By အေးမွန်, Shweproperty.com
Updated at 29 March 2013
ဆိုင်ခန်း၊ အရောင်းပြခန်းစတဲ့ လုပ်ငန်းအချို့ အနေနဲ့ ပေါက်ဈေးထက် ဈေးပိုပေးဌားကြပေမဲ့လည်း နေရာလွတ်ရှားလာတယ်လို့ သိရတယ်။
‘ဆိုင်ခန်းဖွင့်ချင်တဲ့ သူတွေများလာတော့ ပေါက်ဈေးတစ်ခုပြောတာနဲ့ ဌားချင်တဲ့သူက ဈေးတိုးပေးတာနဲ့ ဈေးက တက်သွားတာ ၊အများစုက လှည်းတန်းနားကို ပိုကြိုက်ကြတယ်၊ဒါပေမယ့် ဌားချင်တဲ့သူက ဆယ်ယောက်လောက်ဆိုရင် ဌားမယ့်နေရာက နှစ်ခုလောက်ပဲလွတ်တယ်၊အဲဒီလို ဖြစ်နေတာ’လို့လမ်းမတော်မြို့နယ်မှ အကျိုးဆောင်တစ်ဦးကပြောတယ်။
အရောင်းပြခန်း၊ ဆိုင်ခန်းဖွင့်ဖို့မြို့နယ်တိုင်းရှိ လူစည်ကားတဲ့နေရာတိုင်းလိုလိုမှာ နေရာလွတ်ရှာကြတာပါ။ဆိုင်ခန်းအဌားအများဆုံးက ဖုန်းအရောင်းဆိုင်တွေအတွက်များတယ်လို့သိရပါတယ်။
‘လှည်းတန်းမီးပွိုင့်ကနေ စံရိပ်ငြိမ်အတွင်းကို ပိုကြိုက်ကြတယ်၊ဌားခကလဲ အရင်ကတစ်လ ကျပ်ငါးသိန်းတန်က အခုဆိုရင် ရှစ်သိန်း၊ ၁၀ သိန်းဖြစ်နေပြီ၊အရင် ၁၀သိန်းတန်က ၁၅ သိန်း၊သိန်း ၂၀ဖြစ်နေတာ၊မြေနီကုန်းမီးပွိုင့်နားမှာ ပေ၂၀x ပေ၅၀ မြေညီထပ်ကို တစ်လ ၃၅သိန်းနဲ့တောင်ခေါ်တာ၊ဌားဖြစ်ရင်တော့ သိန်း၃၀ လောက်နဲ့ပေါ့၊အရင်ကဆိုရင် ၁၅ သိန်း၊သိန်း ၂၀ ပဲရှိတာ’လို့ရွှေစံမြတ် အကျိုးဆောင်မှ ဦးမျိုးမှပြောတယ်။
လူစည်ကားတဲ့ တချို့နေရာတွေမှာ မြေညီထပ်က ဈေးမြင့်တဲ့အတွက် ပထမထပ်လောက်ကိုဌားကြတာလည်းရှိပါတယ်။ဂိမ်းဆိုင်၊ ဗြူတီစလွန်း ၊ဓာတ်ပုံကွန်ပျူတာဆိုင် တချို့ဆိုရင် ဒုတိယထပ်၊တတိယထပ်တွေမှာ ဖွင့်ကြတာမျိုး တောင်ရှိတယ်လို့ အကျိုးဆောင်တချို့က ဆိုပါတယ်။
Ref : မော်ဒန်ဂျာနယ်
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ