By မင်းဒင်, Shweproperty.com
Updated at 6 February 2012
နေပြည် တော် ဇမ္ဗူသရီ မြို့နယ်ရွှေကြာပင်ရပ်ကွက်တွင် ကျောက်မျက် ရတနာအချောထည် ဈေးကြီး တည်ဆောက်ရန် မြေဧကပေါင်း ၁၂ဝ ဧကအားချထားပေးမြည်ဖစ် ပြီး ကျောက်စိမ်း ကျောက်မျက် ကုမ္ပဏီများကိုလည်း မြေကွက်ချ ပေးမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အဆိုပါဈေးကြီး တည် ဆောက်ရာတွင် ကုမ္ပဏီတစ်ခု လျှင် တစ်ဧကနှုန်းဖြင့် အမှန်တ ကယ် လုပ်ငန်းအကောင်အထည် ဖော်နိုင်မည့်သူများအား စိစစ် ကာ ချထားပေးခဲ့ ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်း (မန္တေ လးရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြေနေရာချထားခံရ သည့် ကုမ္ပဏီများအနေဖြင့် မြေတန်ဖိုး ပေးသွင်းရမည့်ငွေသည်အမေရိကန်ဒေါ်လာ(သို့မဟုတ်) အက်ဖ်အီးစီ ၂၆၃,ဝဝဝ ကျသင့် မည်ဖြစ်ပြီး မြန်မာနိုင်ငံခြားကုန် သွယ်မှုဘဏ် (MFTB )တွင် ယခုလ ၁၆ ရက်မှ ၃၁ ရက်အတွင်း အပြီးပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ နေပြည်တော် ကျောက်မျက် ရတနာအချော ထည်ဈေးကြီး တည်ဆောက်မှု သည် မန္တလေးအချောထည်ဈေး ကွက်အပေါ် အကျိုးသက်ရောက် မှုမရှိနိုင်ကြောင်းနှင့် နေရာနှစ်ခု အပြိုင် ဖွံ့ဖြိုးလာနိုင်ကြောင်း မန္တလေးမြို့ခံ ကျောက်မျက်လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။
မြေနေရာချထားပေးခြင်း ခံရသူများအနေဖြင့် လျှောက် ထားရာတွင် ပါရှိသည့် ဝန်ခံကတိ ပြုချက်များထဲ၌ မြေနေရာအား လွှဲပြောင်းခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ကျောက်မျက်လုပ်ငန်းသာ လုပ်ဆောင်ကြရန်များ ပါရှိကြောင်း သိရသည်။
SOURCE : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ