By Sint Sint, Shweproperty.com
Updated at 27 November 2020
Unicode
နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေမည့် ကောင်းမွန်သည့် အခြေခံ အဆောက်အအုံများ ပါဝင်သည့် Korea Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာ စက်မှုဇုန်ထူထောင်ရေး စီမံကိန်းအား ယခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း နို၀င်ဘာလ(၂၀)ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံမှ ပြောကြားခဲ့ခြင်း ဖြစ်သည်၊၊
အဆိုပါစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင် သင်တန်းကျောင်း မြေဧရိယာ(၅၅၈) ဧက ပေါ်တွင် ဆောက်လုပ်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၁၀)သန်း ကုန်ကျမည့်စီမံကိန်းတစ်ခုဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားနိုင်ငံအစိုးရ အဖွဲ့ အစည်းဖြစ်သည့် Land and Housing Corporation (LH) တို့မှ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ရှယ်ယာ(၄၀) ရာခိုင်နှုန်းနှင့် ကိုရီးယားမှ ရှယ်ယာ(၆၀)ရာခိုင်နှုန်းပါဝင်သည့် စီမံကိန်းဖြစ်သည်။
KMIC စက်မှုဇုန်စီမံကိန်းအတွက် အသေးစိတ် ဒီဇိုင်းရေးဆွဲခြင်း လုပ်ငန်းများ ပြီးစီးသည်ဖြစ်၍ တင်ဒါခေါ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို (၂၀၂၀) ပြည့်နှစ် ၊ ဒီဇင်ဘာလတွင် စတင်မည် ဖြစ်ပြီး ယင်းစီမံကိန်းအတွက် လိုအပ်မည့် လမ်း၊ ရေပေးဝေရေးနှင့် လျှပ်စစ်ဓါတ်အားပေးရေးတို့ကိုလည်း စီစဥ်ဆောင်ရွက်သွားမည် ဖြစ်သည်၊၊
ထို့အပြင် အာဆီယံဒေသတွင်းရှိ အခြားသော နိုင်ငံတကာ စက်မှုဇုန်များအား ယှဉ်ပြိုင်နိုင်မည့် စက်မှုဇုန်တစ်ခု ဖြစ်လာစေရန်အတွက် အခြေခံအဆောက်အအုံ ပိုင်းသာမက ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များအတွက် ထိရောက်သည့် ဝန်ဆောင်မှုစနစ်ပေးနိုင်ရန်အတွက် ကော်မတီ တစ်ရပ်ကို ၀န်ကြီးဌာနမှ ဦးစီးကာ စီစဥ်ဆောင်ရွက်ခဲ့သည်။
ယင်းစီမံကိန်းပြီးစီးပါက ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာမည် ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည် ဖြစ်သည့်အပြင် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူဖြစ်မည် ဖြစ်သည်။
နောက်ဆုံးရ သတင်းများ
ဒီဇင်ဘာလမှာ ကိုရီးယား- မြန်မာ စက်မှုဇုန်ကို လှည်းကူးမြို့နယ်မှာ စပြီး အုတ်မြစ်ချမယ်
PROPERTYGURU MYANMAR PROPERTY AWARDS IN PARTNERSHIP WITH SHWE PROPERTY ဆုချီးမြှင့်ပွဲကြီးက ခေတ်ပြိုင်နှင့် သမိုင်းဝင်အမွေအနှစ် အိမ်ခြံမြေအောင်မြင်မှုများကို ဂုဏ်ပြု
ရန်ကုန်မြို့၏ ပထမဆုံးအပန်းဖြေပန်းခြံတံတားဖြစ်လာမည့် ဒေါပုံတံတားဟောင်း
Zawgyi
ႏိုင္ငံတကာအဆင့္မီ စက္မႈၿမိဳ႕တစ္ခု ျဖစ္လာေစမည့္ ေကာင္းမြန္သည့္ အေျခခံ အေဆာက္အအုံမ်ား ပါဝင္သည့္ Korea Myanmar Industrial Complex (KMIC) ကိုရီးယား- ျမန္မာ စက္မႈဇုန္ထူေထာင္ေရး စီမံကိန္းအား ယခုႏွစ္ ဒီဇင္ဘာလတြင္ စတင္ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း ႏို၀င္ဘာလ(၂၀)ရက္ေန႔တြင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံမွ ေျပာၾကားခဲ့ျခင္း ျဖစ္သည္၊၊
အဆိုပါစီမံကိန္းကို ရန္ကုန္တိုင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕နယ္၊ ေညာင္ႏွစ္ပင္ သင္တန္းေက်ာင္း ေျမဧရိယာ(၅၅၈) ဧက ေပၚတြင္ ေဆာက္လုပ္မည္ ျဖစ္ၿပီး အေမရိကန္ေဒၚလာ (၁၁၀)သန္း ကုန္က်မည့္စီမံကိန္းတစ္ခုျဖစ္သည္။
ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာ ဖြံ႕ ၿဖိဳးေရးဦးစီးဌာန ႏွင့္ ကိုရီးယားႏိုင္ငံအစိုးရ အဖြဲ႕ အစည္းျဖစ္သည့္ Land and Housing Corporation (LH) တို႔မွ အက်ိဳးတူ ပူးေပါင္း ေဆာင္႐ြက္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ရွယ္ယာ(၄၀) ရာခိုင္ႏႈန္းႏွင့္ ကိုရီးယားမွ ရွယ္ယာ(၆၀)ရာခိုင္ႏႈန္းပါဝင္သည့္ စီမံကိန္းျဖစ္သည္။
KMIC စက္မႈဇုန္စီမံကိန္းအတြက္ အေသးစိတ္ ဒီဇိုင္းေရးဆြဲျခင္း လုပ္ငန္းမ်ား ၿပီးစီးသည္ျဖစ္၍ တင္ဒါေခၚယူျခင္းႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားကို (၂၀၂၀) ျပည့္ႏွစ္ ၊ ဒီဇင္ဘာလတြင္ စတင္မည္ ျဖစ္ၿပီး ယင္းစီမံကိန္းအတြက္ လိုအပ္မည့္ လမ္း၊ ေရေပးေဝေရးႏွင့္ လွ်ပ္စစ္ဓါတ္အားေပးေရးတို႔ကိုလည္း စီစဥ္ေဆာင္႐ြက္သြားမည္ ျဖစ္သည္၊၊
ထို႔အျပင္ အာဆီယံေဒသတြင္းရွိ အျခားေသာ ႏိုင္ငံတကာ စက္မႈဇုန္မ်ားအား ယွဥ္ၿပိဳင္ႏိုင္မည့္ စက္မႈဇုန္တစ္ခု ျဖစ္လာေစရန္အတြက္ အေျခခံအေဆာက္အအုံ ပိုင္းသာမက ရင္းႏွီးျမႇဳပ္ႏွံသူ လုပ္ငန္းရွင္မ်ားအတြက္ ထိေရာက္သည့္ ဝန္ေဆာင္မႈစနစ္ေပးႏိုင္ရန္အတြက္ ေကာ္မတီ တစ္ရပ္ကို ၀န္ႀကီးဌာနမွ ဦးစီးကာ စီစဥ္ေဆာင္႐ြက္ခဲ့သည္။
ယင္းစီမံကိန္းၿပီးစီးပါက ျပည္တြင္းသို႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမို ဝင္ေရာက္လာမည္ ျဖစ္ၿပီး ျပည္တြင္း အလုပ္အကိုင္ေပါင္း တစ္သိန္းခန႔္ကို ဖန္တီးေပးႏိုင္မည္ ျဖစ္သည့္အျပင္ ရန္ကုန္တိုင္းေဒသႀကီး စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ မ်ားစြာ အေထာက္အကူျဖစ္မည္ ျဖစ္သည္။
ေနာက္ဆုံးရ သတင္းမ်ား
ဒီဇင္ဘာလမွာ ကိုရီးယား- ျမန္မာ စက္မႈဇုန္ကို လွည္းကူးၿမိဳ႕နယ္မွာ စၿပီး အုတ္ျမစ္ခ်မယ္
PROPERTYGURU MYANMAR PROPERTY AWARDS IN PARTNERSHIP WITH SHWE PROPERTY ဆုခ်ီးျမႇင့္ပြဲႀကီးက ေခတ္ၿပိဳင္ႏွင့္ သမိုင္းဝင္အေမြအႏွစ္ အိမ္ၿခံေျမေအာင္ျမင္မႈမ်ားကို ဂုဏ္ျပဳ
ရန္ကုန္ၿမိဳ႕၏ ပထမဆုံးအပန္းေျဖပန္းၿခံတံတားျဖစ္လာမည့္ ေဒါပုံတံတားေဟာင္း
Credit : Yangondirectory
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ