တောင်ကိုရီယား- မြန်မာ စက်မှုဇုန်စီမံကိန်းစတင်ပြီး ရက်ပိုင်းအတွင်း စတင်လာတဲ့ ဒုတိယ စီမံကိန်းကတော့ ထိုင်းနိုင်ငံအခြေစိုက် AMATAရဲ့ Yangon Amata Smart and Eco City စီမံကိန်းပါ။ဒီစီမံကိန်းဟာ ဟက်တာ(၈၀၀)အထိ ကျယ်ဝန်ပြီး ဟက်တာ(၈၀)ကို AMATA ဘက်က ပထမအဆင့်ဖော်ဆောင်မှာဖြစ်ကာ နောက်ဟက်တာ(၈၀)ကိုတော့ မြန်မာအစိုးရက အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
ဒီစံမံကိန်းအတွက် ကုန်ကျစရိတ်က Amata ဘက်ကတည်ဆောက်မယ့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကုန်ကျစရိတ်အပါအဝင် အမေရိကန်ဒေါ်လာ (၁)ဘီလီယံ အထိရှိပါတယ်။ထိုင်း- မြန်မာ စပ်တူဖော်ဆောင်တဲ့ Yangon Amata Smart and Eco City စီမံကိန်းမှာတော့ လုပ်သားပေါင်း (၃၀,၀၀၀) ကျော်အထိ အလုပ်အကိုင်တွေရနိုင်မယ်လို့ AMATA ဘက်က ပြောထားပါတယ်။