By 7daydaily, Shweproperty.com
Updated at 2 June 2016
မြန်မာကျပ်ငွေသည် ယခုနှစ်အတွက် အာရှဈေးကွက်၏ ထိပ် တန်းငွေကြေးယူနစ်တစ်ခုအဖြစ် စိတ်ဝင်စားခံလာရကြောင်း သိရ သည်။
မြန်မာကျပ်ငွေအပေါ် စိတ် ဝင်စားမှု မြင့်တက်လာခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာကောင်းများ ထင်ဟပ်နေခြင်းနှင့် တိုက်ရိုက်အချိုး ကျနေသည်။ နိုင်ငံတကာနှင့် ကင်းကွာကာ အထီးကျန်နိုင်ငံတစ်ခု သဖွယ် နှစ်ပေါင်းများစွာ ရပ်တည် ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ စီးပွား ရေးပြန်လည်ပွင့်လင်းလာသကဲ့ သို့ အရပ်သားအစိုးရတက်လာ ခြင်းများကြောင့် မြန်မာကျပ်ငွေ၏ တန်ဖိုးအပေါ် ကောင်းကျိုးများ သက်ရောက်လာသည်။
၂၀၁၂ နောက်ပိုင်း တန်ဖိုး သတ်မှတ်ချက်များအရ နှစ်စဉ် အကျဘက်သို့ ဦးတည်ခဲ့သော် လည်း မြန်မာကျပ်ငွေတန်ဖိုးသည်၁၀ ရာခိုင်နှုန်း ပြန်လည်မြင့်တက်လာသည်။ ထို့ကြောင့် နှစ်စဉ်တန်ဖိုး အနုတ်ပြခဲ့သော အခြေအနေမှငွေကြေးတန်ဖိုးမာသည့် အဆင့်ဘက်သို့ ပြန်လည်ကူးပြောင်းလာ သည်။ ယခုအခါ မြန်မာကျပ်ငွေ သည် ဂျပန်ယန်းငွေကို ကျော်တက်ကာ အာရှ၏ တန်ဖိုးတက် ရိပ်အပြဆုံး ငွေကြေးယူနစ်အဖြစ် ရပ်တည်လာခဲ့သည်။
မြန်မာနိုင်ငံတွင် GeneralElectric ကုမ္ပဏီ တာဝန်ခံအကြီး အကဲအဖြစ် တာဝန်ယူခဲ့ဖူးသည့် အန်ဒရူးလီက ကျပ်ငွေတန်ဖိုး ပြန်လည် မာကျောလာခြင်းက မိမိ၏ ဆုံးဖြတ်ရွေးချယ်မှု မှန်ကန်ခဲ့ ကြောင်း သက်သေပြနေသည်ဟု ဆိုသည်။ ငွေကြေးယူနစ် တန်ဖိုး အားကောင်းခြင်းသည် စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအ တွက် အလွန်အရေးကြီးသည့် အ ခြေခံလိုအပ်ချက်တစ်ခုဟုလည်း လီက ပြောကြားသည်။ ထိုအခြေအနေတွင် သွင်းကုန်များ၏ တန်ဖိုးကို လျှော့ချလာနိုင်ပြီး အစိုးရ၏ အခြေခံအဆောက်အအုံ တည် ဆောက်မှု စီမံကိန်းများတွင် ဒေါ် လာနှင့် လဲလှယ်ရာ၌လည်း အား သာချက် ပိုရှိလာမည်ဖြစ်သည်။
‘‘ကျပ်ငွေတန်ဖိုး ခိုင်မာလာခြင်းဟာ စီးပွားရေးတိုးတက်လာ ခြင်းရဲ့ သင်္ကေတတစ်ခုအဖြစ် အ သိအမှတ် ပြုရလိမ့်မယ်။ အစိုးရသစ်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလေးအနက် အကောင်းမြင် မျှော်လင့်ထားပါတယ်။ ပြီးတော့ ဒီနိုင်ငံရဲ့ အခြေခံ အဆောက်အအုံ လိုအပ်ချက် အပိုင်းမှာ လုပ်စရာတွေ အများကြီးကျန်နေသေးတာ ကိုလည်း သိထားတယ်’’ဟု လီက ပြောကြားသည်။
နိုင်ငံ၏ စီးပွားရေးတိုးတက် မှုသည် နိုင်ငံရေးကဏ္ဍနှင့်လည်း ဆက်နွှယ်နေရာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သား အစိုးရသစ် တက်လာခြင်းက မြန်မာ့စီးပွားရေးအပေါ် သက် ရောက်မှုများ ကြီးမားစွာရှိစေခဲ့ သည်။ ဖွဲ့စည်းပုံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့သော်လည်း အစိုးရသစ်ကို လက်တွေ့ကျကျ ဦးဆောင်သူအဖြစ် ပီပြင်စွာ ရပ်တည်နေသည်။ မြန်မာနိုင်ငံတွင် အစိုးရပိုင်း ပြောင်းလဲသွားခြင်းက မြန်မာ့စီး ပွားရေးအပေါ် ယုံကြည်မှုလည်း တိုးတက်လာစေခဲ့သည်။
အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာ့စီးပွားရေးသည် အိမ်နီးချင်း နိုင်ငံအားလုံးထက် လျင်မြန်စွာ ဖွံ့ဖြိုးလာပြီး ၂၀၁၆ နှင့် ၂၀၁၇ အစောပိုင်းတို့တွင် ၈ ရာခိုင်နှုန်း ပိုမိုတိုးတက်လာမည်ဟု ခန့်မှန်း ထားသည်။ လတ်တလောတွင် မြန်မာနိုင်ငံသည် စွမ်းအင်၊ သယ် ယူပို့ဆောင်ရေး၊ နည်းပညာပရော ဂျက်များအတွက် ၂၀၃၀ ပြည့်နှစ် ထိ ဒေါ်လာ ဘီလီယံ ၈၀ ဖိုးမျှ ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု တန်ဖိုးမှာလည်း ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကုန် ၌ ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံမှ ဒေါ်လာ ၉ ဒသမ ၄၈ ဘီလီယံထိ မြင့်တက်လာကြောင်း အစိုးရပိုင် သတင်းစာများ၏ ဖော်ပြချက်အ ရ သိရသည်။ ထို့အပြင် အမေရိ ကန်အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံလျှော့ချပေးခြင်းကလည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေဖွယ်ရှိသည်။
မြန်မာကျပ်ငွေသည် ၂၀၁၅ အတွင်းက ၂၁ ရာခိုင်နှုန်းထိ တန်ဖိုးကျခဲ့ရာ စံချိန်တင် တန်ဖိုးယုတ်လျော့မှုအဖြစ် တစ်ဒေါ်လာ လျှင် ၁,၃၄၄ ကျပ် ဖြစ်သွားခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ များနှင့်အတူ တရိပ်ရိပ်တန်ဖိုးပြန် တက်လာခြင်းဖြစ်သည်။
Ref : 7daydaily
Photo Credit : theaustralian
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ