By မော်ကျွန်းသူ, Shweproperty.com
Updated at 26 January 2012
မြန်မာနိုင်ငံအတွင်းရှိ အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင် နေကြသူများစုစည်းပြီး စနစ်ကျ၍ စည်းကမ်းရှိသော အိမ်ခြံမြေအကျိုး ဆောင်များအသင်းပေါ်ထွက်လာရန် လိုအပ်လာပြီဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ များက ပြောကြားသည်။
ယခုလက်ရှိတွင်အိမ်ခြံမြေလုပ် ငန်းလုပ်ကိုင်နေသူများသည် တစ်ဦး ချင်းအနေဖြင့်သာလုပ်ကိုင်နေကြရာ အိမ်ခြံမြေလုပ်ကိုင်နေကြသောလုပ်ငန်း ရှင်များအနေဖြင့် စုပေါင်းပြီးဆောင် ရွက်လုပ်ကိုင်သင့်သည့်အချိန်ကာလ ရောက်ရှိလာပြီဖြစ်ကြောင်း ဝါရင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။
အိမ်ခြံမြေဈေးကွက်အတွင်းသို့ ပြည်ပအိမ်ခြံမြေလုပ်ကိုင်နေသူများ မှဝင်ရောက်လာကြပြီဖြစ်ရာ လက်ရှိ လုပ်ကိုင်နေကြသည့် အိမ်ခြံမြေအ ကျိုးဆောင်လုပ်ကိုင်နေသူများအနေဖြင့် ၎င်းတို့၏လွှမ်းမိုးမှုအောက်တွင် မရောက်ရှိစေရန်ကြိုတင်ဆောင်ရွက် ထားသင့်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှအုပ်ချုပ်မှုဒါ ရိုက်တာဦးသန်းဦးကပြောကြားသည်။
''ပြည်တွင်းကို ပြည်ပအိမ်ခြံ မြေလုပ်ကိုင်သူတွေ ဝင်လာကြပြီ။ အခုဆိုရင် ထိုင်း၊ စင်ကာပူမှာ အိမ် ခြံမြေဝယ်ခွင့်ပြုနေပြီ။ အန်ကယ်တို့ ဆီကငွေတွေ သူတို့ဆီကိုစီးဝင်နေ ပြီ။ သူတို့ဆီကိုစီးဝင်သလို အန်ကယ် တို့ဆီကိုလည်း စီးဝင်အောင်လုပ်ရ မယ်။ ဖိတ်ခေါ်ရမယ်။ အမြဲတမ်း ကောင်းကျိုးနဲ့ ဆိုးကျိုးနဲ့ရှိတယ်။ သူတို့ဝင်ရောက်လာရင် လွှမ်းမိုးမှုမခံ ရအောင် ကြံ့ကြံ့ခံထားရမှာပဲ။ သူတို့ကိုဖိတ်ခေါ်ရင် သူတို့နိုင်ငံရဲ့နည်း ပညာ၊ ဗဟုသုတတွေရမယ်။ အင်အားကြီးရင်အသေးတွေကိုဝါးမျိုသွား လိမ့်မယ်။ မအူမလည်နဲ့ လုပ်ငန်း လေးတွေလုပ်ကိုင်နေတဲ့တိုင်းရင်း သားလုပ်ငန်းရှင်တွေကပြည်ပလုပ်ငန်း ရှင်ကြီးတွေရဲ့ ဝါးမျိုခြင်းမခံရအောင် စုပေါင်းပြီးလုပ်ကိုင်သင့်တယ်။ အင်အားကြီးအောင်လုပ်သင့်သလို နိုင်ငံတော်ကလည်း နည်းဥပဒေတွေနဲ့ ထိန်းထားဖို့လိုလာပြီ''ဟု ဦးသန်းဦး က သုံးသပ်ပြောကြားသည်။
ထို့ကြောင့် အိမ်ခြံမြေလုပ်ကိုင် နေသူများမှစုပေါင်း၍ လုပ်ကိုင်ရန် အချိန်ရောက်ရှိလာပြီဖြစ်ကြောင်း၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်နေ သူများစုစည်း၍ အသင်းတစ်ခုဖြစ် လာစေရန် ကြိုးစားဆောင်ရွက်နေကြောင်း အထက်ပါပုဂ္ဂိုလ်ကထပ်မံ ပြောကြားသည်။
Source : The Myanmar Post
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ