By myanmar property, Shweproperty.com
Updated at 6 June 2013
မြဝတီမြို့တွင် နယ်မြေအေးချမ်းလာမှုကြောင့် အိမ်၊ ခြံ၊ မြေဈေးများမှာ ယခင်နှစ်များထက် ထက်ဝက်ကျော်အထိ မြင့်တက်လာလျက်ရှိကြောင်း မြဝတီမြို့ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယခင်နှစ်များ၌ မြဝတီမြို့ အတွင်းပိုင်းရှိ ပေ ၄၀ x ၆၀ မြေကွက်များမှာ သိန်းလေးဆယ် ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအခါတွင် ၎င်းမြေကွက်များမှာ သိန်းတစ်ရာ ဝန်းကျင်အထိရှိပြီး ဝယ်ယူသူများမှာလည်း ယခင်နှစ်ထက် ပိုမိုများပြားလာလျက်ရှိကြောင်း ဒေသခံများက ပြောပြခဲ့သည်။
“ဒီနှစ်ပိုင်းအတွင်းမှာ နယ်မြေကလည်း အေးချမ်းလာပြီး လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းလာတယ်၊ ဒီတော့ စီးပွားရေးသမားတွေက မြေတွေဝယ်လာကြတယ်၊ ဒီမှာက ဈေးက ကြိုက်ရောင်း ကြိုက်ဝယ်ဆိုတော့ တစ်ရာတန်တဲ့ပစ္စည်းကို နှစ်ရာလောက်နဲ့ ရောင်းကြတယ်၊ ဒါကြောင့် မြေဈေးက ထက်ဝက်ကျော် မြင့်တက်လာတာပါ”ဟု မြဝတီမြို့ခံ ဦးအေးမင်းက ပြောသည်။
မြဝတီမြို့၌ အဓိကလမ်းမကြီးဖြစ်သော အာရှလမ်းမကြီးပေါ်ရှိ ပေ ၁၀၀ ပတ်လည် မြေကွက်များမှာ ကျပ်သိန်း နှစ်ထောင် ဝန်းကျင်အထိရှိပြီး အိမ်အပါ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း သုံးထောင့်ငါးရာဝန်းကျင်အထိ ရှိကြောင်း၊ ယခင်နှစ်များ၌ ၎င်းပေ ၁၀၀ ပတ်လည် မြေကွက်များမှာ ကျပ်သိန်းတစ်ထောင် ဝန်းကျင်သာ ရှိခဲ့ကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။
ယခုအခါတွင် မြဝတီမြို့မှာ ယခင်နှစ်များထက် ပိုမိုငြိမ်းချမ်းမှုရှိလာသည့်အပြင် လမ်းပန်းဆက်သွယ်ရေးမှာလည်း ယခင်နှစ်များထက်ပို၍အဆင်မြေ လွယ်ကူမှုရှိလာခြင်းကြောင့် ဝယ်ယူသူများ တိုးပွားလာလျက်ရှိကြောင်း၊ မြေကွက်များ ဝယ်ယူရာတွင်လည်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များထက် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များ အများဆုံးဝယ်ယူလာကြောင်း၊ ဝယ်ယူရာတွင်လည်း မြေကွက်ဈေးနှုန်းအား မြေပိုင်ရှင်များ၏ ကြိုက်ဈေးပေး၍ ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။
Ref : Myanmar Property
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ