By လဲ့မို့, Shweproperty.com
Updated at 9 March 2012
အလုံမြို့နယ်က သိပ္ပံဈေးကို အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်မယ်ဆိုတဲ့ သတင်းကြောင့် ဆိုင်ခန်းဈေးတွေ သုံးဆကျော် မြင့်တက်လာတယ်လို့ သိရပါတယ်။‘အရင်က ဆိုင်ခန်း ငှားခက ကျပ် ၅၀၀၀ ပဲရှိတယ်၊ အဆင့်မြင့်ဈေး ပြင်ဆောက်မယ်လဲဆိုရော ကျပ် ၁၀,၀၀၀ လောက်အထိ မြင့်တက်လာတယ်လို့’ အလုသိပ္ပံဈေးမှာ ဆိုင်ခန်းငှားရမ်းရောင်းချနေသူ တစ်ဦးက ပြောပါတယ်။အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ပြီးပါက ဆိုင်ခန်းဈေးနှန်းတွေ မြင့်တက်လာနိုင်သလို ဆိုင်ခန်းငှားခတွေလည်း အခုထက်ပိုမို ရရှိမယ်ဆိုတဲ့ ထင်ကြေးနဲ့ ဝယ်ယူသူတွေ ရှိနေတယ်လို့ သိရပါတယ်။အဆင့်မြင့်ဈေး မတည်ဆောက်ခင်က ဆိုင်ခန်းဈေးနှုန်းတွေက လေးပေတစ်ခန်းကို ကျပ် ၁၅ သိန်းနဲ့ ငါးပေတစ်ခန်းကို ကျပ် သိန်း ၂၀ သာရှိတယ်လို့ သိရပါတယ်။ အခု အဆင့်မြင့်ဈေးတည်ဆောက်မယ့်အချိန်မှာ ဆိုင်ခန်းဈေးနှုန်းတွေက လက်ရှိဈေးနှုန်းထက် သုံးဆကျော်အထိ မြင့်တက်လာတယ်လို့ သိရပါတယ်။‘အခု လေးပေတစ်ခန်းကို သိန်း ၅၀ ကျော်၊ ငါးပေတစ်ခန်းကို သိန်း ၆၀ ကျော်အထိ အရောင်းအဝယ် ဖြစ်နေတယ်’ လို့ သိပ္ပံဈေး မှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။သိပ္ပံဈေး မှ မရောင်းချသေးတဲ့ ဆိုင်ခန်းပိုင်ရှင်တွေက ငါးပေတစ်ခန်းကို ကျပ်သိန်း ၈၀ ကနေ ၁၀၀ အထိ မျော်မှန်းထားပြီး လေးပေတစ်ခန်းကို ကျပ်သိန်း ၇၀ အထိ မျော်မှန်းထားတယ်လို့ သိရပါတယ်။‘ကျွန်တော်တို့ဆိုင်ရှင်တွေက ဈေးသစ်ဆောက်ပြီးရင် မြေညီထပ်မှာ ပေးမယ်လို့ ပြောတယ်၊ ပြီးတော့ ဆိုင်ရှင်အားလုံးကို မော်တင်ပလာဇာမှာလို ဟောကြီးထဲမှာ ထည့်ထားမှာလားဆိုတာ အားလုံးသိချင်နေတာ’ လို့ သိပ္ပံဈေး မှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။Source : Kumudra Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ