" />
By Shwe Property Editor, Shweproperty.com
Updated at 8 January 2019
စက္ကန့်တိုင်း တိုးပွားလာနေတဲ့လူဦးရေအလျှောက်ကျွန်တော်တို့ ကမ္ဘာမှာ နေမည့်လူနဲ့ နေစရာနေရာဟာ အမြဲတမ်းမျှခြေမညီ ဖြစ်နေရပါတယ်။ ခက်တာက လူရယ်လို့ ဖြစ်လာမှဖြင့် ကျောတစ်နေရာစာဟာ သိပ်ကြီးတော့ကိုအခရာကျလှပါတယ်။
ရိပ်မြုံတစ်မြုံ၊ အသိုက်တစ်သိုက်၊ ဂေဟာတစ်ခု ၊ အိမ်တစ်အိမ် ၊ မြေတစ်ကွက် အမည်ပေါက် ပိုင်ဆိုင်ခွင့် ရနေပြီးသားဆိုရင် စိတ်လုံခြုံမှုရှိမယ် ၊ မိမိကိုယ်ကိုခိုင်မာမြဲမြံမယ် ၊ နောင်ရေးစိတ်အေးနေရမယ် ဆိုတာဟာဖြင့် အရမ်းကြီးသေချာလွန်း နေပါတယ်။
နေစရာ အခိုင်အမာရှိထားရင် စားဖို့ရှာရုံတစ်ခုတည်းမှာပဲ လုံ့လစိုက်ရတော့မယ်မဟုတ်လား။
၂၁ရာစုကမ္ဘာမှာ လူသားတွေရဲ့ နေရေးထိုင်ရေးအတွက် လိုတဲ့လူတွေကရှာဖွေပြီး၊ ရှာနေတဲ့လူတွေကိုရောင်းဖို့ ဒါမှမဟုတ် အငှားချထားပေးဖို့ရာ အသီးသီးအသက ဖေါ်ဆောင်နေကြတဲ့ လုပ်ငန်းရှင်မျိုးတွေ ကာလရဲ့ လိုအပ်ချက်အတိုင်း မလွဲမသွေ ပေါ်ထွင်းလာကြရပါတယ်။
အဲသည် ပထမလူစုက ရောင်းသူတွေပါ။ သူတို့က မြေတွေဖေါ်ထုတ်၊ အဆောက်အဦးတွေ ဆောက်လုပ်ပြီး ရောင်းချခြင်း သို့မဟုတ် အငှားချပေးခြင်းလုပ်ငန်းနဲ့ စီးပွားရှာသူများ ဖြစ်ပါတယ်။
ဒုတိယလူစုကတော့ မိမိနေထိုင်ဖို့ ကိုယ်တိုင်ဆောက်လုပ်ခြင်းကိစ္စကို လုပ်ဆောင်ရန် အချိန်မရ ၊ အခြေအနေမပေးလို့ အသင့်ဆောက်လုပ်ပြီး ရောင်းချ၊ ငှားရန်းသူများ ထံမှဝယ်ယူငှားရမ်း နေထိုင်ဖို့ စုံစမ်းရှာဖွေနေကြရသူများ ဖြစ်ပါတယ်။
တတိယလူစုကတော့ ဝယ်သူနဲ့ရောင်းသူကြား အဆင်ပြေချောမွေ့အောင် ကြားဝင်ဆက်သွယ်ဝန်ဆောင်မှု ပေးနေကြတဲ့ အကျိုးဆောင်လုပ်ငန်းလုပ်သော အစုအဖွဲ့များ၊ ကုမ္ပဏီများပဲ ဖြစ်ပါတယ်။
ဆိုခဲ့သလို အိမ်ခြံမြေကိုလက်ဝယ်ပိုင်ဆိုင်ထားရာက အကြောင်းတစ်ခုခုကြောင့် ပြန်လည်ရောင်းထုတ်ချင်သူတွေ ၊ အဆောက်အဦးသစ် ဖော်ဆောင်ရောင်းချနေကြတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေ စတဲ့အရောင်းသမားများ။
တစ်နည်းနည်းနဲ့ ကိုယ်တိုင်နေထိုင်ဖို့ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံဖို့ဖြစ်စေ အိမ်ရှာဝယ်ယူနေကြတဲ့ အဝယ်သမားများ ။
နောက်ပြီးတော့ အထက်ကနှစ်ဦးကြားပေါင်းကူးဆက်သွယ်ပေးမယ့် အကျိုးဆောင်လုပ်ငန်းကုမ္ပဏီများအတွက်-
ဟောဒီ SHWE PROPERTY ကဘာတွေ ဘယ်လို ချောချောမွေ့မွေ့နဲ့ ဘယ်လောက်မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်တယ် ဆိုတာစိတ်ဝင်စားသူတွေသိနိုင်ဖို့ အကျဉ်းနိဒါန်းဖော်ပြလိုက်ပါတယ်။
အကျိုးဆောင်ကုမ္ပဏီများအတွက်-
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုးအောင်မြင်ဖို့ SHWE PROPERTY ရဲ့ MEMBER (အသင်းဝင်) လုပ်ပါ။
MEMBER (အသင်းဝင်) တစ်ယောက်အနေနဲ့ လူကြီးမင်း တာဝန်ခံထားတဲ့ အိမ်ခြံမြေတွေကို အခမဲ့ကြော်ငြာနိုင်မှာ
ဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ ရောင်းချဖို့ ရှိနေတဲ့ အိမ်ရာတွေ ၊ ကွန်ဒို တွေ ၊ တိုက်ခန်းတွေ ၊ ဆိုင်ခန်းတွေ ရဲ့အသေးစိတ် အချက်အလက် (အမျိုးအစား ၊ အကျယ်အဝန်း ၊ တည်နေရာ ၊ ဈေးနှုန်းတန်ဖိုး) အပြည့်အစုံကို SHWE PROPERTY မှာဖော်ဆောင် ကြော်ငြာခြင်းဖြင့် ဝယ်လက်တွေကို အလွယ်တကူ ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဒါတင်မက သင့်လုပ်ငန်းတွေပိုမိုသွက်လက် ထက်မြက်ဖို့ SHWE PROPERTY ရဲ့ AGENTS DIRECTORY (အကျိုးဆောင်လမ်းညွှန်)မှာလည်းပါဝင်ပူးပေါင်းလုပ်ဆောင်ပါ။
သင့်ရဲ့အိမ်ခြံမြေကို ၂၄ နာရီကြော်ငြာပါ။
အိမ်ရှာနေတဲ့ အိမ်ဝယ်ချင်သူ အိမ်ငှားချင်သူတွေအတွက်-
အိမ်ဝယ်မယ့်သူ အိမ်ငှားမယ့်သူတွေအနေနဲ့ ဘယ်မြို့၊ ဘယ်ရပ်ကွက်၊ ဘယ်လမ်းမှာ ဘယ်လောက်တန်ဖိုးနဲ့ ဘယ်ကဲ့သို့ ကျယ်ဝန်းတဲ့ အမျိုးအစားကွဲသော (ဥပမာ- RC၊ BN ၊ ပျဉ်ထောင်သွပ်မိုး) အိမ်တွေရှိတယ် ဆိုတာ အချိန်တိုအတွင်း ကလစ်တစ်ချက် ခေါက်ရုံနဲ့ သိနိုင်ဖို့ SHWE PROPERTY WEBSITE ကဝန်ဆောင်မှုပေးထား ပါတယ်။
မြန်မာတစ်နိုင်ငံမှာရှိတဲ့ ရောင်းရန်ရှိ အိမ်ခြံမြေများရဲ့ အသေးစိတ် အချက်အလက်တွေကို တိုင်း၊ပြည်နယ်အလိုက် ၊ မြို့နယ်အလိုက် (နယ်စွန်နယ်ဖျားမကျန်) တစ်နေရာတည်းမှာ တစ်ထိုင်တည်းနဲ့ ရှာလို့ရအောင် SHWE PROPERY WEBSITE ကလုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သင့်စိတ်ကြိုက် အကျိုးဆောင်ကို ရှာဖွေ ဆက်သွယ် အလုပ်အပ်နိုင်ဖို့ ကိုလည်း ဖွင့်ထားတဲ့ AGENT DIRECTORY ကနေ ရှာဖွေနိုင်ပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ