By The Kumudra, Shweproperty.com
Updated at 20 October 2015
ဟောင်အင်းဂရီလာ (HAGL) ဂရု(ပ်) အဆင့်မြင့် လူသုံးကုန်တွေနဲ့ ဈေးဆိုင်တွေ ပါဝင်တဲ့ မြန်မာပလာဇာကို လာမယ့် ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
မြန်မာ ပလာဇာမှာ အထပ်ပေါင်း (၅) ထပ်ပါဝင်ပြီး စတုရန်းပေ (၂၀၀၀) ကျယ်ဝန်းပါတယ်။ ဖွင့်လှစ်သွားမယ့် ဆိုင်ခန်းအမျိုးအစားတွေကတော့ စားသောက်ကုန်အရောင်းဆိုင်၊ အိမ်သုံးပစ္စည်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်၊ လူမှုအသုံးအဆောင်ပစ္စည်းဆိုင် (၁၀) ဆိုင်နဲ့ အလှအပနဲ့ ဖက်ရှင်ဆိုင်ရာ Brand ပေါင်း (၁၀၀) ကျော်ရောင်းချမယ့်ဆိုင် (၃၇) ခန်း ပါဝင်တယ်လို့ သိရပါတယ်။
နာမည်ကြီးဆိုင်တွေဖြစ်တဲ့ Blazon နဲ့ MK တို့ရဲ့ဆိုင်ခန်းတွေအပြင် Chopard,Zegna, Furla စတဲ့ အမှတ်တံဆိပ်တွေကလည်း ပထမဆုံးဆိုင်ခန်းတွေကို မြန်မာပြည်အတွက် လာရောက်ဖွင့်လှစ်ကြမှာ ဖြစ်ပါတယ်။ စတုရန်းမီတာ (၄၀၀၀) ကျယ်ဝန်းတဲ့ စားသောက်ဆိုင်တန်း သီးသန့်နေရာကတော့ အင်းယျားကန်မြင်ကွင်းနဲ့ ဖြစ်ပြီး စင်ကာပူနဲ့ ဂျပန်စတိုင်ဘားနှစ်ခုလည်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
မြန်မာပလာဇာမှာ အပန်းဖြေ ဈေးဝယ်ထွက်တာတွေအပြင် စီးပွားရေးဆိုင်ရာ အခန်းအနားတွေကိုလည်း ပရိုမိုးရှင်းပွဲတွေ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
"အမေရိကန်ဒေါ်လာ သန်း (၄၄၀) ရင်းနှီးမြှပ်နှံထားတဲ့ HAGL ရဲ့ အစိတ်အပိုင်း တစ်ခုကို စတင်မိတ်ဆက်မှာပါ၊ ဖွင့်လှစ်မယ့်ရက်ကတော့ ဒီဇင်ဘာအစောပိုင်းလောက် မှန်းထားတယ်၊ ဒီစင်တာမှာက နိုင်ငံတကာ အဆင့်မီဆိုင်တွေ အများကြီးပါဝင်သွားမှာ"လို့ Hong Anh Gia Lai ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
Ref : The Kumudra
Photo Credit : VN Monney
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ