By mizzima, Shweproperty.com
Updated at 7 March 2013
မြန်မာနိုင်ငံသည် နိုင်ငံခြားသားခရီးသည်များအတွက် သွားရောက်လည်ပတ်ရန် အကောင်းဆုံးစာရင်းတွင် ပါဝင်ကောင်း ပါဝင်မည်ဖြစ်သော်လည်း ဧည့်သည်များအနေဖြင့် တည်းခိုရန်ဟိုတယ်ခန်း များအား ကြိုတင်မှာယူခြင်းမရှိဘဲ ရန်ကုန်မြို့သို့ ခြေမချသင့်ကြောင်း သတိပေးမှုများဖြစ်ပေါ်လျက် ရှိ ကြောင်း စီအန်အန် သတင်းဌာနက ဖော်ပြသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း မြန်မာနိုင်ငံသို့လာရောက် ကြသည့် နိုင်ငံခြားသားခရီးသည် အရေအတွက် မြင့်တက်လာလျက် ရှိရာ အထူးသဖြင့် ခရီးသွားရာသီ တွင် ဟိုတယ်ခန်း အရေအတွက် လုံလောက်မှုမရှိသည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ရန် ခရီးသွားကုမ္ပဏီများ ရုန်းကန် နေကြရသည်။ ထိုသို့ ဟိုတယ်ခန်း များ မလုံလောက်မှုသည် နောက် လာမည့် ငါးနှစ်မှ ၁ဝ နှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေဖွယ်ရှိသည်။
နိုင်ငံတကာမှ ဧည့်သည်များ ဝင်ရောက်မှုသည် ၂ဝဝ၉ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်ကြားတွင် နှစ်စဉ် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ တွင် စီးပွားရေးနှင့်လူမှုရေး ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်လိုက်သည့်အတွက် နိုင်ငံခြားသားခရီးသည်များ ရောက်ရှိမှုအရေအတွက်မှာ ၅၄ ရာခိုင်နှုန်း မြင့်တက်သွားသည်ကိုတွေ့ကြရသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ