By businesstoday, Shweproperty.com
Updated at 16 September 2012
၂၀၁၂ခုနှစ်အတွင်း အိမ်၊ ခြံ၊ မြေအရောင်းအဝယ်တွေ မြို့နယ်စုံတွင် ဈေးကွက်မျှပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ ''တစ်လနှင့် တစ်လ၊ တစ်နှစ်နဲ့ တစ်နှစ်ကွာတာက တစ်နေရာတည်းမှာ အရမ်းဖြစ် နေတာမျိုးမရှိဘူး။ ဟိုမြို့နယ် တစ်ကွက်၊ ဒီမြို့နယ်နှစ်ခု၊သုံးခု ဖြစ်တယ်၊ ဈေးကွက် မျှ တယ်ပြောရမယ်'' လို့ အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်းတစ်ခုမှသိရသည်။ ''တောင်ဥက္ကလာမှာခြံကျယ်နဲ့ အာရ်စီတိုက်ပါကို ကျပ်သိန်း ၁၅၀ဝ ဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။သင်္ဃန်းကျွန်းဘက်မှာ လမ်းမတန်းကို သိန်း ၃၀ဝ၀ ဝန်းကျင်အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ဘောက်ထော်မှာ သိန်း ၅၀ဝ၀ ဝန်းကျင် အရောင်း အဝယ်ဖြစ်ခဲ့တယ်။မှော်ဘီမြို့နယ် လမ်းမ အနီး မှာမြေတစ်ကွက်တစ် ဧကကို သိန်း ၆၀ကနေ သိန်း ၁၂၀ နီးပါးနဲ့ အရောင်းအဝယ် ရှိခဲ့ပါတယ်။ လမ်းမတန်းနဲ့ အနီးအဝေးအလိုက် ဈေးကွာသွားပါ တယ်။ လက်ရှိ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဖြစ်နေတာက တချို့နေရာတွေမှာခေါ်ဈေး နီးပါး ကြိုက်ရောင်း ကြိုက်ဝယ် ဖြစ်နေသလို တချို့ နေရာတွေ မှာ တော့ ဝယ်သူစိတ်ကြိုက်ရောင်း နေရတာတွေရှိပါတယ်။ တန်ဖိုး မြင့် မြေကွက်အရောင်းအဝယ် အချို့လည်း မနှစ်ကထက်မများပေမယ့် ဒီလထဲမှာ အသင့် အတင့်ရှိတယ်''ဟုဆိုသည်။ တိုက်ခန်း၊ ကွန်ဒိုတွေလည်း အလုံ၊ ပုဇွန်တောင်၊လမ်းမတော်၊ ဗဟန်းမြို့နယ်တွေမှာ တန်ဖိုးအစုံ အရောင်းရော အငှားပါရှိကြောင်း သတင်းရရှိသည်။ ''ဗဟန်းထဲမှာဆို နိုင်ငံခြား သားနေဖို့ ကွန်ဒိုအငှားရှိတယ်၊ အလုံဘက်မှာတော့ အင်န်ဂျီအို ရုံးခန်းလုပ်ဖို့ ငှားတယ်၊ ကျန်တဲ့ အငှားတွေကတော့အိမ် အပြောင်း အရွှေ့လုပ်သူတွေများတယ်}}လို့ လမ်းမတော်မြို့နယ်မှ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက ပြောသည်။ စက်မှုဇုန်မြေကွက်တွေ လည်း မနှစ်ကထက် ဈေး ၁၀ ကျော်မြင့်လာကြောင်းသိရသည်။ မင်္ဂလာဒုံစက်မှုဇုန်မှာတစ်ဧကကို သိန်း၇၀ဝနီးပါး အရောင်းအဝယ်ရှိကြောင်း၊ရွှေပြည်သာ စက်မှုဇုန် (၁)အနီးတွင် ပေ ၆၀ပတ်လည်ကို သိန်း ၇၀ဝ စွန်းစွန်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ Source : Businesstoday
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ