By သန်းဌေး, Shweproperty.com
Updated at 26 July 2012
ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည် တော် ကောင်စီအတွင်း ရှိ မြေလွတ်မြေရိုင်းများအားလုံး မြေနေရာဦး၍ အမည်ပေါက် ပိုင် ရှင်များ ရှိနေကြကြောင်း မွေးမြူ ရေးလုပ်ငန်းရှင်များက ပြော သည်။
အသားတိုးနွားမွေးမြူရေးလုပ်ငန်း လုပ်ဆောင်ရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဧကတစ်သောင်း ခွင့်ပြုထားသောကြောင့်စားကျက်မြေ ရှာဖွေရာတွင် ရှမ်း ပြည်နယ်တွင်သာမက ကယား ပြည်နယ်တွင်ပါ မြေလွတ်မှန်သမျှ အမည်ပေါက်ပိုင်ရှင်ရှိပြီး ဖြစ်နေကြောင်း ရှမ်းပြည်နယ်မွေးမြူ ရေးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာကြည်လွင်က ပြော သည်။
''ဝန်ကြီးတွေကရော ပြည်ထောင်စုဝန်ကြီးတွေကလည်းအားပေးတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကလည်း ခွင့်ပြုတယ်။ ဧကတစ်သောင်း ကျွန်တော်အားချင်း ရှာတယ်။ ရှာတဲ့အခါကျတော့ တစ်သောင်းမပြောနဲ့ တစ်ထောင် နှစ်ထောင်လည်း ပထမတော့ရမ လိုလိုနဲ့ မလွယ်ဘူး။ တောက်လျှောက်ရှာတာ အခက်အခဲက ဘာတွေ့လဲဆိုတော့ မြေကွက် တွေအကုန်က မြေလွတ်မြေရိုင်း မရှိဘူး။ မြေလွတ်မြေရိုင်းကရှိ တယ်။ သို့သော် နာမည်တွေက ကျွန်တော်ပြောလို့မကောင်းဘူး။ အကုန်ပေါက်နေပြီ။ အဲဒီလိုဖြစ် နေတယ်''ဟု မြန်မာနိုင်ငံမွေးမြူ ရေး လုပ်ငန်းအဖွဲ့ချုပ် နှစ်ပတ် လည်အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့သည်။
အလားတူ နေပြည်တော် ကောင်စီတွင်လည်း မွေးမြူရေး ဇုန် လေးဇုန် ဖော်ထုတ်ထားရာ အမည် ပေါက် ပိုင်ရှင် များ က မလုပ်ကြသောကြောင့် မွေးမြူသူ များက အမှန်တကယ်လုပ်ဆောင် နိုင်ရန် နိုင်ငံတော်မှ ပြန်လည် သိမ်းယူမည်ဟူ၍ ဇွန်လ ၁ ရက် မှ စတင်ကာ နိုင်ငံပိုင်သတင်းစာ များတွင် ကြေညာချက်များ ထုတ် ပြန်ခဲ့သည်။''နေပြည်တော်ကောင်စီနယ် မြေမှာ မွေးမြူရေးဇုန်လေးဇုန် ဖော်ထုတ်နေတယ်။ အဲဒီမွေးမြူ ရေးဇုန်လေးဇုန်မှာလည်း အခက် အခဲအမျိုးမျိုးရှိနေပါတယ်။ အဲဒီ အခကအ် ခအဲ မျိုးမျိုးကတော လုပ် ငန်းရှင်များက မြေနေရာဦးထားတာလည်း တစ်ကြောင်းပါရှိပါ တယ်။ နောက်တစ်ချက်ကတော့ သစ်တောကျူး၊ မြေလွတ်၊ မြေရိုင်း ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု တွေကိုလည်း ရှိနေတာကို အန်ဂျီအိုတွေက ပြတ်ပြတ်သားသား မ ဆောင်ရွက်နိင်ဖြစ်နေပါတယ်'ဟု နေပြည်တော် ကောင်စီမွေး မြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ ဒေါက်တာ သန်းလင်းက ပြောသည်။
လယ်ယာမြေ နည်းဥပေဒေများ နှင့် မြေလွတ်မြေရိုင်းများ စီမံခန့် ခွဲ ရေး ဥပဒေကို ၂ဝ၁၂ ခုနှစ် မတ်လ ၃၁ ရက်တွင် အတည်ပြု ဋန်း ခဲ့သည်။ နိုင်ငံတော်သမ္မတဦး သိန်းစိန်က နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဒုတိယအဆင့် ပြုပြင်ပြောင်းလဲ လုပ်ဆောင်သွား မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ ပြောကြားသော မိန့်ခွန်းတွင်အခြား နိင်ငံများ နဲ့ မတူဘဲ အခက် အခဲတွေ့နေသော မြေအသုံးချမှု နှင့် မြေကစားမှု ပြဿနာများအား ဖြေရှင်းရာတွင် ဖွဲ့စည်းထား ပြီးဖြစ်သော မြေယာခွဲဝေအသုံး ချမှု စိစစ်ဆောင်ရွက်ရေးကော်မတီက ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။Source : 7 Days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ