By ဖြိုးမောင်မောင်, Shweproperty.com
Updated at 16 May 2012
မြန်မာနိုင်ငံကို နိုင်ငံတကာကဲ့သို့ အဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့ပြဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများကိုဆောင်ရွက်ရန် စင်ကာပူရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ထားကြောင်းသိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးဦးခင်မောင်မြင့်သည် မေ ၁ ရက်မှ ၄ ရက်အထိ စင်ကာပူနိုင်ငံသို့ လေးရက် ကြာခရီးစဉ်အဖြစ်သွားရောက်လည်ပတ်ပြီးအဆိုပါနိုင်ငံ၏ မြို့ပြစီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို လေ့လာခဲ့ကြောင်း၊ စင်ကာပူနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Khaw Boon Wan ၏ ဖိတ်ကြား ချက်အရ သွားရောက်လေ့လာခြင်းဖြစ်ပြီး မြို့ပြစီမံခန့်ခွဲရေးလုပ်ငန်းများတွင် မြန်မာ-စင်ကာပူပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို လေ့ လာဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ မြို့ပြဖွံ့ဖြိုးတိုးတက် ရေးအတွက် စင်ကာပူကုမ္ပဏီများ ရင်းနှီးမြုပ်နှံရန်အ ရေးတိုက်တွန်းခဲ့ပြီး မြို့ ပြဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ဒေသနှစ်ခုအကြောင်း ဆွေးနွေးခဲ့သည်။ ပထမဦးစွာ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်ရေးကို ဆွေးနွေးခဲ့သည်။ ဒုတိယအချက်အနေဖြင့် တန်ဖိုးနည်း အိမ်ရာများထူထောင်ရေးနှင့် Satellite မြို့ကြီး များပေါ်ပေါက်လာရေးအတွက် ဆွေးနွေးခဲ့သည်။ ဟိုတယ်၊ တိုက်ခန်းနှင့် အိမ်ရာစီမံကိန်း များတွင် ရင်းနှီးမြုပ်နှံမှု ကိုလည်းတိုက်တွန်းခဲ့သည်။ စင်ကာပူကုမ္ပဏီများသည် မြို့ပြဖွံ့ဖြိုး ရေးတွင် ကြီးမားသည့်အတွေ့အကြုံ ဗဟုသုတကို ပိုင်ဆိုင်ထားသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ကြိုဆိုရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားသည်။
အဆိုပါအစီအစဉ်အရ မြန်မာ-စင်ကာပူနှစ်နိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကိုလည်း အဆင့်မြင့်တင်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ယခုနှစ်ဆန်းစင်ကာပူခရီးစဉ်အပြီးတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံ၏တတိယအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံအဖြစ်ရပ် တည်လျက်ရှိပြီး စင်ကာပူကုမ္ပဏီ ၇၄ ခုသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ် လာ ၁ ဒသမ ၈ ဘီလျံဖိုးရင်းနှီး မြုပ်နှံထားကြောင်း သိရသည်။Source : MP
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ