By Sint Sint, Shweproperty.com
Updated at 11 January 2021
ရန်ကုန်မြို့ရှိ မြန်မာ့မီးရထားဝန်ထမ်းမိသားစုများ နေထိုင်ရန်အတွက် အင်းစိန်မြို့နယ်၊ လှိုင် မီးရထားဝင်းအတွင်းရှိ ခြောက်ခန်းတွဲ ငါးထပ်တိုက် အထပ်မြင့်အဆောက်အအုံနှင့် ဝက်စုရပ်ကွက်အတွင်းရှိ ခြောက်ခန်းတွဲ လေးထပ်တိုက်အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်နေမှုမှာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အင်းစိန်မြို့နယ်၊ လှိုင်မီးရထားဝင်းအတွင်း ဆောက်လုပ်ထားသည့် အဆောက်အအုံမှာ အလျား (၁၂၆) ပေ၊ အနံ (၄၂) ပေနှင့် အမြင့် (၅၃) ပေရှိပြီး သံကူကွန်ကရစ် (RC) အမျိုးအစားဖြစ်၍ ခြောက်ခန်းတွဲငါးထပ်တိုက် အဆောက်အအုံဖြစ်သည်။ လူနေအိမ်ခန်း တစ်ခန်းလျှင် အကျယ် (၆၈၆) စတုရန်းပေရှိ လူနေအိမ်ခန်းပေါင်း (၃၀) ပါဝင်ဆောက်လုပ်ထားကြောင်း သိရသည်။ ဝက်စုရပ်ကွက်အတွင်း ဆောက်လုပ်ပြီးစီးသည့် အဆောက်အအုံမှာ အလျား (၁၃၂) ပေ၊ အနံ (၃၁) ပေနှင့် အမြင့် (၄၃) ပေရှိပြီး သံကူကွန်ကရစ်(RC) အမျိုးအစားဖြစ်၍ ခြောက်ခန်းတွဲ လေးထပ်တိုက် အဆောက်အအုံဖြစ်သည်။ လူနေအိမ်ခန်းတစ်ခန်းလျှင် အကျယ် (၅၆၇) စတုရန်းပေရှိ လူနေအိမ်ခန်း စုစုပေါင်း (၂၄) ခန်း ပါဝင်ဆောက်လုပ်ထားကြောင်း သိရသည်။ အင်းစိန်မြို့နယ်၊ လှိုင်မီးရထားဝင်းအတွင်းရှိ ခြောက်ခန်းတွဲ ငါးထပ်တိုက် အဆောက်အအုံကို ၂၀၁၉ ခုနှစ် ဩဂုတ်လပိုင်းက ဆောက်လုပ်ခဲ့ပြီး ဝက်စုရပ်ကွက်အတွင်းရှိ ခြောက်ခန်းတွဲ လေးထပ်တိုက် အဆောက်အအုံကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလပိုင်းက ဆောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီးခဲ့သောကြောင့် ဝန်ထမ်းအိမ်ရာကော်မတီများ ဖွဲ့စည်းနေပြီဖြစ်၍ မကြာမီကာလအတွင်း မြန်မာ့မီးရထား တိုင်းအမှတ်(၇) ရန်ကုန်နယ်မြေအတွင်းမှ ဝန်ထမ်းမိသားစုများ အဆင်ပြေစွာ နေထိုင်နိုင် ကြတော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ နောက်ဆုံးရ သတင်းများ လှည်းကူးစက်မှုဥယျာဉ်စီမံကိန်း မြေပြင်တည်ဆောက်ရေး ယခုနှစ်ဆန်းတွင် စတင်မည် တိုင်းဒေသကြီး ၃ခုတွင်အကောင်အထည်ဖော်မည့် ဝါစက်မှုဇုံစီမံကိန်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို အရင်းအနှီးနည်းနည်းဖြင့် ဝယ်လို့ရနေပါပြီ သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများရောင်းမည် Credit : MRTV Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ