By ဇာဇာနို, Shweproperty.com
Updated at 20 February 2012
ရန်ကုန်မြို့တွင် လက်ရှိကာလ၌ ဈေးနှုန်းအမြင့်ဆုံး ကွန်ဒိုမှာ မကြာသေးမီက ဒဂုံမြိုနယ်အတွင်း ဆောက်လုပ်ပြီးစီးသွားသော ယောမင်းကြီးကွန်ဒိုဖြစ်ကြောင်း သတင်းရရှိသည်။
"ရန်ကုန်မြို့ရဲ့ ဈေးအမြင့်ဆုံးကွန်ဒိုက ကျပ်သိန်းသုံးထောင်ကျော်ရှိတယ်။ ဒါပေမယ့် ယောမင်းကြီးကွန်ဒိုကတော့ ကျပ်သိန်းနှစ်ထောင့်ငါးရာကနေ ကျပ်သိန်း ခြောက်ထောင်ကျော်ဆိုတော့ ဈေးအမြင့်ဆုံးဖြစ်လာတယ်" ဟု နာမည်ရ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။ ထိုကွန်ဒိုရောင်းဈေးမှာ ကျပ်သိန်း ၂,၅ဝဝမှ ၆,ဝဝဝ ကျော်အထိ ရှိပြီး ယခင်ဈေးအများဆုံးဖြစ်သော ရွှေဟင်္သာကွန်ဒိုအခန်းဈေးမှာ ကျပ်သိန်း ၃,ဝဝဝဖြစ်သည်။ ရွှေဟင်္သာကွန်ဒိုမှ 1 sqft လျှင် ကျပ်ငွေ ၁၅ဝ,ဝဝဝ ခန့်ရှိသည်။ လက်ရှိဈေးအမြင့်ဆုံးဖြစ်သော ထိုကွန် ဒိုမှာ တစ်ပေပတ်လည် လျှင် ကျပ်နှစ်သိန်းခန့်မှ သုံးသိန်းကျော်ဈေး ပေါက်ကြောင်း အိမ်ခြံမြေ ဈေးကွက်ကျွမ်းကျင်သူများက တွက်ပြသည်။
ယူနတီအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ကိုဇော်ဇော်က ''ဒဂုံမြို့နယ်မှာ Location ကောင်းတဲ့နေရာ ဆိုရင် 1 sqft ကို ပြင်ပြီးကျပ် တစ်သိန်းရှစ်သောင်းလောက်ရှိတယ်။ ယောမင်းကြီး ကွန်ဒိုက နေရာအချက်အချာနဲ့ သူရဲ့ ဝန်ဆောင်မှုကြောင့် ဈေးက ပိုပြီးမြင့်သွားတယ်''ဟုပြောသည်။
ယောမင်းကြီးကွန်ဒိုမှာ ရန်ကုန်မြို့ရှိ ကွန်ဒိုများအနက် ကွန်ဒိုတိုက် ခန်းတွင် ပါဝင်ရမည့် ဝန်ဆောင်မှုနှင့် လက္ခဏာပိုမိုပြည့်စုံပြီး မြန်မာနှင့် စင်ကာပူပညာရှင်များက ရာသီဥတုခံနိုင်ရည်ရှိမှုနှင့် အခြားသော ဒီဇိုင်းပုံစံများကို အများနှင့်မတူ ထည့်သွင်းတည် ဆောက်ထားသောကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်ရခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က ဆိုသည်။
''ဈေးမြင့် တယ်လို့ ပြောမယ့်အစားအရည်းအသွေးကွာလို့ ဈေးနှုန်းကွာတယ်လို့ ပြောလို့ရတယ်။ နောက် Location ကောင်းတယ်။ သူများနဲ့ မတူတဲ့ ကားပါကင်ရှိတယ်။ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိမှု ဒါတွေအကုန်လုံး အပြင် အဆောက် အအုံ ရေရှည်ပြုပြင် ထိန်းသိမ်းမယ့် Team အဖွဲ့လည်း ရှိပါတယ်။ ဒါတွေကြောင့် ဈေးမြင့်တယ်လို့ ပြောလို့ရပါတယ်" ဟု ယင်းကွန်ဒိုအား တာဝန်ယူဆောက်လုပ်ခဲ့သော နိုင်ဂရု(ပ်)ဆောက် လုပ်ရေးမှ ဒါရိုက်တာ ဗိသုကာကိုထက်နိုင်ဦးကဆိုသည်။
ကွန်ဒိုအဆောက်အအုံအတွင်း ကျပ်သိန်း တစ်ရာတန် ငွေပဒေသာပင် မတည်ပြီး ယင်းငွေမှ ကွန်ဒိုပြုပြင်ထိန်းသိမ်းရေးအတွက် အသုံးပြုပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင် ဧည့် ကြိုကောင်တာနှင့် နားနေနိုင်သည့် Lobby ၊ ကားစီးရေ ၇၃ စီးထားရှိနိုင်သည့် ကားပါကင်နှစ် ထပ်၊ အမှိုက်ပစ်စနစ်၊ ကိုယ်ပိုင်ရုပ်ရှင်ရုံ၊ ၂၄ နာရီ Mark၊ အင်တာနက်ကဖေး၊ အားကစား လေ့ကျင့်ခန်း၊ ချွေးထုတ်ခန်း၊ အလိုအလျောက် မီးငြိမ်းသတ်နိုင်သော စနစ်များ၊ ဓာတ် လှေကားလေးစင်း စသော ကွန်ဒို အခန်းတွင်ပါရမည့် ဝန်ဆောင်မှုများ ပါဝင်သည်ဟုဆိုသည်။ ထိုကွန်ဒိုတွင် အခန်းပေါင်း ၆၇ ခန်းမှ လှုနေအခန်းပေါင်း ၄၀ အနက် ၂၆ခန်း ရောင်းချပြီးဖြစ်သည်။ အခန်းအကျယ်အဝန်းမှာ sqft ၁၅ဝဝ နှင့် ၁၆ဝဝကျော်ထိရှိသည်။
''ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာ ဈေးအမြင့်ဆုံး ကွန်ဒိုဟာ ၆ မိုင်ခွဲ အင်းလျားကန်အနီး ပြည်လမ်းရှိ ရွှေဟင်္သာကွန်ဒိုဖြစ်တယ်။ စုစု ပေါင်းအခန်းအကျယ်အဝန်းမှာ sqdr ၃ဝဝဝ ရှိပြီး ကျပ်သိန်း သုံး ထောင်သာရှိတယ်''ဟု မဏ္ဍိုင် အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
ရတနာမြိုင် ဆောက်လုပ်နှင့် ရှိုင်းဆောက်လုပ်ရေးတို့မှလည်း အများဆုံး ငွေကျပ်သိန်း ၃၀၀၀ ခန့် ရှိ ကွန်ဒိုမီနီယံများကို ယခုနှစ်တွင် အရစ်ကျစနစ်ဖြင့် ရောင်းချပေး နေပြီဟု ယင်းဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိ သူတို့ကပြောသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ