအကျယ်အဝန်း ၁၁၅ ပေ x ၂ဝဝ ပေ ရှိသော မြေနေရာ ပေါ်၌ မြန်မာနိုင်ငံ၏ အမြင့်ဆုံး 555 Merchant Street Tower ကို မြန်မာ၊ ဂျပန် ၊ စင်ကာပူ တို့ ပူပေါင်းတည်ဆောက်ရန်အတွက် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးလိုက်ပြီဖြစ်ကြောင်း ၃-၁၁-၂ဝ၁၂ ရက်က သိရ သည်။
''အဲဒီ အဆောက်အုံကို ဂျပန် နည်းပညာ နဲ့ ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာလည်း ဂျပန်နိုင်ငံလိုပဲ ငလျင်ကြောတည်ရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် ငလျင်အတွက် စိတ်ချရတဲ့နည်းပညာ နဲ့ သေချာဆောက်လုပ်သွားမှာပါ။ အဆောက်သက်တမ်းကိုလည်း အနည်ဆုံး ၁ဝဝ ခံအောင် ဆောက် လုပ်မှာပါ။ ဆောက်လုပ်ပြီးသွာရင်လည်း ဆက်လက်ပြီး ပြုပြင်ထိန်းသိမ်းရေးပိုင်း တွေကို ပုံမှန်လုပ်ဆောင်သွားမှာပါ''ဟု ဂျပန်နိုင်ငံမှ ဒီဇိုင်းပညာတာဝန်ယူသည့် IMA Co.,Ltd မှ Chairman Mr-Makoto Udoka က ပြောကြားခဲ့သည်။
အဆောက်အအုံဆောက်လုပ်ရာတွင် မြန်မာနိုင်ငံမှ မြေပိုင်ရှင်အဖြစ် ပါဝင်မည်ဖြစ်ပြီး Developer များအဖြစ် စင်ကာပူမှ KAWA OIL PTE LTD ၊ International Unity Group နှင့် Design, Architecture and Consulting Servicesအတွက် ဂျပန်နိုင်ငံမှ IRIE MIYAKE Architectcs & Engineers (IMA) ကုမ္ပဏီတို့က ပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်း၊ အထပ်မြင့် ဆောက်လုပ်ခြင်းဖြစ်သောကြောင့ ်အရေး ပေါ် အသုံးပြုနိုင်သည့် ဓာတ်လှေကား များကို လည်း ထည့်သွင်းမည်ဖြစ်ကာ အန္တရာယ်ရင်ဆိုင်ကြုံတွေ့ပါကလည်း အော်တိုမက်တစ်မီးငြှိမ်းသတ်နိုင်သည့် စနစ်များ ထည့်သွင်းတည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံ ရဲ့ အထပ်အမြင့်ဆုံးဆောက်ဖို့အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေကို တင်ထားပါတယ်။ အဆောက်အအုံရဲ့ အထပ်အရေအတွက် ကို ၃၈ ထပ်ဆောက်ဖို့ လျာထားပါတယ်" ဟု စင်ကာပူနိုင်ငံ KAWAOIL PTE LTD မှ Executive Director ဦးကိုထွေးခေါ် Khalil-Ru.Din.Bin.Shehabudden ပြောကြားသည်။
ထိုအဆောက်အအုံကို ၂ဝ၁၃ နှစ်လယ်ခန့်တွင် စတင် အကောင်အထည်ဆောက်လုပ်မည်ဖြစ်ပြီး ၁၈ လ မှ ၂၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း လူနေအိမ်ခန်းများ မပါဝင်ဘဲ Office Tower သီးသန့်သာ တည် ဆောက်မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ ချ မှတ်ထားသည့် စည်းကမ်းနှင့်အညီကားပါကင်ကိုလည်း ထည့်သွင်းဆောကလုပ် မည် ဖြစ်ကာ Basement လေးထပ်ကို ကားပါကင်ပြုလုပ်မည်ဖြစ်ကာ ကားအစီးပေါင်း ၁၅ဝ ကျော် ရပ်နားနိုင်မည်ဖြစ်ကြောင်း ၊ အဆောက်အအုံဆောက် လုပ်ခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ရှိမည်ဖြစ် ကြောင်း၊ အထပ်အမြင့်ဆုံး ဆောက်လုပ်သောကြောင့် ဘေးပတ်ဝန်းကျင်ရှိ အဆောက်အုံးများကို သက်ရောက်မှုမရှိစေရန်လည်း အဆင့်မြင့်နည်းပညာများ ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုဆောက်လုပ်မည့် မြေနေ ရာမှာ ၁၈၈ဝ ခုနှစ်တွင် American Baptist Mission (ABM) အဖွဲ့မှ အဆောက်အအုံအား စတင်ဆောက်လုပ် ခဲ့ပြီး စာပုံနှိပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ ကာ Press Building ဟု ခေါ်တွင်ခဲ့ ကြောင်း၊ ၁၉၄၇ ခုနှစ်တွင် ၎င်းအဆောက် အအုံအား မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းတော်သို့ လွှဲပြောင်းခဲ့ကာ ၁၉၅၅ ခုနှစ်ခန့်တွင် အသင်းတော်မှ အမေရိကန် သံရုံး၊ သတင်းပြန်ကြားရေးဌာနသို့ ငှားရမ်းခဲ့ပြီး USIS အဆောက်အဦးဟု လူသိများခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ဦးဌေး အောင်က ဝယ်ယူခဲ့ပြီး ၂ဝ၁ဝ ခုနှစ်တွင် လက်ရှိမြေကွက်အား Develop စ ပြုလုပ်ရန် CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် ပူးတွဲပိုင်ရှင်အဖြစ် စတင်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ဆောက်လုပ်မည့်စီမံကိန်းကြီးသည် နည်းပညာနှင့် ရင်းနှီး မြှုပ်နှံမှုကြီးမားသဖြင့် လက်ရှိအသုံးပြုနေ သော အခန်းပေးအခန်းယူစနစ်မျိုး မဟုတ်ဘဲ ရရှိလာသည့် အကျိုးအမြတ် များကို တူညီမျှခွဲဝေယူမည့်စနစ်ဖြစ် ကြောင်း သိရသည်။
Source : Pyi Myanmar
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ