By mmtimes, Shweproperty.com
Updated at 13 October 2014
မြဝတီစက်မှုဇုန်ရှိ မြေကွက်များအား လာမည့်နိုဝင်ဘာလတွင်စတင်ကာ ရင်းနှီးမြှုပ်နှံသူများသို့ ရောင်းချတော့ မည်ဖြစ်ကြောင်း ယင်းစီမံကိန်းကိုအကောင်အထည်ဖေါ်နေသည့် ညီနောင်ဦး ကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာ ဦးကျော်တင့်က မြန်မာတိုင်းမ်ကိုပြောသည်။
အဆိုပါ မြဝတီစက်မှုဇုန်အား မြန်မာ ထိုင်းနယ်စပ်နှင့် ၅မိုင်ဝန်းကျင်ခန့်အကွာအဝေးတွင်ရှိသော မြဝတီနယ် စပ်ကုန်သွယ်ရေးဇုန်အနီးရှိ မြေ၃၁၅ဧကခန့်တွင် အကောင်အထည်ဖေါ်နေခြင်းဖြစ် သည်။
"မြေတစ်ကွက်ကို အနည်းဆုံး နျစ်ဧကခွဲလောက်ရှိမယ်။ ပထမအဆင့်အနေနဲ့တော့ အကွက်၄၅ကွက်လောက် တော့ထွက်ပါလိမ့်မယ်။ မြေဈေးကလည်း မြဝတီကတစ်ခြားနေရာ တွထက် အများကြီးသက်သာမှာပါ။ လမ်းမတန်းကိုမှ တစ်ဧကကိုသိန်း၈၀၀လောက်ဖြစ်လိမ့်မယ်" ဟု ၎င်းကပြောသည်။
အဆိုပါစက်မှုဇုန်မြေကွက်များကို မြန်မာနိုင်ငံသားအပြင် ပြည်ပနိုင်ငံသားများကိုပါ သီးသန့်ဇုန် တစ်ခု သတ်မှတ်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လုပ်ကိုင်ခွင့်ပေးမည်ဖြစ်သော်လည်း တက်ဈေးမျှော်ကာမြေဝယ်မည့်သူများကို ရောင်းချမည် မဟုတ်ကြောင်း ဦးကျော်တင့်ကဆိုသည်။
"တကယ်အလုပ်လုပ်မဲ့သူကိုပဲမြေရောင်းမယ်။ ဈေးကစားမဲ့သူကိုတော့လုံးဝပဲ။ မြေဝယ်ပြီးအလုပ် မလုပ်ပဲ ဒီအတိုင်းအကြာကြီးထားထားရင် ကျွန်တော်တို့ကတော့မြေဖိုးပြန်အမ်းလိုက်မှာပဲ"ဟု မြန်မာတိုင်းမ်ကိုပြော သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌စက်မှုဇုန်စုစုပေါင်း ၂၅ဇုန်ကိုတည်ထောင်ထားပြီးဖြစ်ကာ ယင်းတို့ အနက်မှ ၁၉ဇုန်သည်ရန်ကုန်တိုင်းဒေသကြီးအတွင်းတည်ရှိသည်။ အစိုးရသစ်တက် လာပြီးနောက်\ စက်မှုဇုန်သစ် ၇ဇုန်အားထပ်မံတည်ထောင်မည်ဖြစ်ကြောင်း တရားဝင်ထုတ်ပြန် ကြေငြာထားပြီး ဖြစ်ကာ မြဝတီစက်မှုဇုန် သည်အဆိုပါဇုန် ၇ဇုန်အနက်မှတစ်ခုဖြစ်သည်။
မဝတီမြို့သည် ထိုင်းနိုင်ငံနှင့်အလွန်နီးကပ်သည့်နေရာတွင်တည်ရှိနေခြင်းကြောင်း ယင်းဒေသတွင် စက်မှုဇုန် တည်ထောင်ခြင်းဖြင့် ထိုင်းနိုင်ငံမှလုပ်ငန်းရှင်များကို မြန်မာနိုင်ငံရှိအခြားသောဒေသများမှ စက်မှုဇုန်များထက် ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကာ ဒေသတွင်းအလုပ်များသစ်များဖန်တီးရန်လည်း ရည်ရွယ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်တွင်ယမန်နှစ်ကပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
မြဝတီစက်မှုဇုန်တည်ထောင်ခြင်းဖြင့် မြဝတီမှတစ်ဆင့်ကပ်လျှက် ရှိသည့်ထိုင်းနိုင်ငံမဲဆောက်သို့ ကူးကာ ရွှေကပြောင်းလုပ်သားများအဖြစ်သွားရောက်လုပ်ကိုင်နေသော မြန်မာလုပ် သားများ အတွက် ပြည်တွင်း၌ပင်အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းသစ်များပေါ်လာနိုင်သည်ဟု စက်မှုဇုန် အကောင်အထည်ဖေါ်နေသည့် ကုမ္ပဏီမှတာဝန်ရှိသူကဆိုသည်။
အထက်ပါကဲ့သို့ မြန်မာနိုင်ငံတွင်စက်မှုဇုန်သစ်များကိုထုတ်ဖေါ်လျှက်ရှိသော်လည်း အချို့သော ဒေသများတွင် တည်ထောင်ထားပြီးဖြစ်သည့် စက်မှုဇုန်များတွင် အမှန်တကယ်လုပ်ငန်းဆောင် ရွက်နေ မှုနည်းပါးလျှက် ရှိသည်ဟု စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းကပြောသည်။
မော်လမြိုင်ဒေသခံကိုစိုးထွဋ်က"မော်လမြိုင်စက်မှုဇုန်မှာ လုပ်ငန်းလုပ်တာလည်းသိပ်မတွေ့ရပါဘူး။ အဓိက တော့လျှပ်စစ်မီးမရတာထင်ပါတယ်"ဟု ပြောသည်။
Ref : mm times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ