By ရန်နိုင်(မြစ်မခ), Shweproperty.com
Updated at 6 October 2012
“ရေရှည်တော့ လုပ်နိုင်ဦးမှာ မဟုတ်ပါဘူးဗျာ။ ဈေးနှုန်းကကျရင်လည်း နည်းနည်းပါးပါးပဲ ကျလာမှာပါ။ ဒါပေမယ့် ရှေရှည်မှာ ဒီလောက်ကြီး ဈေးကျအောင် ထိန်းထားနိုင်စရာတော့ မမြင်ပါဘူးဗျာ ခဏတော့ ရပါလိမ့်မယ်”ဟု ကောင်းသန့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
လက်ရှိ ရန်ကန်မြို့အိမ်ခြံမြေဈေးကွက်အတွင်း ကျပ်သိန်းထောင်ချီသောမြေကွက်များအရောင်းအဝယ် ဖြစ်နေကြောင်းနှင့် ကျပ်သိန်း (၅၀၀) အောက်မြေကွက်များမှာ အနည်းငယ်သာ အရောင်း အဝယ်ဖြစ် နေပြီး တိုက်ခန်းနှင့်ကွန်ဒိုအငှားသာများနေကြောင်း အကျိုးဆောင်လုပ်ငန်းများထံမှ သိရှိရသည်။
အိမ်ခြံမြေဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်ရန် အခွန်နှုန်းထားထပ်မံတိုးမည်ဆိုပါက သာမာန် ပြည်သူအများစုထိ ခိုက်နိုင်ခြင်းကြောင့် အဆိုပါအချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်လာပြီဖြစ် ကြောင်း အိမ်ခြံမြေလုပ်ငန်းကျွမ်းကျင် သူတစ်ဦးက ပြောဆိုသည်။
“Tax က ၁၅ ရာခိုင်နှုန်းကနေ ၃၇ ရာခိုင်နှုန်းဆိုတော့ ထိန်းလိုက်တာပါပဲဗျာ။ ဝယ်ရောင်းသမား ဆိုတာက လက်တစ် ဆုပ်စာလောက်ပဲ ရှိတာလေ Tax ကိုထပ်ပြီးတော့ တိုးမယ်ဆိုရင် သာမာန် ပြည်သူအများရဲ့ လုပ်သာကိုင်သာတဲ့ အခွင့်အလမ်းအနေအထား ကျဉ်းမြောင်းသွားတယ်ဆိုရင်တော့ ဒါ နည်းနည်းထည့်တော့ စဉ်းစားရမယ့် သဘောရှိတယ်”ဟု အိမ်ခြံမြေလုပ်ငန်းနှင့်ပတ်သက်သည့် ပညာရှင်တစ်ဦးဖြစ်သူ မဏ္ဏိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ပြောသည်။
သင့်တော်သည့် နှုန်းထားရှိသည့် အိမ်ခြံမြေဈေးဖြစ်ပေါ်လာဖို့ရန်အတွက် အခွန်အား ထိန်းချုပ်ရမည် ဖြစ်ကြောင်းနှင့် မြေဈေးများနှင့် တိုက်ခန်းဈေးနှုန်းများကို ထိုက်သင့်သော level ရောက်အောင် ဆွဲချမည် ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ သို့ ရောက်ရှိနေစဉ်က မြန်မာမိသားစုနှင့် တွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားခဲ့ကြောင်းကို လည်းသိရှိသည်။
အဆိုပါပွဲတွင် ဝန်ကြီးမှအစိုးရပါဝင်သော အိမ်ခြံမြေဈေးနှုန်းတန်ဖိုးဖြတ်သည့်အဖွဲ့ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ဖွဲ့စည်းသွားမည်ဟုလည်း ပြောကြားခဲ့သေးသည်။
အိမ်ခြံမြေမူဝါဒထပ်မံပြောင်းလဲမည်ဆိုပါက ဈေးကစားနေသော စီးပွားရေးသမားများနှင့် အိမ်ခြံမြေဘက်တွင် ရင်းနှီးမြှုပ်နှံထား သူများနှင့်ရင်းနှီးမြှူပ်နှံမည့်သူများအတွက် အကာအကွယ်ပေးသောမူဝါဒမျိုးမဖြစ်သင့်ကြောင်း ကိုလည်း သိရှိရသည်။
“ဝယ်ရောင်းသမားတွေကြောင့် အကြောင်းကြောင်းကြောင့် မြေဈေးမြင့်တယ်ဆိုတာ မှန်ပါတယ်။ အနာတခြား ဆေးတခြားဖြစ်သွားမှာလည်း စိုးရတယ်လေ။ ဘာကြောင့်လဲဆိုတော့ အခုထပ်ပြောင်းမယ့် မူဝါဒက ဈေးကစား ချင်တဲ့သူတွေအတွက် အကအကွယ်ပေးတဲ့ မူဝါဒ ခဏတော့ ဖြစ်သွားနိုင်တယ်”ဟု မဏ္ဏိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးသန်းဦးက ပြောသည်။ Source : Myitmakha media
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ