Yoma Central နှင့် Pathein Industrial City တို့က ဆောက်လုပ်ရေးဆုအများအပြားအတွက် ဆန်ကာတင် စာရင်းဝင်။ Ayeyarwaddy Development ၊ Capital Development ၊ Dagon International နှင့် Sun Myat Tun Construction တို့က ဆောက်လုပ်ရေးလုပ်ငန်းများအကြား ဦးဆောင်
City Holdings မှ ဒေါ်ဝင်းဝင်းတင့် က Myanmar Real Estate Personality of the Year (မြန်မာ့တစ်နှစ်တာ အိမ်ခြံမြေပုဂ္ဂိုလ်ဆု) ဆုအတွက် ရွေးချယ်ခံရ၊ မြန်မာနိုင်ငံအတွက် ဤဆုကိုရရှိသည့် ပထမဆုံးအမျိုးသမီး လုပ်ငန်းရှင်ဖြစ်လာ
မြန်မာနိုင်ငံ၏ အကြီးကျယ်ခမ်းနားဆုံး အိမ်ခြံမြေဆုတံဆိပ်များ ရယူပိုင်ဆိုင်နိုင်ရန်အတွက် ကုမ္ပဏီပေါင်း (၁၃) ခုခန့်ကို ဆန်ကာတင်ရွေးချယ်ထားပြီး ဆုအမျိုးအစား (၇) မျိုးအထိ တိုးမြှင့်ထားသော ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍများနှင့် Best Luxury Condo Development (အကောင်းဆုံး ဇိမ်ခံကွန်ဒိုဆု) ၊ Best Heritage Renovated Property (အကောင်းဆုံး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆု) အပါအဝင် ဆုအမျိုးအစားသစ်များကို ချီးမြှင့်သွားမည်ဖြစ်ပါသည်။
Ayeyarwaddy Development Public Co., Ltd. ၊ Capital Development Ltd. ၊ Dagon International Limited နှင့် Sun Myat Tun Construction Co., Ltd. တို့က ဆောက်လုပ်ရေးလုပ်ငန်းများအနက် ဆုအရေအတွက် အများဆုံးအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့ပြီး Ayeyarwaddy Development Public Co., Ltd. မှ ဆောက်လုပ်သည့် မြို့နယ်ဆောက်လုပ်ရေး စီမံကိန်းဖြစ်သော Pathein Industrial City နှင့် Capital Development Ltd. ၏ ရုံးလုပ်ငန်းနေရာစီမံကိန်းသစ်ဖြစ်သော Mandalay Financial Center တို့က ဆုအမျိုးအစားနှစ်ခုစီအတွက် ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ပါသည်။
Best Retail Development ဆု (အကောင်းဆုံး လက်လီလုပ်ငန်း ဆောက်လုပ်ရေးဆု) နှင့် Best Office Development ဆု (အကောင်းဆုံး ရုံးခန်းအဆောက်အဦးဆု) များအပါအဝင် ဆု (၃) မျိုးအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည့် Meeyahta Development Limited ၏ ဘက်စုံသုံးစီမံကိန်းဖြစ်သည့် Yoma Central က ဆောက်လုပ်ရေးစီမံကိန်းများအနက် ဆုအရေအတွက် အများဆုံးအတွက် ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့ပါသည်။
SCW Development Group Ltd ၏ Skysuites ဇိမ်ခံကွန်ဒိုစီမံကိန်းနှင့် Myanmar Thilawa SEZ Holdings Public Company Limited ၏ Gyogone Housing Redevelopment တို့ကလည်း ဆုနှစ်ဆုစီအတွက် ဆန်ကာတင်ပါဝင်နေပါသည်။ အပန်းဖြေ ဖျော်ဖြေရေးသုံး ဆောက်လုပ်မှုများဖြစ်သော Lawson International Company Limited ၏ Sandayaw Hotel & Resort နှင့် Factory to Home Company ၏ Woodland X Bar တို့ကလည်း ဆုအရေအတွက် အများအပြားအတွက် ဆန်ကာတင် ပါဝင်နိုင်ခဲ့ပါသည်။
PropertyGuru Myanmar Property Awards in partnership with Shwe Property အိမ်ခြံမြေဆုပေးပွဲကြီးသည် အရည်အသွေးမြင့် ဆောက်လုပ်ရေးလုပ်ငန်းများပါဝင်သည့် ဆန်ကာတင်လုပ်ငန်းများစာရင်းကို ယခုနှစ်အတွက် အောင်မြင်စွာ ရွေးချယ်တင်သွင်းနိုင်ခဲ့ပြီဖြစ်ပါသည်။
ယခုနှစ်၏ ဆန်ကာတင်စာရင်းကို အမှီအခိုကင်းသည့် အကဲဖြတ်ဒိုင်လူကြီးမင်းများအဖွဲ့က စိစစ်ရွေးချယ်ထားခြင်းဖြစ်ပြီး Executive Director နှင့်အကြံပေးဖြစ်သူ Joe Yew Chi Jee ၊ Executive ဖြစ်သူ Nang Hnin Thet Htwe ၊ Senior Manager ဖြစ်သူ Hong Shi Ying နှင့် Thin Thinzar Ko တို့ပါဝင်သော မြန်မာနိုင်ငံရှိ BDO အဖွဲ့က ကြီးကြပ်သည့် ဘက်မလိုက်သော၊ ပွင့်လင်းမြင်သာသော အကဲဖြတ်စနစ်ဖြင့် ဆောင်ရွက်ထားပါသည်။
အမှီအခိုကင်းသော အကဲဖြတ်အဖွဲ့တွင် ဆုချီးမြှင့်ပွဲဥက္ကဌအဖြစ် Emerson Real Estate ၏ Managing Director ဖြစ်သူ Richard Emerson၊ Your Property Finder Company Ltd ၏ Managing Director ဖြစ်သူ Charm May Thu၊ Asean Real Estate Network Alliance (ARENA) ၏ ဥက္ကဌနှင့် Myanmar Real Estate Services Association (MRESA) ၏ President ဖြစ်သူ Khin Maung Than၊ Archetype Group, Myanmar ၏ Managing Director နှင့် Architectural Design Director ဖြစ်သူ Mark Petrovic၊ Creative Fox Design & Build Co., Ltd ၏ တည်ထောင်သူ May Soe Yu၊ M.ID တည်ထောင်သူနှင့် ဒီဇိုင်းဒါရိုက်တာဖြစ်သူ Mya Myitzu၊ STKT Consultants Co Ltd မှ Principal Design Engineer ၊ အတိုင်ပင်ခံနှင့် Project Manager ဖြစ်သူ Dr Soe Thein နှင့် Spine Architects ၏ တည်ထောင်သူနှင့် Principal Architect ဖြစ်သူ Stephen Zawmoe Shwe တို့ပါဝင်ထားပါသည်။
ဆဌမအကြိမ်မြောက် PropertyGuru Myanmar Property Awards in partnership with Shwe Property ဆုချီးမြှင့်ပွဲကြီးကို Platinum Sponsor အဖြစ် Hitachi Elevators and Escalators ၊ Silver Sponsor အဖြစ် Porcelanosa ၊ တရားဝင် Portal မိတ်ဖက်နှင့် Associate Partner အဖြစ် ShweProperty.com ၊ တရားဝင်မဂ္ဂဇင်းအဖြစ် PropertyGuru Property Report ၊ တရားဝင်သတင်းစာအဖြစ် The Straits Times Myanmar ၊ မီဒီယာမိတ်ဆက်များအဖြစ် FrontierMyanmar.com (Myanmar Real Estate & Construction Monitor) ၊ Myanmar Home & Décor ၊ Myanmar Insider နှင့် Myanmar Times ၊ တရားဝင် Charity မိတ်ဖက်အဖြစ် Right to Play ၊ တရားဝင် ESG မိတ်ဖက်အဖြစ် Baan Dek Foundation ၊ တရားဝင် ပြည်သူ့ဆက်ဆံရေး မိတ်ဖက်အဖြစ် Klareco Communications ၊ ထောက်ပံ့ကူညီပေးသည့် အဖွဲ့အစည်းများအဖြစ် AustCham Myanmar နှင့် British Chamber of Commerce Myanmar ၊ တရားဝင်ကြီးကြပ်သူအဖြစ် BDO တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။